spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကျင်းပ

    အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကျင်းပ

    -

    ခတ္တာနန်း – အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကရင်ပြည်နယ် မြဝတီခရိုင် သောင်ရင်းခမ်းမ၌ ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

    မြဝတီခရိုင် အခမ်းအနား(Facebook)
    မြဝတီခရိုင် အခမ်းအနား(Facebook)
    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်တောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံမှ သဝဏ်လွှာကို မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မြင့်က ဖတ်ကြားခဲ့ကြောင်း သိရသည်။

    မြန်မာနိုင်ငံတဝှမ်း၌လည်း မူယစ်ဆေးဝါ ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ အခမ်းအနားနှင့် လှုပ်ရှားမှုများကို ဒေသဆိုင်ရာ မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေး တာဝန်တရပ်အဖြစ် သတ်မှတ်ပြီး ၁၉၉၉ မှစ၍ ၁၅ နှစ် စီမံကိန်းရေးဆွဲဆောင်ရွက်လျှက်ရှိရာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် နောက်ထပ် (၅) နှစ် သက်တမ်း တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

    အခမ်းအနားတက်ရောက်သူ တစ်ဦးက

    ခရိုင်အဆင့်အနေနဲ့ ၂၀ဝ၂ ခုနှစ်ကနေစပြီး နှစ်တိုင်းကျင်းပခဲ့ပါတယ်၊ ဒီနှစ်မူးယစ်ဆေးဝါးပညာပေးပြိုင်ပွဲမှာ ကျောင်းသား/သူ (၃၂) ဦးကိုလည်း ဆုပေးအပ်ခဲ့တယ်

    ဟု ပြောသည်။

    အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါ အလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြဝတီမြို့ရှိ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်းအဆင့် ကာတွန်း၊ ပိုစတာ၊ ပန်းချီ (ကွန်ပျူတာပန်းချီ) ပြိုင်ပွဲများ ကျင်းပခဲ့သည်ဟု သိရသည်။

    အလားတူ မွန်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း မူးယဝ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ ဒေသခံများစိုးရိမ်နေကြရသည်ဟု ချောင်းဆုံမြို့နယ်၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    သူက

    မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့က အစိုးရကိုပဲ အဓိကအားကိုယ်နေလို့ မပြီးဘူး၊ မိဘအုပ်ထိမ်းသူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ သက်ဆိုင်တဲ့ရပ်မိရပ်ဖတွေ အဘက်ဘက်ကနေ ဝိုင်းဝန်းပြီး ကာကွယ်တာဆီးမှ ကင်းစင်နိုင်လိမ့်မယ်

    ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး အသုံးများသည့် ဒေသမှာ သံဖြူဇရပ်၊ ရေးနှင့် ကျိုက်မရောမြို့နယ်များဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ယူဆသည်။

    Bitter Pillဆေးခါး” ဟု ခေါ်သော မူးယစ်ဆေးဝါးသုံးစွဲလာမှ မြင့်တက်လာခြင်းအကြောင်းအရင်းများကို နှင့် ပတ်သက်သော အစီရင်ခံစာတစ်ဆောင်ကို မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှလည်း ယခုလတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ပြည်တောင်စု အစိုးရအနေနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့နှင့် နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သတင်းများဖော်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks