spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်း အခမ်းအနားဖွင့်လှစ်ခဲ့

    ကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်း အခမ်းအနားဖွင့်လှစ်ခဲ့

    -

    အေမီအောင် – ကျေးလက်လူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့ ၊ကွာန်လှာကျေးရွာ အလယ်ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင်လ ၁၅ ရက်နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

    မွန်လူငယ်နှီးနှောဖလှယ်ပွဲဓါတ်ပုံ(Internet)
    မွန်လူငယ်နှီးနှောဖလှယ်ပွဲဓါတ်ပုံ(Internet)
    Mon Society Development Network -MSDN က သင်တန်း ၇ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး MSDN ဒါရိုက်တာနိုင်စိန်တီ၊ ကျေးရွာအုပ်ချုပ်ရေးမှုးဦးမျိုး ၊ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံ တလအိုင်းတို့ အခန်းအနားအဖွင့်မှာစကားပြောကြားခဲ့သည်ဟု သိရသည်။

    နိုင်စိန်တီက “ပထမဆုံးအကြိမ်ဆိုတော့ ဖြစ်ပေါ်ရရှိလာမယ့်ရလဒ်အဖြေထုတ်လို့မရသေးပါဘူး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေနဲ့ ဆင်းရဲနွမ်းပါးလျှော့ချရေးအတွက် တဖက်တလမ်းက အထောက်အကူပြုပါလိမ့်မယ်”ဟုပြောသည်။

    ယင်းဖွံဖြိုးရေးသင်တန်းတွင် သင်ကြားပို့ချမည့်ကဏ္ဍများတွင် မွန်အမျိုးသားလှုပ်ရှားမှုသမိုင်း၊ စိုက်ပျိုးရေးကဏ္ဍ ၊ နိုင်ငံသားအခွင့်ရေးနှင့်တာဝန် ၊ခေါင်းဆောင်မှု၊ ပူပေါင်းပါဝင်ဆောင်ရွက်မှု ၊ ဒီမိုကရေစီရေး အခြေခံအုတ်မြစ်များအပြင် လူမှုအဖွဲ့အစည်းတွင် လက်ရှိနိုင်ငံရေးအဟြေင်းအလဲကို ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။

    သင်တန်းဆရာတစ်ဦးအဖြစ်ပါဝင်သော ဦးမင်းလတ်က “ဒီဘက်ခေတ် ဖြစ်ပျက်နေတာကို ကျေးလက်နေပြည်သူတွေက သိပ်နားမလည်နိုင်ဘူး၊ ဒီသင်တန်းပြီးရင်တော့လက်ရှိအခြေအနေတွေကို အထိုက်အလျှောက်ပိုသိလာမယ်၊ နားမျက်စိတွေပွင့်လာမယ်”ဟုပြောသည်။

    မွန်လူမှုအသိုင်းအဝိုင်းများကြားတွင် အရောင်အသွေးကင်းသည့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းသင်တန်းများ အချိန်နှင့်တပြေးညီ လုပ်ဆောင်သင့်သည်ဟုလည်း သူကဆက်ပြောသည်။

    ယင်းသင်တန်းကို မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (MSDN) ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ၊ ကွာန်လှာကျေးရွာဖွံ့ဖြိုးရေးအဖွဲ့ နှင့် ကျေးရွာအထောက်အကူပြုအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး သင်တန်းသား ၅၃ ဦးတက်ရောက်လျှက်ရှိကြသည်။

    သင်တန်းဆရာများအဖြစ် ဦးမင်းလတ်၊ ဦးကြည်ဇော်လွင်၊ မင်းအောင်မြင့်စိန်၊ ဒေါက်တာအောင်ရဲထွဋ်၊ မိဟံသာ၊ မိအိန်ပကောင်း တို့ပါဝင်မည်ဟုသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks