spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ တွင် မီးလောင်မှုဖြစ်ပွား

    မော်လမြိုင်မြို့ တွင် မီးလောင်မှုဖြစ်ပွား

    -

    မီးငြိမ်းသတ်နေစဉ်(မွန်ပြည်နယ်အလင်း)
    မီးငြိမ်းသတ်နေစဉ်(မွန်ပြည်နယ်အလင်း)
    ခတ္တာနန်း – မွန်ပြည်နယ်၊မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ အမှတ် ၄ တံတားလမ်း၊ အောက်လမ်းမကြီးရှိ နေအိမ်ဆိုင်ခန်းတစ်ခု ယနေ့နံနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မော်လမြိုင်မြို့ မီးသတ်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    သူက “ဘာကြောင့် မီးလောင်တာဆိုတာကို မသိရသေးပါဘူး၊ မီးသတ်ကားတွေ သွားပြီး မီးငြိမ်းသတ်နေတုန်းပဲ ” ဟု ပြောသည်။

    မော်လမြိုင်မြို့ ၊ ပန်းကောင်းရွှေစင်မွေ့ယာဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်ကားများရောက်ရှိငြိမ်းသတ်ခဲ့ပြီးနောက် နံနက် ၁၁ နာရီကျော်ခန့်တွင် မီးငြိမ်းခဲ့ခြင်း ဖြစ်သည်။

    မီးငြိမ်းသတ်စဉ် လာရောက်ကြည့်ရှုနေသူတစ်ဦးက “မီးသတ်ကားလက်လှမ်းမီသလောက် အပြင်ကနေ ရေနဲ့ဖြန်းပက်နေတာကို ကျနော်တို့ကြည့်နေရတာ အားမရကြဘူး၊ တစ်ခုခုတော့ လိုနေသလိုလိုပဲ၊ အိမ်ပေါ်တက်ပြီး အနီးကပ်ငြိမ်းသတ်ဖို့က လှေကားတွေလည်း မလုံလောက်၊ ဒါနဲ့ မီးငြိမ်းဖို့အချိန် ကြာသွားတယ်” ဟု ပြောသည်။

    အဆိုပါ နေအိမ်ဆိုင်ခန်း၏ ဒုတိယ(အပေါ်)ထပ်တွင် မီးလောင်ကျွမ်းမှု အများဆုံးဖြစ်ပွားခဲ့သည်ဟု တွေ့ရှိသူများက ပြောသည်။

    အလားတူ ယမန်နေ့ညပိုင်းတွင်လည်း ရန်ကုန်မြို့ သိမ်ကြီးဈေး D ရုံ လေးလွှာရှိ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ဖြန့်ဖြူးရာ စတိုခန်းတစ်ခုတွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့သည်။

    မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ၉ လအတွင်း နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်မှု စုစုပေါင်း ၁၃၃၉ ကြိမ် ဖြစ်ပွားခဲ့သည့်အတွက် ၃ နှစ်ကာလအတွင်း မီးလောင်မှုအများဆုံးဖြစ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks