spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြစ်ကူးတံတားပြီးလျှင် ဘီလူးကျွန်းတစ်ဝိုက် ပိုမိုတိုးတက်လာမည်ဟုမျှော်လင့်

    မော်လမြိုင်မြစ်ကူးတံတားပြီးလျှင် ဘီလူးကျွန်းတစ်ဝိုက် ပိုမိုတိုးတက်လာမည်ဟုမျှော်လင့်

    -

    မင်းလုံး – မော်လမြိုင်မြို့နှင့် လက်မှုလုပ်ငန်းများ ထွန်းကားသည့် ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်) ကိုဆက်သွယ်မည့် မြစ်ကူးတံတားကြီး ပြီးစီးခဲ့လျှင် ဒေသအတွင်း ပိုမိုတိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ဘီလူးကျွန်းဆေးတံလုပ်ငန်း(internet)
    ဘီလူးကျွန်းဆေးတံလုပ်ငန်း(internet)
    သူက “ကျနော်တို့ ဘီလူးကျွန်းရဲ့အနောက်ဘက်မှာ ပင်လယ်နဲ့ထိစပ်နေတယ်၊ ငါးထုတ်လုပ်တဲ့ အပိုင်းမှာ ပိုမိုတိုးတက်လာမယ်၊ တံတားမရှိလို့ မော်လမြိုင်ကိုသွားပို့ဖို့ အများကြီးအခက်အခဲရှိတယ်၊ ဒီတံတားပြီးလျှင် ငါးဖမ်းလုပ်ငန်းမှာရော အခြားအဘက်ဘက်ကလက်မှုလုပ်ငန်းတွေမှာပါ အဆင်ပြေလာလိမ့်မယ်” ဟု ပြောသည်။

    ရေမြေပထဝီအနေအထားအရ ဘီးလူးကျွန်း၏အနောက်ဘက်ခြမ်းသည် ပင်လယ်ကမ်းစပ် ဖြစ်သောကြောင့် ငါဖမ်းလုပ်ငန်းသည် အဆိုပါတံတားကြီးပြီးလျှင် ယခင်ကထက် ပိုမိုတိုးတက်လာမည်ဟု သူကယူဆသည်။

    “မော်လမြိုင်မြို့ရဲ့အနေအထားဟာ လူနေအဆောက်အဦးတွေများလာလို့ တဖြည်းဖြည်းကျပ်တည်းပြီး မြို့ချဲ့ထွင်တဲ့နေရာမှာ အထ္တရံတံတားကိုဖြတ်ပြီး ဟိုဘက်မှာစက်မှုဇုံဘက်ကိုချဲ့ထွင်လာရတာ အားလုံးအသိပဲဖြစ်တယ်၊ ဒါကြောင့် ဒီတံတားကြီးပြီးရင် ဘီးလူးကျွန်းဘက်ကိုလည်း စက်မှုဇုံတွေ ပိုမိုတိုးချဲ့လာနိုင်မယ်” ဟု သူကဆက်ပြောသည်။

    ဘီလူးကျွန်းတွင် တုတ်ကောက်နှင့်မြေဖြူလုပ်ငန်း၊ ခမောက်လုပ်ငန်း၊ အုန်းဆံကြိုးလုပ်ငန်းနှင့် ကျောက်သင်ပုန်းလုပ်ငန်းများကို ယခင်အဆက်ဆက်ကလုပ်ခဲ့ကြသောလုပ်ငန်းများဖြစ်ပြီး ယနေ့တိုင် ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း သိရသည်။

    ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) နှင့် မော်လမြိုင်မြို့တို့ကို ဆက်သွယ်မည့် သံလွင်မြစ်ကူးတံတား (ဘီလူးကျွန်း – မော်လမြိုင်) ကို ၂၀၁၄ ခုနှစ် အစောပိုင်းတွင် စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း မွန်ပြည်နယ်စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်က သတင်းဌာနများသို့ ပြောကြားခဲ့သည်။

    အဆိုပါတံတားကို မော်လမြိုင်မြို့နယ် မုပွန်ရပ်ကွက်မှ ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) ကညော်ကျေးရွာသို့ ဆက်သွယ် ဆောက်လုပ်မည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရဘတ်ဂျက်ငွေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်မည် ဖြစ်သည်။

    ဘီလူးကျွန်း – မော်လမြိုင် တံတားသည် အရည် ၄၅၀၄ ဒသမ ၈၆ ပေ၊ မြစ်ရေမျက်နှာပြင်အထက် အမြင့် ၄၂ ပေ ဆောက်လုပ်ရန်အတွက် ငွေကျပ် ၃၀ ဘီလီယံခန့် ကုန်ကျမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks