spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမလေးရှားရောက်မြန်မာအလုပ်သမားများ နေရပ်ပြန်အခက်အခဲဖြစ်

    မလေးရှားရောက်မြန်မာအလုပ်သမားများ နေရပ်ပြန်အခက်အခဲဖြစ်

    -

    အေမီအောင် – မလေးရှားနိုင်ငံမှ လက်ရှိတရားမဝင်လုပ်သားများဖမ်းဆီးနေချိန်တွင် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားအလုပ်သမားများ အခက်ခဲဖြစ်နေသည်ဟု သိရသည်။

    မလေးရှားတွင်ဖမ်းဆီးနေမှု(internet)
    မလေးရှားတွင်ဖမ်းဆီးနေမှု(internet)
    အဆိုပါနေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို မလေးရှားနာရေးကူညီမှုအဖွဲ့နှင့် ပရီးမီးယားကော်ဖီမစ်ကုမ္မဏီတို့ ပူပေါင်း၍ အခမဲ့ပို့ဆောင်ပေးမည်ဟု မလေးရှားနာရေးကူညီမှုအဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းကပြောသည်။

    ဦးစိန်ဝင်းက “ ပရီးမီးယားကော်ဖီမစ်က လေယာဉ်လက်မှတ် ၅၀ဝ ဦးအတွက်လှူထားပေမဲ့ သံရုံးက လုပ်ပိုင်ခွင့်ပိတ်ထားတော့ ကျနော်တို့အစီအစဉ်ခဏရပ်ဆိုင်းထားရတယ်”ဟု သူကပြောသည်။

    ယနေ့နောက်ဆုံးသတင်းအရ ဖမ်းမိထားသော မြန်မာနိုင်ငံသားဟုဆိုသူ ၆၀ဝ နီးပါးခန့်ကို မည်သို့ပြစ်ဒဏ်မည်မျှချမှတ်မည်ကို သီသန့်ကြော်ငြာထားခြင်းမရှိသေးဟုလည်း သူကဆက်ပြောသည်။

    အလားတူ မလေးရှားမှပြန်လာလိုသည့် မြန်မာနိုင်ငံသားများအတွက် သီတဂူ အထောက်အကူပြုအဖွဲ့နှင့် MAI တို့ပူးပေါင်းပြီး လေယာဉ် (၃) ခေါက်စာ လက်မှတ်အခမဲ့စီစဉ်ပေးမည်ဟုလည်း သိရသည်။

    ထို့အပြင် ယင်းတရားမဝင်မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မကြာမီရက်ပိုင်းအတွင်း မြန်မာအစိုးရအလုပ်သမားဝန်ကြီးဌာနမှဦးစီး၍ မလေးရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။

    မလေးရှားမွန်ကယ်ဆယ်ရေးရုံးမှ နိုင်ဥက္ကာက “ နေရာတော်တော်များများမှာ ဖမ်းနေတယ်။ တစ်ချို့နေရာမှာဆိုရင် အိမ်တွေကိုဖောက်ပြီးဖမ်းတယ်။ ပတ်စပို့ရှိပြီး ပါမစ်မရှိတာ၊ ပါစစ်ရှိပြီး အချက်လက်မပြည့်စုံရင်လည်းဖမ်းတယ်၊ ဒါပေမယ့် UN ကဒ်ရှိသူတွေဆိုရင်မဖမ်းဘူး ”ဟုပြောသည်။

    အဆိုပါ တရားမဝင်နေထိုင်သူအလုပ်လုပ်သူများဖမ်းဆီးမှုကို မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊စစ်တပ်၊အရန်ရဲတပ်ဖွဲ့၊အရပ်ဘက်ကာကွယ်ရေးဌာန၊ အမျိုးသားမှတ်ပုံတင်ဌာနနှင့် ဒေသဆိုင်ရာအဖွဲ့များပါဝင်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ၃ လကြာ ဖမ်းဆီးမှုပြုလုပ်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

    မလေးရှားနိုင်ငံတွင်တရားမဝင်နေထိုင်သူဦးရေအများဆုံးမှာ အင်ဒိုနီးရှားနိုင်ငံသားဖြစ်၍ ဒုတိယ အများဆုံးမှာမြန်မာနိုင်ငံသားရွေ့ပြောင်းမြန်မာအလုပ်သမား ၇ သိန်းခန့်ရှိပြီး ၈၀ ရာခိုင်နှုန်းမှာ တရားမဝင်အလုပ်သမားများဖြစ်သည်ဟု သတင်းများတွင်ရေးသားဖေါ်ပြကြသည်။

    မလေးရှားတွင် တရားမဝင်အလုပ်သမားများမှာ အင်ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ တရုတ်၊ နိုက်ဂျီးရီးယားနှင့် ထိုင်းနိုင်ငံသားများပါဝင်သည်ဟု သိရသည်။

    ယခုဖမ်းဆီ်းမှုမပြုလုပ်မှီတွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးက အလုပ်သမားမှတ်ပုံတင်တရားဝင်ပြလုပ်ကြရန် တစ်နှစ်ကျော်အချိန်ပေးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks