spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းရာဇာမင်း ခရီးသည်တင်ယာဉ် ဓားပြမှုဖမ်းဆီးရမိသတင်း သက်ဆိုင်ရာရဲဌာနက မဖြေကြားလို

    ရာဇာမင်း ခရီးသည်တင်ယာဉ် ဓားပြမှုဖမ်းဆီးရမိသတင်း သက်ဆိုင်ရာရဲဌာနက မဖြေကြားလို

    -

    အေမီအောင် – ပြီးခဲ့သည့်လအတွင်း ဖြစ်ပေါ်ခဲ့သော ကျိုက္ခမီ-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် ဓါးပြတိုက်လူသတ်မှုတွင် ပါဝင်သူ ၄ ဦးကို ဖမ်းဆီးရမိပြီဟု သတင်းထုတ်ပြန်မှုများ တွေ့ရှိရသော်လည်း သက်ဆိုင်ရာရဲစခန်းက မဖြေကြားလိုဟု သိရသည်။

    17-Yပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းအင်တာနက်စာမျက်နှာတွင် ယမန်နေ့ရက်စွဲဖြင့် ရေးသားဖေါ်ပြခဲ့သည့်သတင်း၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိကော်ထောကျေးရွာအနီး ၈၁၇ ရွာ၊ မဉ္ဇူမြိုင်ဘုန်းကြီးကျောင်း၍ ယင်းဓါးပြခေါင်းဆောင် ဝင်းဗိုလ်အား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီဟု သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

    သို့ရာတွင် သက်ဆိုင်ရာ မွန်ပြည်နယ်၊ သထုံမြို့ရဲစခန်းအား ဆက်သွယ်မေးမြန်းကြည့်ရာ “ဘယ်လိုဖမ်းမိထားသလဲဆိုတာ ကျနော်တို့ အတိကျမသိပါဘူး၊ ကျနော်တို့မှာ ပြောဆိုပိုင်ခွင့်မရှိဘူး”ဟု ဝ၅၇ ၄၀ဝ၀၃ သထုံရဲစခန်း ဖုန်းနံပါတ်ကိုင် ယနေ့တာဝန်ကျ ရဲတစ်ဦးက ပြောသည်။

    သတင်းရေးသားချက်အရ ဓါးပြခေါင်းဆောင်ဝင်းဗိုလ်အားဖမ်းဆီးရမိခဲ့ပြီးနောက် ၄င်းတို့၏အပေါင်းအပါ ဇော်ဝိတ်၊ အောင်ထူး၊ မောင်ငယ်တို့အားထပ်မံဖမ်းဆီးရမိသည်ဟု သိရသည်။

    သက်သေခံပစ္စည်း ရွေထည် ၊ငွေထည်၊ စုစုပေါင်းတန်ဘိုး(၄၈၈၇၀ဝ၀ိ/)ခန့်အား သိမ်းဆည်းနိုင်ရန် ရဲတပ်ဖွဲ့ဝင်များက ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော်လည်း လက်တွေ့တွင်မဖြစ်နိုင်ဟု ဓါးပြတိုက်ခံရသူ အမည်မဖေါ်လိုသော သံဖြူဇရပ်မြို့သားတစ်ဦးက ပြောသည်။

    ဇွန်လ ၈ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်း ကျေးရွာအနီး ရန်ကုန် – မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၄/၄-၅)အကြား ဘုရားကုန်းကွေ့၌ ကျိုက္ခမီ – ရန်ကုန် ရာဇာမင်းခရီးသည်တင်မှန်လုံယာဉ်အမှတ် ၈ဇ/၈၈၈၈ အား ဘုရားကုန်းကွေ့ အရောက် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် သေနတ်အတိုများကိုင်ဆောင်ထားသည့် အမည်မသိ လူ(၅)ဦးတို့က ရာဇာမင်းယာဉ်အား အနီးရှိတောထဲသို့ ခေါ်ဆောင်သွားပြီး နိုင်လင်းထွန်း၊ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တို့အား သေနတ်ဖြင့် ပစ်သတ်ခဲ့သဖြင့် သထုံမြို့မရဲစခန်း (ပ)၉ဝ/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၃၉၆ ဖြင့် အမှုဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks