spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိမြို့ဟောင်း ပဏာမတူးဖော်ရေးလုပ်ငန်း စက်တင်ဘာလတွင် စတင်တော့မည်

    သုဝဏ္ဏဘူမိမြို့ဟောင်း ပဏာမတူးဖော်ရေးလုပ်ငန်း စက်တင်ဘာလတွင် စတင်တော့မည်

    -

    ခတ္တာနန်း – မွန်ရှေးဟောင်းမြို့တော်ဖြစ်သည့် သုဝဏ္ဏဘူမိ တူးဖော်ရေး လုပ်ငန်းကို လာမည့်စက်တင်ဘာလတွင် ပဏာမအဖြစ် ဆာဗေး “survey” စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းစာတမ်းဖတ်ပွဲတက်ရောက်ခဲ့သူ သမိုင်းသုတေသနဌာနမှ အငြိမ်းစားလက်ထောက် ညွှန်ကြားရေးမှူး ဦးစံဝင်းက ပြောသည်။

    စာတမ်းတင်သွင်းဖတ်ကြားခဲ့သူနိုင်မောင်တိုး(IMNA)
    စာတမ်းတင်သွင်းဖတ်ကြားခဲ့သူနိုင်မောင်တိုး(IMNA)
    ပြီးခဲ့သည့် ဇွန်လ ၂၅-၂၆ ရက်နေ့တွင် ၂ ရက်တာကျင်းပခဲ့သော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည် တူဖော်ရေး စားတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

    ဦးစံဝင်းက “ အဲဒီဆုံးဖြတ်ချက်တွေအရ တူးဖော်ရေး မလုပ်ခင်းမှာ ဆာဗေး အရင်လုပ်ရပါတယ်၊ အုပ်စုအလိုက်ခွဲပြီး အချက်အလက်တွေကို စုဆောင်းရပါမယ်၊ အဆက်မပြတ်လုပ်ဆောင်သွားရပါမယ်၊ ဆာဗေး ရလာဒ်တွေကို ပြန်လည်သုံးသပ်ပြီးမှ တူးဖော်မှုကို စတင်နိုင်မှာပါ” ဟု ပြောသည်။

    နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်ခွင့်ပြုချက်ဖြင့် ၃ နှစ်နှင့် ၅ နှစ်ဟူ၍ နှစ်ပိုင်းခွဲထားမည်ဖြစ်ကြောင်း၊ ယခင်တူးဖော်ခဲ့သည့်နေရာများနှင့် လက်ရှိဖြစ်နိုင်ခြေ အရှိဆုံးနေရာများကို ဆက်လက်တူးဖော်နိုင်ရန် ကြိုးစားသွားမည်ဖြစ်သည့်အတွက် မနူဟာမင်း နေထိုင်ခဲ့သည့် လက်ရှိသထုံမြို့နှင့် “ဝင်းက” ပတ်ဝန်းကျင် အရက်သည်မ(အာယတ္မ) ဒေသ နှစ်နေရာအား ဦးစားပေးကွင်းဆင်း လေ့လာသွားမည် ဖြစ်သည်။

    ကနဦးတွင် တူးဖော်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းသွားမည်ဖြစ်ပြီး ရှေးဟောင်းသမိုင်းတူးဖော်ရေး ကျွမ်းကျင်ပညာရှင်များအပြင် သစ်တော၊ မြေတိုင်း၊ စည်းပင်နှင့် မွန်သမိုင်းပညာရှင်များလည်း ပါဝင်မည်ဟု သိရသည်။

    စာတမ်းတင်သွင်းဖတ်ကြားခဲ့သူ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ ညွှန်ကြားရေးမှုးဟောင်း (အငြိမ်းစား) နိုင်မောင်တိုးက “တူးဖော်ရေးလုပ်ငန်းတွေအကောင်အထည်ဖော်ပြီးတဲ့ နောက်ပိုင်းမှာ တစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှု အလုပ်ရုံဆွေးနွေးပွဲတွေကို ထပ်လုပ်သွားမယ့်အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။

    သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ရေး စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် စာတမ်း ၁၉ စောင် တင်သွင်းလာသည့်အနက် သုဝဏ္ဏဘူမိ သထုံမြို့ဟောင်းနှင့် မသက်ဆိုင်သော စာတမ်း ၈ စောင်ကို ပယ်လိုက်ကြောင်း၊ စာတမ်းဖတ်ပွဲ ကျင်းပပြီးနောက် အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့ ၄ ဖွဲ့ ခွဲ၍ ဆွေးနွေးခဲ့ကြပြီး တူးဖော်ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲခဲ့ကြောင်း သိရသည်။

    သုဝဏ္ဏဘူမိသည် ထိုင်းနိုင်ငံတွင်းလည်းကောင်း၊ အိန္ဒိယနိုင်ငံတွင် လည်းကောင်း၊ ဂျားဘားကျွန်း ဆူမတ်ထရားကျွန်းဒေသများဖြစ်သည်ဟု ဒဏ္ဍာရီပုံပြင်ကဲ့သို့ပြောဆိုမှုများရှိခဲ့သော်လည်း သထုံမြို့သည် သုဝဏ္ဏဘူမိ မွန်မြို့တော်ဟောင်း ဖြစ်ကြောင်းအဆိုကို မြန်မာပညာရှင်များ အသိအမှတ်ပြု သဘောတူထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks