spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းယခုနှစ် မွန်ပြည်နယ် ဆိုကရေးတီး ပြိုင်ပွဲဝင်သူ လျော့နည်း

    ယခုနှစ် မွန်ပြည်နယ် ဆိုကရေးတီး ပြိုင်ပွဲဝင်သူ လျော့နည်း

    -

    ခတ္တာနန်း – အကြိမ် (၂၀) မြောက် မွန်ပြည်နယ်၊မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတစ်ရပ်ကို မော်လမြိုင်မြို့တွင်ကျင်းပခဲ့ရာ ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူလျော့နည်းသွားကြောင်း အကဲဖြတ်ဒိုင်လူကြီး ဆရာနိုင်ထောပိုင်က ပြောသည်။

    မွန်မိကျောင်းတူရိယာပြိုင်နေစဉ်( မိမိုးမိုး)
    မွန်မိကျောင်းတူရိယာပြိုင်နေစဉ်( မိမိုးမိုး)
    ၂၀၁၃ ခုနှစ် အကြိမ် (၂၀) မြောက် မွန်ပြည်နယ်၊ ဆိုကရေးတီး ပြိုင်ပွဲကို ယခုလ ၁၀ – ၁၂ ရက်နေ့အထိ မော်လမြိုင်မြို့ ၊အမှတ် ၅ အထကနှင့် ပြည်နယ်ခန်းမတို့၌ ၃ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ အခန်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

    နိုင်ထောပိုင်က “ဒီနှစ်မှာပြိုင်ပွဲကဏ္ဍတွေလည်း နည်းတယ်၊ ပြင်ဆင်မှုတွေ သိပ်မရလိုက်ကြဘူး၊ တစ်ချို့ဆိုရင် စာရင်းသွင်းပြီး မလာနိုင်တဲ့အထိပဲ” ဟု ပြောသည်။

    အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်ကိုယ်စား ယခင်နှစ်စဉ်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော်လည်း ယခုနှစ်တွင်မူ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့ မှ ဝင်ရောက်ယှဉ်ပြိုင်မှု မရှိခဲ့ပေ။

    “လွန်ခဲ့တဲ့နှစ်ကဆိုရင် ပထမရတဲ့ မွန်ယဉ်ကျေးမှုယိမ်းအဖွဲ့ကို နေပြည်တော်မှာကျင်းပတဲ့ ဆိုကရေးတီး ဖွင့်ပွဲမှ ဖျော်ဖြေပေးရတယ်၊ ဒီနှစ်တော့ ဆီးဂိမ်းလ်ပွဲလည်းရှိတော့ နေပြည်တော်မှာ ဆိုကရေတီးလုပ်ဖြစ်မှာမဟုတ်တော့ဘူး” ဟု နိုင်ထောပိုင်က ပြောသည်။

    ဆိုကရေးတီးပြိုင်ပွဲပထမရက်နေ့တွင် မြန်မာကဏ္ဍကိုလည်းကောင်း၊ ဒုတိယရက်နေ့တွင် မွန်တိုင်းရင်းသားကဏ္ဍများယှဉ်ပြိုင်ကြပြီး နောက်ဆုံးရက်နေ့တွင် ဆုပေးပွဲ အခန်းအနားကို ပြည်နယ်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

    “မွန်တူရိယာတွေထဲမှာ မိကျောင်းနဲ့ တယောပဲပြိုင်တယ်၊ လခြမ်းတူရိယာနဲ့ နှဲကို ပြိုင်တဲ့လူ မရှိတော့ဘူး၊ တယောမှာလည်း တစ်ယောက်ပဲလာပြိုင်တော့ အထူးဆုပေးလိုက်ရတယ်” ဟု အတီးပြိုင်ပွဲစည်းဝါးတီးခတ်သူ မိမိုးမိုးက ပြောသည်။

    မိကျောင်းတူရိယာပြိုင်ပွဲတွင် ပထမ နိုင်မြဝင်း(ကျိုက်မရောမြို့နယ်)၊ ဒုတိယ မင်းစိုက်လွန်(မုဒုံမြို့နယ်)၊ တတိယ မင်းစိုက်လွန်ချမ်း(မော်လမြိုင်မြို့နယ်)၊ မွန်ယိမ်းအဖွဲ့အကပြိုင်ပွဲ၌ ပထမ မုဒုံမြို့နယ်၊ ဒုတိယ သံဖြူဇရပ်မြို့နယ်၊ တတိယ ရေးမြို့နယ်တို့ ဆုအသီးသီး ရရှိခဲ့ကြသည်။

    မြန်မာဆိုကရေးတီးပြိုင်ပွဲများကျင်းပခဲ့ရာတွင် တိုင်းရင်းသားကဏ္ဍများကို သက်ဆိုင်ရာပြည်နယ်အလိုက် ယမန်နှစ်မှစတင်၍ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိခဲ့သဖြင့် မွန်အဆိုအကအရေးအတီးပြိုင်ပွဲများကို ထည့်သွင်းလာခြင်း ဖြစ်သည်။

    အဆိုပါ ဆိုကရေးတီအခမ်းအနားဖွင့်ပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က မိမိတို့ အစိုးရသစ်ရဲ့ ချမှတ်ထားတဲ့ ဆုံဖြတ်ချက်အတိုင်း နှစ်စဉ် ပြည်နယ်အဆင့် တိုင်းရင်းသားယဉ်ကျေးမှုဆိုကရေးတီး ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မိမိတို့ ယဉ်ကျေးမှုကို မိမိတို့သာလျှင် ထိမ်းသိမ်းသင့်သည်ဟု ပြောကြားခဲ့သည်။

    မဆလအစိုးရလက်ထက်တွင် မွန်ပြည်နယ်အားအသိအမှတ်ပြုသတ်မှတ်ခံရပြီးနောက် ၁၉၇၅ ခုနှစ်မှစတင်၍ မွန်တိုင်းရင်းသား ဆိုကရေးတီးပြိုင်ပွဲများကို မတ်လ ၁၉ ရက်နေ့ရောက်တိုင်း နှစ်စဉ် မွန်ပြည်နယ်နေ့ပွဲတော်များကို မော်လမြိုင်မြို့ မိုင်ဒါကွင်း၌ ၁၉၈၈ ခုနှစ်အထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်ဟု မွန်ဂီတအနုပညာသမားများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks