Friday, March 13, 2026
More
    spot_img
    Homeသတင်းအဓမ္မ ဝယ်ယူထားသည့် လယ်မြေပေါ် လယ်လုပ်သူများ ငွေချေးယူခွင့်မရ

    အဓမ္မ ဝယ်ယူထားသည့် လယ်မြေပေါ် လယ်လုပ်သူများ ငွေချေးယူခွင့်မရ

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့နယ်တွင် ကုမ္ပဏီများက ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက် လယ်သမားများပိုင် လယ်မြေများကို အဓမ္မဝယ်ယူရရှိထားပြီး ၄င်းလယ်မြေပေါ်တွင် လယ်သမားများက မိုးစပါး စိုက်ပျိုး ထားကြပြီးသော်လည်း စိုက်ပျိုးစရိတ်ချေးငွေမရကြဟု ဒေသခံလယ်သ္မားများထံမှ သိရသည်။

    စိုက်ပျိုးစရိတ်ချေးငွေ ချေးယူခွင့်မရကြသည့်ကျေးရွာမှာ မယ်ဂရိုရွာ၊ကော့ဒွန်းရွာ၊ကော့ပနောရွာ၊ နိတုံရွာ များမှ လယ်သ္မားများဖြစ်ပြီး၊ ကုမ္ပဏီများအား ရောင်းချထားပြီးသည့်လယ်မြေများဖြစ်သည်ဟုကျိုက္မရောမြို့နယ်မယ်ဂရို ရွာမှ ချေးငွေမရသည့် လယ်သမားတဦးကပြောသည်။

    ဘိလပ်မြေဆောက်လုပ်မည့်ဒေသရှိလယ်မြေ(ဧရာဝတီ)
    ဘိလပ်မြေဆောက်လုပ်မည့်ဒေသရှိလယ်မြေ(ဧရာဝတီ)
    “လယ်မြေမရောင်းထားသူတွေတော့ နှုန်းထားအတိုင်းချေးယူခွင့် ရကြတယ်၊ရွာမှာက ကုမ္ပဏီကို လယ်ရောင်း ထားရသူက ဦးရေများတော့ အများစုက ချေးငွေ ချေးခွင့်မရကြဘူး”ဟု၄င်းလယ်သမားကပြောသည်။

    လယ်မရောင်းမီကချေးငွေကိုနှစ်စဉ်ရပေမယ့် ယခုအခါ ပုံစံ၁ မရှိသူ၊ လယ်ရှင်မဟုတ်သူ၊ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေး အဖွဲ့က မထောက်ခံသူကို စိုက်ပျိုးစရိတ်ချေးငွေ မရကြဟု ၄င်းလယ်သမားက ပြောသည်။

    ဒါ့ပြင်နိုင်ငံတော်မှပြင်ဆင်သတ်မှတ်ငွေကြေးပမာဏ တစ်ဧက ငါးသောင်းမှတစ်သိန်းတိုးမြှင့်ချေးခွင့်ပေးလိုက်၍ လည်းစိစစ်မှုတွေ စည်းကမ်းတင်းကြပ်မှုတွေ ဖြစ်လာရသည်ဟု ကျိုက္မရောမြို့နယ်နိတုံရွာမှလယ်သမားတဦးက ပြောသည်။

    “နိတုံရွာကလယ်သ္မားလယ်တွေကိုဇေကမ္ဘာကုမ္ပဏီက ဝယ်ထားပေမယ့် လောလောဆယ် လယ်မြေများကို လယ်သမားတွေကဆက်ပြီး လယ်လုပ်နေကြတယ်ဒါပေမယ့်ငွေချေးခွင့်မရကြဘူး”ဟုလယ်သမားကပြောသည်။

    လယ်သမားများအနေဖြင့် ချေးငွေကို လိုချင်ကြပေမယ့် ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက် မရရှိ၍ ချေးငွေမရဟုပြောသည်။

    နိတုံရွာမှ လယ်သမားများ၏ လယ်မြေဧက ၂၀ဝ ခန့်ကိုဇေကမ္ဘာကုမ္ပဏီကိုရောင်းချထားပြီးလည်း ၄င်းလယ် မြေကိုဆက်လုပ်ကိုင်နေကြပြီးချေးငွေမရ၍စိုက်ပျိုးရာတွင်ငွေကြေးအကြပ်အတည်းဖြစ်ရသည်ဟုသိရသည်။

    ဒါ့ပြင်ဇေကမ္ဘာက ဝယ်ယူရရှိထားသော လယ်မြေပေါ်တွင် လောလောဆယ်မှာ လမ်းဖေါက်ထားရှိပြီးဖြစ် သော် လည်းဇေကမ္ဘာကုမ္ပဏီအနေဖြင့် လယ်သမားများလယ်ဆက်လက်လုပ်ကိုင်နေသည့်အပေါ် ကန့်ကွက် ခြင်း တားမြစ်ခြင်းမရှိသော်လည်း ငွေချေးခွင့် မရတာတာဖြစ်နေသည်ဟုသိရသည်။

    မွန်ပြည်နယ်၏၂၀၁၃ ခုနှစ်လယ်ယာကဏ္ဍစီမံကိန်း အစည်းအဝေး တခုတွင် မွန်ပြည်နယ်အစိုးရ စိုက်ပျိုးရေး နှင့်မွေးမြူရေးဝန်ကြီးကယခုနှစ်မိုးစပါးစိုက်ပျိုးရေးမှာ တစ်ဧကကို ကျပ်တစ်သိန်းနှင့် ချေးပေး မည်ဖြစ်၍လယ်သ မား အကျိုးအတွက်ဝိုင်းဝန်းလုပ်ကိုင်ပေးကြဖို့ပြောသည်ဟု အစည်းအဝေးတက်ခဲ့သူ လယ်သမားအကျိုးဆောင် မယ်ဂရိုကျေးရွာသားတဦးကပြောသည်။

    “ဝန်ကြီးပြောတဲ့အထဲမှာ ချေးငွေကိုချေးခွင့် ရသူဟာ လယ်လုပ်ခွင့်ရရှိထားသူ၊ ကြွေးကျန်မရှိသူ၊ ကျေးရွာ လယ် ယာမြေစီမံခန့်ခွဲရေးအဖွဲ့က ထောက်ခံချက်နဲ့ဆို ငွေချေးခွင့်ရတယ်လို့ပြောတယ်”ဟု လယ်သမားအကျိုးဆောင် က ပြောပြသည်။

    ဘိလပ်မြေစက်ရုံတည်ဆောက်ရေးအတွက် ဇေကမ္ဘာကုမ္ပဏ႘မှဝယ်ယူရရှိထားသည့် လယ်မြေများမှာ နိတုံရွာမှလယ်သမားများပိုင်လယ်မြေများနှင့်ကလိုင်းကနိုင်ရွာမှလယ်သမားများပိုင်လယ်မြေများဖြစ်သည်။မယ်ဂရို၊ကော့ဒွန်း၊ကော့ပနောရွာများမှလယ်သမားများပိုင်လယ်မြေများကိုဂျွန်ကုမ္ပဏ႘ကဝယ်ယူထားသလို ပျားတောင်ပတ်ဝန်းကျင် လယ်မြေခြံမြေများကို PACIFIC LINK CEMENT INDUSTRIES LIMITED မှ ကွမ်းငန်းရွာ၊ကဒုံစစ်ရွာနှင့် ငါးပြေမရွာမှ လယ်မြေ၊ခြံမြေများကိုဝယ်ယူထားကြသည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks