spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအစိုးရရာဘာခြံလုပ်ငန်း တင်ဒါခေါ်

    အစိုးရရာဘာခြံလုပ်ငန်း တင်ဒါခေါ်

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မြန်မာနိုင်ငံစက်မှုဝန်ကြီးဌာန အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း အမှတ် (၂၇) စက်မှုကုန်ကြမ်းဌာနလက်အောက်ရှိ ရာဘာခြံများအား ပုဂ္ဂလိကများနှင့် အကျိုးတူစီးပွားပူးပေါင်းလုပ်ဆောင်နိုင်ရန် လွန်ခဲ့သည့်တနင်္လာနေ့တွင် တင်ဒါခေါ်ယူခဲ့ကြောင်း ရွှေဟင်္သာရိပ်မွန် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မင်းဖေသန်းက ပြောသည်။

    03-4ယင်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး တင်ဒါခေါ်ယူခြင်းကို မွန်ပြည်နယ်၊ ဘီလင်းမြို့ရှိ တာယာစက်ရုံတွင် ပြုလုပ်ကျင်းပခဲ့ပြီး စက်မှုကုန်ကြမ်းဌာနမှ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

    မင်းဖေသန်းက “ ပထမအဆင့်တင်ဒါအာမခံကြေးအနေနဲ့ သိန်း ၅၀ ပေးသွင်းပြီး ဖောင်ဖြည့်ရပါတယ်၊ လာမယ့် ၁၆ ရက်နေ့မှာ တင်ဒါဖောက်မှာပါ” ဟု ပြောသည်။

    လက်ရှိတွင် စိတ်ဝင်စားသည့် ကုမ္ပဏီ ၁၂ ခုတို့ တင်ဒါတင်သွင်းထား၍ ဈေးအများဆုံး တင်သွင်းသည့်ကုမ္ပဏီ ၂ ခုအား ရွေးချယ်၍ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွားမည်ဟုလည်း မင်းဖေသန်းက ဆက်ပြောသည်။

    လေလံတင်သည့် ရာဘာခြံများကို သုံးမျိုးသုံးစား ခွဲခြားထားကြောင်း၊ ဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များအတွက် သတ်မှတ်သည့်အချိုးအစားများမှာ အစေးလှီးရန်အတွက်အသင့်ရှိနေသည့် ခြံများကို အကျိုးတူ ၅၀း၅၀ %၊ ထိမ်းသိမ်းအပင်များကို ၄၀း၆၀ %၊ ပြန်စိုက်ပင်များအား ၃၀း၇၀% ခွဲဝေးကြမည်ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် လွတ်လပ်သောရာဘာဈေးကွက်များတွင် ရောင်းဝယ်နိုင်ရန်မျှော်လင့်ပြီး နိုင်ငံတကာဈေးကွက်နှင့် ကိုက်ညီမည့် အရေအသွေးများကိုလည်း မြှင့်တင်ရန်လိုအပ်နေကြောင်း မင်းဖေသန်းက ဆက်ပြောသည်။

    ဘီးလင်းတာယာစက်ရုံ စက်မှုကုန်ကြမ်းဌာနမှ တာဝန်ရှိသူတစ်ဦးက “နှစ်ဖက်စလုံးအကျိုးစီးပွားအတွက်ပါပဲ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းဆန်ဆန် ဦးစားပေးထားတာပါ၊ ဒီလိုတင်ဒါခေါ်ယူတာက ဒါဟာပထမဆုံးအကြိမ်ပဲ” ဟု ပြောသည်။

    အလာတူ လာမည့်စက်တင်ဘာ ၉ ရက်နေ့တွင်လည်း တလမွန်ကုမ္ပဏီလီမိတက်မှ ဦးဆောင်၍ အစိုးရဌာနရာဘာခြံများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးတရပ်ကို သံဖြူဇရပ်မြို့ရှိ မွန်ဓမ္မာရုံတွင် ပြုလုပ်မည်ဟု ဘိတ်ကြားစာအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks