spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီကိုယ်စားလှယ် နော်ဝေးရွေးကောက်ပွဲသွားရောက်လေ့လာ

    မွန်နှစ်ပါတီကိုယ်စားလှယ် နော်ဝေးရွေးကောက်ပွဲသွားရောက်လေ့လာ

    -

    ခတ္တာနန်း – မွန်ဒီမိုကရေစီပါတီအထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင် မင်းဝဏ္ဏကြီးတို့သည် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျင်းပပြီးစီးခဲ့သော နော်ဝေးနိုင်ငံရွေးကောက်ပွဲသို့ သွားရောက်လေ့လာလျှက်ရှိသည်။

    Norwegian Burma Committee အစီအစဉ်ဖြင့် မွန်ပါတီကိုယ်စားလှယ်များအပြင် NLD လူငယ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ဗကသကျောင်းသား ကိုယ်စားလှယ်များ စုစုပေါင်း ၁၄ ဦးခန့် သွားရောက်လေ့လာခဲ့သည်ဟု သိရသည်။

    မင်းဝဏ္ဏကြီးက “ နော်ဝေးက မဲပေးစနစ်နဲ့ မြန်မာပြည်က မဲပေးစနစ်က လုံးဝကိုကွဲပြားတယ်၊ ကျနော်တို့နိုင်ငံ လိုက်မှီဖို့အတွက် အများကြီးလုပ်ရအုံးမှာပါ၊ နော်ဝေးမှာက PR စနစ်ကိုကျင့်သုံးတယ်၊ ထူးခြားတာက ဒီနှစ်မှာ ၂၀၂၂ ရဲ့ အိုလံပစ် မဲဆန္ဒခံယူပွဲကိုပါ မဲထည့်ကြတယ်” ဟု ပြောသည်။

    ယခုကျင်းပခဲ့သော နော်ဝေးနိုင်ငံရွေးကောက်ပွဲတွင် ဗဟိုမှလကျာ်ယိမ်းပါတီ Centre-right parties က ၈ နှစ်ကြာ ပါတီမာန်ကိုအုပ်စိုးခဲ့သော The Labour Party အား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    ယင်းနော်ဝေးရွေးကောက်ပွဲလေ့လာသူများသည် စက်တင်ဘာ ၈ ရက်နေ့တွင် နော်ဝေးနိုင်ငံ Ministry of Local Government ၌ နော်ဝေးနိုင်ငံ အခြေခံဥပဒေ အကြောင်း၊ Peace and Reassess ဌာနတွင် ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးအကြောင်းများနှင့် ညနေပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းသားများနှင့် မွန်တိုင်းရင်းသားအကြောင်း Debate အစီအစဉ်များကို ပြုလုပ်ခဲ့သည်။

    ထို့အပြင် နော်ဝေးရောက် မွန်တိုင်းရင်းသားများကလည်း မွန်ပါတီကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းနှင့် မင်းဝဏ္ဏကြီးတို့အား စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် ကြိုဆိုပွဲအခန်းအနားတစ်ရပ် ကျင်းပခဲ့သည်။

    အခမ်းအနားတက်ရောက်သူ မင်းချမ်းမွန်းက “ သူတို့ကရွေးကောက်ပွဲလေ့လာရေးဆိုပေမယ့် ကျနော်တို့က မွန် ၂ ပါတီပေါင်းစည်းရေးကို အဓိကထားမေးမြန်းကြတယ်၊ ၂၀၁၄ မှာပေါင်းဖြစ်မယ်ဆိုတော့ ကျေနပ်မိပါတယ်” ဟု ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် ရွေးကောက်ပွဲမဝင် မွန်ဒီမိုကရေစီပါတီရှိသည့်အတွက် မွန်၂ ပါတီဖြစ်ရှိနေပြီး ညီညွတ်သောမွန်ပါတီတစ်ရပ်ဖြစ်ပေါ်ရေးအား ရဟန်းသံဃာတော်များအပါအဝင် မွန်လူထုတစ်ရပ်လုံးက တောင်းဆိုလျှက်ရှိကြသည်။

    ဒေါက်တာမင်းစိုးလင်းက “ မွန် ၂ တီပေါင်းစည်းရေးလိုလားသူအားလုံးကြိုးပမ်းနေကြတယ်၊ ၂၀၁၄ ခုဒီဇင်ဘာလ နောက်ဆုံးထားပြီး ပေါင်းဖို့သဘောတူညီထားပြီးသား၊ အခြေအနေအကြောင်းကြောင်းကြောင့် မပေါင်းဖြစ်ခဲ့ရင်လည်း လာမယ့်ရွေးကောက်ပွဲကိုဝင်နိုင်ဖို့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်” ဟု ပြောသည်။

    ပါလီမန်ဒီမိုကရေစီခေတ် ၁၉၆၀ ခုနှစ်ရွေးကောက်ပွဲတွင် မွန် ၃ ပါတီရှိသည့်အနက် မဲဆန္ဒနယ်မြေခွဲဝေ၍ ရွေးကောက်ပွဲဝင်ရောက်ခဲ့သည့် သာဓကကိုထောက်ပြခဲ့သည်။

    အဆိုပါနော်ဝေးနိုင်ငံသို့ရောက်ရှိနေသော လေ့လာရေးအဖွဲ့သည် ဖက်ဒရယ်နှင့်ပတ်သက်၍ ဂျာမဏီနိုင်ငံသို့ မကြာမီရက်ပိုင်းတွင် ခရီးဆက်လက်ထွက်ခွာမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks