Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီပေါင်းစည်းရေးအခြေအနေကောင်းလာသည်ဟုဆို

    မွန်နှစ်ပါတီပေါင်းစည်းရေးအခြေအနေကောင်းလာသည်ဟုဆို

    -

    မင်းလုံး – စက်တင်ဘာလ ၃၀ ရက်နေ့ကကျင်းပပြီးစီးခဲ့သော မွန်အမျိုးသားကွန်ဖရင့်တွင် မွန်နှစ်ပါတီပေါင်းစည်း ရေးကိစ္စနှင့်ပတ်သက်ပြီး အနည်းငယ်မျှသာ ဆွေးနွေးဖြစ်ခဲ့ကြသော်လည်း မွန်သံဃာတော်များနှင့် မွန်လူ ထုတစ်မျိုးသားလုံး၏ ဆန္ဒအရ မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ဆက်လက်ညှိနှိုင်းသွားရမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေဒီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်နှစ်ပါတီဥက္ကဌများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ မွန်မျိုးသားကွန်ဖရင့်တွင်တွေ့ဆုံနှုတ်ဆက်နေကြစဉ်
    မွန်နှစ်ပါတီဥက္ကဌများနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်တို့ မွန်မျိုးသားကွန်ဖရင့်တွင်တွေ့ဆုံနှုတ်ဆက်နေကြစဉ်
    သူက “မွန်လူမျိုးထဲမှာ နှစ်ပါတီဖြစ်နေတာကို တစ်ပါတီတည်းဖြစ်စေချင်တာက ကျနော်တို့ကလည်း လို လားကြတာပဲ၊ ပါတီနှစ်ခုလုံးရဲ့ ရည်ရွယ်ချက်တွေဖြစ်တဲ့ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ဖက်ဒ ရယ်ပြည်ထောင်စု တွေတော့တူကြတာပေါ့၊ ဒါပေမယ့် လုပ်ထုံးလုပ်နည်းတွေကွားခြားကြတာ ရှိပါတယ်၊ ဒါ တွေကိုတဖြည်းဖြည်းချင်းညှိနှိုင်းသွားမယ်ဆိုရင် ပေါင်းစည်းရေးအခြေအနေကောင်း လာနိုင်မယ်” ဟု ပြောသည်။

    မွန်ဒီမိုကရေဒီပါတီတွဲဖက်အတွင်းရေးမှူး(၁)ဒေါက်တာမင်းကြည်ဝင်း ကလည်း “မွန်နှစ်ပါတီပေါင်း စည်းရေးနှင့်ပတ်သက်ပြီး အမျိုးသားကွန်ဖရင့်မှာအထွေအထူး ဆွေးနွေးခဲ့ကြတာမရှိပါဘူး ဒါပေမဲ့ ကွန်ဖရင့် မကျင်းပခင်တုန်းက ကျနော်တို့မွန်နှစ်ပါတီနဲ့ မွန်သံဃာတော်များ၏ နှစ်ပါတီပေါင်းစည်းရေး အဖွဲ့ ့တို့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ကြတယ်”ဟု ပြောသည်။

    ယင်းသံဃာတော်များနှင့် မွနှ်နှစ်ပါတီမှခေါင်ဆာင်များတို့၏ ဆွေးနွေးပွဲတွင် ပါတီပေါင်းစည်းရေးအ တွက် AMDP ပါတီက နောက် ၃ လကြာလျှင်အကြောင်းပြန်မည်ဖြစ်သည့်အတွက် မွန်သံဃာတော်များနှင့် မွန်လူထုများက စောင့်ကြည့်နေသည်ဟု ဒေါက်တာမင်းကြည်ဝင်း ပြောသည်။

    မွန်သံဃာတော်များ၏ပါတီညီညွတ်ရေးတည်ဆောက်ရေးအဖွဲ့သည် (၁)မွန်နိုင်ငံရေးတစ်ပါတီတည်းနှင့်တစ်သံတည်းဖြစ်လာရန်၊(၂)မွန်အမျိုးသားရေးအခွင့်အရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားရန်ဖြစ်သည်ဟု မွန်သံဃာ့အဖွဲ့ဝင် မွန်အသျှင်နိုင်ပုပ္ဖ ကပြောသည်။

    ဦးပဉ္ဇင်းပုပ္ဖက “ဦးပဉ္ဇင်းတို့ရဲ့မူက မွန်နှစ်ပါတီလုံးကိုအခြေခံပြီးဆက်လက်ညှိနှိုင်းသွားဖို့ပါပဲ၊ မနှစ်က ၄ လပိုင်း ၁၉ ရက်နေ့မှာ မွန်နှစ်ပါတီနဲ့ဦးပဉ္ဇင်းတို့ဆွေးနွေးခဲ့ကြပြီး ပေါင်းစည်းဖို့သဘောတူညီ ချက်ရခဲ့တယ်၊ အဲဒီသဘောတူညီချက်တွေအရ တစ်လတစ်ခါ တွေ့ဆုံဆွေးနွေးခဲ့ကြတာအခု ၁၈ ကြိမ်ရှိသွားပြီ” ဟု ဆက်ပြောသည်။
    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ၂၀၁၀ တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသည့်အတွက် မွန်နိုင်ငံရေးခေါင်ဆောင်အချို့က AMDP ဟု မှတ်ပုံတင်ကာ မွန်ကိုယ်စားပြုပါတီတစ်ရပ်ပေါ်ထွန်းလာပြီးနောက် ၂၀၁၁ ခုနှစ်တွင် MNDF ပါတီက MDP ဟု အမည်ပြောင်းမှတ်ပုံတင်လိုက်ခြင်းကြောင့် မွန်နိုင်ငံရေးနှစ်ပါတီဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks