spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းလိမ်လည်ခေါ်ဆောင်သွားခံရသည့် ၁၁ နှစ်အရွယ်မွန်ကျောင်းသူ ဖခင်အရင်းထံရောက်ရှိနေ

    လိမ်လည်ခေါ်ဆောင်သွားခံရသည့် ၁၁ နှစ်အရွယ်မွန်ကျောင်းသူ ဖခင်အရင်းထံရောက်ရှိနေ

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျုံကရုတ်ကျေးရွာမှ လိမ်လည်ခေါ်ဆောင်သွားခံရသည့် ၁၁ နှစ်အရွယ်မွန်ကျောင်းသူ မိအောင်မွန်ချမ်းသည် ယခုအခါသူမ၏ ဖခင်နှင့်အတူ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာတွင် ရောက်ရှိနေကြောင်း သိရသည်။

    မွန်ကျောင်းသူ မိအောင်မွန်ချမ်း(အလယ်လူ) (photo - Facebook kao chan)
    မွန်ကျောင်းသူ မိအောင်မွန်ချမ်း(အလယ်လူ) (photo – Facebook kao chan)
    မိအောင်မွန်ချမ်းသည် လွန်ခဲ့သော စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျောင်းတက်နေစဉ် အမည်မသိ မျက်နှာစိမ်းအမျိုးသား ၂ ဦးမှ လိမ်လည်လှည့်ဖြား၍ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    သို့ရာတွင် ထိုသို့ ခေါ်ဆောင်သွားသူ ၂ ဦအနက် တစ်ဦးမှာ သူမ၏ ဖခင်အရင်းဖြစ်သူ နိုင်ပိုင်ထူးဖြစ်ပြီး ကျန်တစ်ဦးမှာ နိုင်ပိုင်ထူး၏အဖေါ်ဖြစ်ကြောင်း သိရသည်။

    မိအောင်မွန်ချမ်း၏ မွေးစားမိခင်၏ မောင်ဖြစ်သူက “ ဒီလိုကျောင်းကနေ ခေါ်သွားတာတော့ မကောင်းဘူးပေါ့၊ ကျနောတို့အုပ်ထိမ်းသူတွေကတဆင့် အသိပေးခေါ်သွားရင် ကျနော်တို့အနေနဲ့ ခွင့်ပြုပြီးသားပါ၊ ဘာပဲဖြစ်ဖြစ် ကလေးဘာမှအန္တရာယ်မဖြစ်တာက ကံကောင်းလှပါပြီး” ဟုပြောသည်။

    လွန်ခဲ့သည့် ၃ နှစ်ခန့်က မိအောင်မွန်ချမ်း၏ မိဘနှစ်ပါးလင်းမယားကွာရှင်းခဲ့ကြသဖြင့် မိခင်ဖြစ်သူက နိုင်ညွန့်၊ မိညစ်တို့ထံ မွေးစားသမီးအဖြစ် အပြီးအပိုင်အပ်နှံခဲ့ကြောင်း သိရသည်။

    ထို့နောက် မိအောင်မွန်ချမ်း၏ မိခင်ဖြစ်သူမကွယ်လွန်မီ လွန်ခဲ့သည့်လက ယင်းကဲ့သို့မွေးစားသမီးအဖြစ် အပ်နှံပေးအပ်ခဲ့သည့်အကြောင်း ကျန်ရစ်သူမိသားစုကို ပြန်ပြောပြရာမှ ဖခင်အရင်းဖြစ်သူက သမီးဖြစ်သူကို ခြေရာခံရှာဖွေနိုင်ခဲ့ခြင်း ဖြစ်သည်။

    ကလေးဖခင်ဖြစ်သူ နိုင်ပိုင်ထူးမှာ မိမိကိစ္စရပ်များကို မိမိသာလျှင် ဖြေရှင်းလိုကြောင်း၊ သတင်းဌာနများ မေးမြန်ချက်ကို မဖြေကြားလိုကြောင်း ၎င်းနှင့် နီးစပ်သူ ဂျပန်ရေတွင်းရွာနေ မိချိုက ပြောသည်။

    မိအောင်မွန်ချမ်း ပျောက်ဆုံးသွားသည့် ကိစ္စရပ်နှင့် ပတ်သက်၍လည်း သံဖြူဇရပ်မြို့ ရဲစခန်းနှင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးများတွင် အသိပေးတိုင်ကြားထားကြောင်းနှင့် သတင်းစာများတွင်လည်း ကလေးပျောက်ကြေညာထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks