Monday, March 16, 2026
More
    spot_img
    Homeသတင်းထမံသီရေကာတာပြောင်းရွှေ့ခံသူများအတွက် နစ်နာကြေးများတောင်းဆို

    ထမံသီရေကာတာပြောင်းရွှေ့ခံသူများအတွက် နစ်နာကြေးများတောင်းဆို

    -

    ခတ္တာနန်း – ချင်းပြည်နယ်၊ ထမံသီရေအားလျှပ်စစ်စီမံကိန်းကြောင့် အတင်းအဓမ္မ ပြောင်းရွှေ့ခံရသည့် ပြည်သူတို့၏ ဆုံးရှုံးနစ်နာမှုများအတွက် မြန်မာနှင့်အိန္ဒိယအစိုးရများထံမှ နစ်နာကြေးရရှိရန် တောင်းဆိုသွားမည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေး အစည်းအရုံး KWHRO က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ချင်းတွင်းမြစ်ပေါ်တည်ဆောက်ရန်ရည်ရွယ်ထားသည့် ထမံသီ ရေကာတာစီမံကိန်း ရပ်တံ့သွားသော်လည်း အတင်းအဓမ္မပြောင်းရွှေ့ခံရသည့် အိမ်ခြေပေါင်း ၃၀ဝ ကျော်နှင့် ဆုံးရှုံးသွားသည့် လယ်မြေများနှင့် နေအိမ်များအတွက် ထိုက်တန်သည့်နစ်နာကြေးရရှိရန် တောင်းဆိုသွားမည်ဟု ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေး အစည်းအရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ဘွိုင်နူးက ပြောသည်။

    ဒေါ်ဘွိုင်နူးက “ရေကာတာ ဆောက်ဖို့မောင်းထုတ်ခံရတဲ့ ရွာသူ/သားတွေရဲ့ ပိုင်ဆိုင်မှုတွေအတွက် ထိုက်တန်တဲ့လျှော်ကြေးကို မရခဲ့ပါဘူး၊ အဲဒီအချိန်တုန်းကဆိုရင် နိုင်ငံရေးအခြေအနေက အခုလိုမဟုတ်တော့ ရွာသားတွေကလည်း မပြောဆိုရဲခဲ့ဘူး” ဟု ပြောသည်။

    စတင်ပြောင်းရွှေ့ခံရသည့် ၂၀ဝ၇ ခုနှစ်မှစ၍ ဖျက်ဆီးခံခဲ့ရသည့် ဒေသခံတို့၏ လယ်ယာမြေများ၊ အသီးအနှံများ၊ လက်ဖက်၊ ဝါခင်း၊ ငှက်ပျောစသည့် စိုက်ပျိုးမြေ (၁၄၀ဝ) ဧကကျော်အတွက် ထိုက်တန်သည့် လျှော်ကြေးငွေတန်းဖိုးရရှိသည့်အထိ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေါ်ဘွိုင်းနူက ဆက်ပြောသည်။

    ထိုသို့ နစ်နာကြေးတောင်းဆိုရန်အတွက် ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးမှ ပြောင်းရွှေခံရသည့်မိသားစုများထံတွင် လက်မှတ်ရေးထိုးကောက်ယူခဲ့ပြီး ယင်းတောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးနှင့် အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

    ဒေါ်ဘွိုင်းနူက “ ပြောင်းရွှေ့ခံရတဲ့ မိသားစုက ၃၀ဝ ကျော်တယ်၊ ဒါပေမဲ့ တစ်ချို့မိသားစုတွေက တခြားနယ် ဒေသတွေကို ပြောင်းသွားတော့ ကျမတို့ လက်မှတ်ကောက်လို့ မရနိုင်တော့ဘူး” ဟု ဆက်ပြောသည်။

    ပြောင်းရွှေ့ခံရစဉ်တွင် ဖျက်ဆီးခံလယ်မြေနှင့် နေအိမ်များအတွက် မိသားစုတစ်စုလျှင် လျှော်ကြေးငွေ ငါးထောင် (၅၀ဝ၀)ကျပ်သာ ရရှိခဲ့သည်ဟု ဆိုသည်။

    ထမံသီရေကာတာစီမံကိန်းသည် ၂၀ဝ၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အိန္ဒိယအစိုးတို့ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

    သဘာပတ်ဝန်းကျင်ထိခိုက်မှု တောင်းဆိုချက်များကြောင့် ၂၀၁၃ ခုနှစ် ဇွန်လတွင် အိန္ဒိယအစိုးရက ယင်းစီမံကိန်းကို လုံးဝရပ်တန့်လိုက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks