spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလယ်မြေဧကအပေါ် လုပ်ကိုင်ခွင့်လက်မှတ်ရ လယ်သမားများအား ငွေထုတ်ချေးပေးမည်

    လယ်မြေဧကအပေါ် လုပ်ကိုင်ခွင့်လက်မှတ်ရ လယ်သမားများအား ငွေထုတ်ချေးပေးမည်

    -

    မင်းတော်လဝီ – မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် လယ်မြေလုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသည့် လယ်သမားများနှင့် လယ်မြေလုပ်ကိုင်ခွင့် လျှောက်ထားဆဲ လယ်သမားများအပါအဝင် ငွေထုတ်ချေးပေးမည်ဟု မွန်ပြည်နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးသို့ သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ စိစစ်မှုနှင့် ထောက်ခံ မှုအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှချေးငွေများကို ဇူလိုင်လ၁ရက်နေ့မှ စတင်ထုတ်ချေးပေးမည်ဟု မွန် ပြည်နယ် လယ်ယာမြေဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိဝန်ထမ်းတဦးက ပြောသည်။

    “အရင်နှစ်များက ကျေးရွာချေးငွေစိစစ်ရေး အဖွဲ့ရဲ့ထောက်ခံချက် အရပဲ ငွေချေးပေးခဲ့တယ၊် ယခုနှစ်မှာက ချေးငွေ ပမာဏလည်းများတော့ အသစ်ဖွဲ့စည်းပေးတဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကထေက်ခံချက်နဲ့ ပဲ ငွေ ချေးပေးတော့မယ်” ဟု ဝန်ထမ်းကပြောသည်။

    ယခင်နှစ်များတွင် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကကို ကျပ်ငါးသောင်းဖြင့်ချေးခဲ့သော်လည်း ယခုနှစ်မှာ တစ်ဧက ကိုကျပ်တစ်သိန်းထုတ်ပေးမည်ဖြစ်၍ လုပ်ကိုင်သည့်လယ်မြေမှန်ကန်မှုနှင့်် လယ်သမားအတွက်အကျိုးရှိရန် ရည်ရွယ်သည်ဟုဆိုသည်။

    ယခင်နှစ်ကျေးရွာချေးငွေ စိစစ်ရေးဖွဲ့ကထောက်ခံပေးသည့်အတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေထုတ်ချေး ပေးရသည့်အတွက်မလိုလားအပ်သည့်ချို့ယွင်းမှုရှိခဲ့၍ ယခုနှစ်တွင် လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ရရှိထား သူနှင့်လျှောက်ထားဆဲများကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အသေအချာစီစစ်ပြီး ထောက်ခံချက်အရ ငွေချေး ပေးမည်ဖြစ်သည်။

    ယခင်ကျေးရွာချေးငွေစိစစ်ရေးအဖွဲ့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးကဥက္ကဌ၊လယ်သမားကိုယ်စားလှယ်ကအတွင်း ရေး မှူး၊အဖွဲ့ဝင်အဖြစ် ကြေးတိုင်နှင့်မြေစာရင်းဝန်ထမ်းနှင့် စိုက်ပျိုးရေးဝန်ထမ်းပါဝင်သည်။

    ယခုနှစ်တွင်အသစ်ဖွဲ့စည်းထားသည့်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးကဥက္ကဌ၊ကျေးရွာ အုပ်ချုပ်ရေးစာရေး၊သက်ဆိုင်ရာ မြေစရင်းဝန်ထမ်၊ လယ်သမား ကိုယ်စားလှယ်နှင့်ရပ်မိရပ်ဖများပါဝင်သည့်အဖွဲ့ ဖြင့် ဖွဲ့စည်းထားသည်ဟုသိရသည်။

    လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည်ချေးငွေများကို လယ်သမားလက်သို့မှန်မှန်ရောက်ရှိသွားစေရန် နှင့်လယ်မြေ ဧက တိကျမှန်ကန်ရေးအတွက်မြေကြီးမြေပုံပြေစာများနှင့်ကနဦးစိစစ်တိုက်ဆိုင်ရသည်။

    ဒါ့ပြင်လယ်မြေစီမံခန့်ခွဲသည့်ဥပဒေနှင့်အညီလယ်ယာဖွံ့ဖြိုးရေးဘဏ်၏ငွေကြေးရေးစည်းမျဉ်းစည်းကမ်းအရအဖွဲ့မှထောက်ခံပေးထားသည့်အတွက်လယ်ဧကများအမှန်ကန်ထွက်ပေါ်လာသလိုလယ်သမားများလည်း ငွေကို တိကျ မှန်ကန်စွာဖြင့် ရရှိနိုင်သည်ဟု ပြောသည်။

    လောလောဆယ်တွင်မြို့နယ်အလိုက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှစိစစ်မှုပြီးစီးပြီးဖြစ်၍စတင်ငွေချေးပေးသွား မည်ဖြစ်ရာ မွန်ပြည်နယ်မြို့နယ်များတွင် စိစစ်ပြီးဧက ၃သိန်းကျော်ရှိနေ၍ ၄င်းဧကအတိုင်းငွေချေးယူနိုင်သည်ဟု သိရသည်။

    ပေါင်မြို့နယ်တွင်မိုးစပါးစိုက်ဧကပေါင်း (၁၂၀ဝ၀ဝ)ကျော်ရှိသော်လည်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်မှု အရငွေချေးခွင့်ရသည့်ဧကမှာ (၈၇၄၅၀) ဧကဖြစ်သည်ဟု ပေါင်မြို့နယ် လယ်ယာဖွံ့ဖြိုးဘဏ်မှ သိရသည်။

    မွန်ပြည်နယ်မြို့နယ်၁၀မြို့နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှငွေ ထုတ်ချေး ပေးရမည့်မြို့နယ်အလိုက်ဧကများမှာ မော်လမြိုင် မြို့နယ်(၁၁၁၉၆)၊ ကျိုက္မရောမြို့နယ်(၁၄၂၃၂)၊ မုဒုံမြို့နယ် (၃၇၅၀၆)၊သံဖြူဇရပ်မြို့နယ်(၇၇၁၇)၊ရေးမြို့နယ်(၉၃၅၃)၊သထုံမြို့နယ်(၄၇၅၅၇)၊ပေါင်မြို့နယ်(၈၇၄၅၀)၊ဘီးလင်း မြို့နယ်(၂၈၂၇၃)၊ကျိုက်ထိုမြို့နယ် (၁၄၃၉၃) ဖြစ်သည်ဟု ဇူလိုင် ၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks