Tuesday, March 17, 2026
More
    spot_img
    Homeသတင်းရေးမြို့ မီးရထားဘူတာနယ်မြေအတွင်း နေထိုင်သူများ ပြောင်းရွှေ့ရန်အကြောင်းကြားထား

    ရေးမြို့ မီးရထားဘူတာနယ်မြေအတွင်း နေထိုင်သူများ ပြောင်းရွှေ့ရန်အကြောင်းကြားထား

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မီးရထားဘူတာနယ်မြေအတွင်း နေထိုင်ကြသည့် မိသားစုများကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ပြောင်းရွှေ့ပေးရန် မီးရထားပို့ဆောင်ရေးဝန်ကြီးဌာနက အသိပေးအကြောင်းကြားထားကြောင်း ရထားဝင်းအတွင်း နေထိုင်သူများထံမှ သိရသည်။

    မီးရထားမြေအား နောင်အနာဂတ်တွင် အသုံးပြုနိုင်ရန် ငှားရမ်းကျူးကျော်ခြင်း မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် ရထားပို့ဆောင်ရေးဝန်ကြီးမှ လမ်းညွန်ထားသည့်အတိုင်း အလေးထား လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မီးရထားနယ်မြေအတွင်း ဝင်ရောက်ကျူးကျော်လျှက်ရှိသော လူကြီးမင်းတို့၏ နေအိမ်၊ အဆောက်အဦးများအား ၁၅၊ ၇၊ ၂၀၁၃ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင်းပေးရန်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။

    ရထားဝင်းတွင် နေထိုင်သူတစ်ဦးက “ဒီလ ၄ ရက်နေ့က အကြောင်းကြားစာ ပေးပါတယ်၊ ကျမတို့အနေနဲ့ အခုမိုးရာသီဖြစ်နေတဲ့အတွက် ပွင့်လင်းရာသီးရောက်မှ ဖယ်ရှားဖို့အတွက်ကို တောင်းဆိုခဲ့ပါတယ်” ဟု ပြောသည်။

    ယခုမိုးရာသီကာလတွင် ချက်ချင်ပြောင်းရွှေ့ရန်အတွက် အခက်အခဲရှိနေကြောင်း၊ ကျောင်းနေသည့် ကလေးများ အခက်အခဲဖြစ်နိုင်ကြောင်းနှင့် ဝင်းအတွင်းနေထိုင်ကြသည့် အိမ်ထောင်စု ၁၇ စုတွင် လူဦးရေတစ်ရာနီးပါးခန့်ရှိကြောင်း သူမက ဆက်ပြောသည်။

    “ခေါ်တုန်းကတော့ အသိပေးတဲ့သဘောပဲ ပြောပြီးခေါ်တွေ့တာပါ၊ ဟိုရောက်တော့မှ ပြောင်းရွှေ့ဖို့အတွက် ဂတိဝန်ခံ လက်မှတ်ထိုးရေးခိုင်းတာပါ” ၎င်းက ဆက်ပြောသည်။

    ယင်းပြောင်းရွှေ့ပေးရေးကိစ္စနှင့်ပတ်သက်၍ ရထားဝင်းအတွင်း နေထိုင်သူ ၃၀ ဦးခန့် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ညှိုနိုင်းဆောင်ရွက်ပေးရန် အသနားခံစာတင်ခဲ့ကြောင်း သိရသည်။

    “ကျမတို့ စပြီးနေကတည်းက အခွန်ဆောင်ရမလား ဆိုပြီးတော့ မေးပါတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက တာဝန်ရှိသူတွေက အခွန်ဆောင်စရာမလိုဘူး ဝန်ထမ်းဟောင်းသားသမီးတွေပဲ ဆိုပြီး နေခွင့်ပြုခဲ့တယ်” ဟု ရထားဝင်းအတွင်း အခြားနေထိုင်သူတစ်ဦး ပြောသည်။

    ထိုမီးရထားဝင်းအတွင်းနေထိုင်သူများမှာ ခေတ်အဆက်ဆက်က မီးရထားဝန်ထမ်းဟောင်းမိသားစုများအပါအဝင် လက်ရှိရထားဝန်ထမ်းမိသားစုဝင်များနှင့် ဝန်ထမ်းမဟုတ်သည့်ဒေသခံအနည်းအကျဉ်းသာ နေထိုင်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks