spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းပထမဆုံးအကြိမ် မြန်မာနိုင်ငံအမျိုးသမီးဖိုရမ်ဆွေးနွေးပွဲကျင်းပပြီးစီး

    ပထမဆုံးအကြိမ် မြန်မာနိုင်ငံအမျိုးသမီးဖိုရမ်ဆွေးနွေးပွဲကျင်းပပြီးစီး

    -

    ခတ္တာနန်း – မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ရက် WON နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့ ပူပေါင်း၍ ၃ ရက်ကြာ ပထမဆုံးအကြိမ် အမျိုးသမီးဖိုရမ်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မွန်ဒီမိုကရေစီပါတီအဖွဲ့ကိုယ်စားလှယ် မိစုက ပြောသည်။

    မြန်မာနိုင်ငံအမျိုးသမီးဖိုရမ်ဆွေးနွေးပွဲPhoto -Eaint Khaine Facebook)
    မြန်မာနိုင်ငံအမျိုးသမီးဖိုရမ်ဆွေးနွေးပွဲPhoto -Eaint Khaine Facebook)
    မိစုက “ အဖမ်းခံထားရတဲ့ အမျိုးသမီးလှုပ်ရှားသူ ဒေါ်နော်အုံးလှရယ်၊ ဒေါ်ခင်မိမိခင်နဲ့ ဒေါ်မြင့်မြင့်အေးတို့ကို လွှတ်ပေးဖို့အတွက်ကို လက်မှတ်ရေးထိုးပြီး သမ္မတဆီကို စာတင်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်” ဟု ပြောသည်။

    ဆွေးနွေးပွဲတွင် မွန်ဒီမိုကရေစီပါတီ ကိုယ်စားလှယ်အနေဖြင့် ဖက်ဒရယ်ဆိုသည်မှာ ခွဲထွက်ရန်မဟုတ်သည်ကို ပြည်သူလူထုအား ထပ်မံရှင်းပြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအခွင့်အရေးအပြည်အဝရရှိရန်နှင့် နိုင်ငံရေး အခန်ဏ္ဍတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ရေး အခြေခံဥပဒေတွင်ပြဌာန်းပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း မိစုက ဆက်ပြောသည်။

    ထို့အပြင် အမျိုးသမီးများအားကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ ပါဝင်လာရေး၊ ကျားမတန်းတူရေး၊ အရေးကြီးသည့်ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမျိုးသမီးများ ပါဝင်စေရေး အချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

    ရန်ကုန်မြို့ရှိ Excel Tower ၌ မြန်မာနိုင်ငံအမျိုးသမီးဖိုရမ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသများတွင် လှုပ်ရှားနေကြသည့် အမျိုးသမီးအဖွဲ့အစည်းများ၊ တိုင်းရင်းသား အမျိုးသမီးအဖွဲ့အစည်းများ နှင့် နိုင်ငံရေးပါတီအသီးသီးမှအမျိုးသမီးခေါင်းဆောင်များ ၄၀ဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။

    မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့များကွန်ယက် ( WON) သည် ၂၀ဝ၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၃၀ ဖွဲ့ခန့်ရှိပြီး ဖြစ်သည်။

    ထိုင်းနိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB သည် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks