Friday, March 13, 2026
More
    spot_img
    Homeသတင်းမြဝတီတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်ထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ

    မြဝတီတွင် ဒီကေဘီအေတပ်ဖွဲ့ဝင်ထံမှမူးယစ်ဆေးဝါးဖမ်းဆီးရမိ

    -

    မင်းသုတ – ကရင်ပြည်နယ်၊ မြဝတီမြို့ ဂိမ်းဆိုင်တစ်ခု၌ ဒီကေဘီအေတပ်ဖွဲ့ဝင်တစ်ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၁၅ ပြားများကို စက်တင်္ဘာ ၄ ရက်နေ့တွင် ဖမ်းဆီးရမိသည်ဟု မူးယစ်(အထူး)ရဲတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရသူ အောင်နိုင်စိုး(Facebook)
    ဖမ်းဆီးခံရသူ အောင်နိုင်စိုး(Facebook)
    မြဝတီခရိုင်ရဲ၊ မူးယစ်(အထူး) ၊ မြို့မစခန်းမှ တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ ပြည်သာယာလမ်းရှိ ဦးဇော်ဝင်းရှိန် နေအိမ်ဂိမ်းဆိုင်ကို ထိုနေ့မွန်းလွဲပိုင်းတွင် ရှောင်တခင်ဝင်ရောက်ရှာဖွေရာ ဒီကေဘီအေတပ်ကြပ်ကြီး အောင်နိုင်စိုး၏ ဘောင်းဘီတိုအိပ်ကပ်ထဲမှ ယင်း WY စာတမ်းပါဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့က စီမံချက်အရ ဂိမ်းဆိုင်တွေလိုက်ဖမ်းရင်း မူးယစ်ဆေးပြားတွေပါ မိခဲ့တာပါ၊ သေနတ်ငယ်တစ်လက်နဲ့ကျည်ဆံတွေပါ မိခဲ့တယ်” ဟု အဆိုပါ မူးယစ်(အထူး)ရဲက ပြောသည်။

    မူးယစ်ဆေးပြားများအပြင် ဒဿမ ၂၂ ပစ္စတိုတစ်လက်နှင့်ကျည် ၁၇ တောင့်ကို ဖမ်းဆီးရမိသဖြင့် ယင်းဒီကေဘီအေတပ်ဖွဲ့ဝင်အား မြဝတီမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ဆိုသည်။

    ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီ ဒီကေဘီအေ ဆက်ဆံရေးရုံးအား ဆက်သွယ်သော်လည်း တာဝန်ခံ ဖြေကြားခြင်းမရှိပေ။

    အလားတူ ယခုလ ၁ ရက်နေ့တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာနေ မချဂေနှင့် အစ်ကိုဖြစ်သူ တူဝေါတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား(၂၁၅)ပြား သိမ်းဆည်းရမိခဲ့သဖြင့် သင်္ဃန်းညီနောင်နယ်မြေရဲစခန်း မယ(ပ)၁၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲဇာနည်လူမှုကွန်ယက်တွင် ဖေါ်ပြသည်။

    ယခုလပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိသည့်သတင်းများ နေစဉ်ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖ္မွဲ့ လူမှုကွန်ယက်သတင်းဖေါ်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks