spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဆက်တိုက်ဖမ်းဆီးရမိ

    ရေးမြို့နယ်တွင် စိတ်ကြွဆေးပြားများ ဆက်တိုက်ဖမ်းဆီးရမိ

    -

    မင်းသုတ – မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ယခုလအတွင်း စိတ်ကြွဆေးပြားများ ဆက်တိုက်ဖမ်းဆီးရမိကြောင်း ရေးမြို့ရဲစခန်းမှ သိရသည်။

    ယမန်နေ့(ဇူလိုင်-၁၄) ရက်တွင် ရေးမြို့နယ်၊ ဟံဂံကျေးရွာအနီး၌ စိတ်ကြွဆေးပြားသယ်ဆောင်သူတစ်ဦးနှင့် ဖြန့်ဖြူးရောင်းချသူတစ်ဦးအား မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

    မူးယစ်းဆေးပြားဖမ်းဆီးရမိသူ(ရေးတော်ဝင်)
    မူးယစ်းဆေးပြားဖမ်းဆီးရမိသူ(ရေးတော်ဝင်)
    ရဲအရာရှိတစ်ဦးက “ အထွန်း မောင်းနှင်လာတဲ့ wave-100 ခဲရောင်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး
    တော့ WYစာတမ်းပါ ဆေးပြား(၂၉)ပြားဖမ်းဆီးရမိပြီးတော့ မာန်အောင်ကျေးရွာက နော်ကြည်မြိုင်မှာ ဆေးပြား(၁၀ဝ၀) နဲ့ မူးယစ်ဆေးဝါးရောင်းချငွေတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်” ဟုပြောသည်။

    အလားတူ ယခုလ ၁၀ ရက်နေ့တွင် ကေအင်န်ယူတပ်မဟာ(၆) က ရေးမြို့နယ်၊ လမိုင်းမြိ့နယ်ခွဲ၊ စံပြကျေးရွာတွင်နေထိုင်သူ စောထွန်းလင်း(ခ)စောဖလွတ် ထံမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား(၈၅)ပြား၊ အစိမ်းရောင်ဆေးပြား(၁)ပြား၊ စုစုပေါင်း(၈၆)ပြားတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်အပ်နှံလိုက်သည်ဟု သိရသည်။

    “မူးယစ်ဆေးဝါးနဲ့ဆက်စပ်လို့ မြို့ပေါ်မှာလည်း မသင်္ကာတဲ့နေရာတွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေပါတယ်” ဟု ယင်းရဲအရာရှိက စက်ပြောသည်။

    ယခုလ ၁၃ ရက်နေ့ ညနေပိုင်းတွင်လည်း မူးယစ်းဆေးဝါးသတင်းအရ ရေးမြို့၊ သီရိခေမာရပ်ကွက်ရှိ ရွှေတောင်ကြား အရက်ချက်စက်ရုံ၌ ရေးမြို့မရဲစခန်းက ရှောင်တခင်ဝင်ရောက်စစ်ဆေးသဖြင့် လက်နက်နှင့် အရက်တုများကို ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံများထံမှသိရသည်။

    ထိုသို့ရှာဖွေရာတွင် ကျော်မင်းမင်း(ခ)မင်းမင်း အိပ်ခန်းအတွင်း၌ မိန်းမကိုင်ပစ္စတိုတစ်လက်၊ ကျည်ကပ်တစ်ခု၊ ကျည်(၃)တောင့်၊ သံဘောစေ့ထည့်ပစ်ရသော သေနတ်တစ်လက်(ပျက်)၊ သံဘောစေ့(၅၀)လုံးနှင့် ArmyRum အရက်တု(၂၀)လုံး၊ အရက်တုပြုလုပ်သည့်စာရွက်စာတမ်းနှင့် ကိရိယာများအပါအဝင် ငွေကျပ်တစ်သိန်းရှစ်သောင်းကျော် တွေ့ရှိသိမ်းဆည်းရမိသည်ဟု သိရသည်။

    ရေးမြို့၊ အောင်မင်္ဂလာရက်ကွက်အတွင်း စိတ်ကြွဆေးပြားရောင်းချသူ ၂ ဦးကိုလည်း ယခုလ ၂ ရက်နေ့တွင် ဆေးပြားအပါအဝင် ရောင်းချငွေများနှင့်အတူ ရေးမြို့မရဲစခန်းက လက်ဝယ်ဖမ်းဆီးရမိခဲ့ပြီး ဖြစ်သည်။

    ပြီးခဲ့သည့်လကုန်ရက်ပိုင်းအတွင်း ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲတွင်လည်း တန်ဖိုးငွေကျပ် ၉၄ သိန်းခန့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်ရပ်များ ရှိခဲ့သည်။

    မွန်ပြည်နယ်လူငယ်ထုများအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုသည် စိုးရိမ်စရာဖြစ်လာနေသည့်အတွက် မြန်မာအစိုးရအနေဖြင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြီးခဲ့သည့်လတွင် အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks