spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတပ်ရင်းမှူးက ဝန်ထမ်းတစ်ဦးကိုထိုးကြိတ်ရိုက်နှက်

    ဘုရားသုံးဆူတပ်ရင်းမှူးက ဝန်ထမ်းတစ်ဦးကိုထိုးကြိတ်ရိုက်နှက်

    -

    အေမီအောင် – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် စခန်းချလျှက်ရှိသော ခလရ(၂၈၃)တပ်ရင်းမှူးက တပ်ကုန်းရေမလာသည့် ကိစ္စနှင့်ပတ်သက်ပြီး ထွေ/အုပ်ဝန်ထမ်း ဦးဖြိုးဇေယျာ (ခေါ် ) မင်းမင်းဆိုသူအား ရိုက်နှက်သဖြင့် ရရှိဒဏ်ရာများကြောင့် ယခုအခါ အဆိုပါဝန်ထမ်းခွင့်ယူထားရသည်ဟု သိရသည်။

    ဧပြီလတွင် အရိုက်အနှက်ခံခဲ့ရသော ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး(internet)
    ဧပြီလတွင် အရိုက်အနှက်ခံခဲ့ရသော ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး(internet)
    အမည်မဖေါ်လိုသော ထွေ/အုပ်ရုံးဝန်ထမ်းတစ်ဦးက “ဒဏ်ရာကနာတယ်၊ အတွင်းဒဏ်လိုဖြစ်နေတယ်၊ ရှက်လည်းရှက်မိတယ်၊ ဒါကြောင့် သူခွင့်ယူလိုက်တာပါ” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲခန့်တွင် ထွေ/အုပ်ရုံး ရေပေးဝေရေးတာဝန်ခံ မင်းမင်းအား ခလရ(၂၈၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မိုးမြင့်ကျော် ခေါ်ယူပြီး ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု မင်းမင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    သူက “တပ်ရင်းမှူးက မင်းဘာဖြစ်လို့ရေမတင်လဲ၊ ငါ့မှာအခု -င်ဆေးဖို့တောင်ရေမရှိတော့ဘူးဆိုတာ မငး်မသိဘူးလား၊ ရေမရှိတာ ငါကမင်းကိုလာပြီးပင့်ရမှာလားဆိုပြီး လက်သီးနဲ့ ၁၀ ချက်မက ထိုးလိုက်တယ်”ဟု သူကပြောသည်။

    မင်းမင်းက အကြိမ်ကြိမ်တောင်းပန်ပြောဆိုသော်လည်း ပါးရိုက်ခြင်း ၊ ဝဲဘက်မေးရိုးကိုထိုးကြိတ်ခြင်းနှင့် တံမျက်စည်းတုတ်ဖြင့် ကျောကုန်းကိုလည်းရိုက်နှက်ခံရသဖြင့် ဝဲဘက်အောက်အံသွားပဲ့၍ မျက်နှာဖူးရောင်ခဲ့ပြီး ကျောကုန်းအရှိုးဒဏ်ရာ ၃ ခုတွေ့ရှိရသည်။

    မင်းမင်းအား ဆေးဝါးကူညီပြုစုနေသူတစ်ဦးက “ဒဏ်ရာမပေါ်တဲ့နေရာတွေကို ရိုက်တယ်၊ အရိုက်အနှက်ပညာတော်တယ်လို့ ဆိုရမှာပဲ” ဟု ပြောသည်။

    အလားတူ လွန်ခဲ့သည့်ဧပြီလတွင် ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ဓနိကြားရွာအုပ်ချုပ်ရေးမှူးသစ် ဦးကျော်ဟိန်းနှင့် အုပ်ချုပ်ရေးမှူးဟောင်း ဦးထင်တို့နှစ်ဦးအား နယ်မြေခံစစ်တပ် ခလရ(၃၁)မှ ဗိုလ်ကြီးအောင်မိုးဦးနှင့် ရဲဘော်များ ဝါးရင်းတုတ်ဖြင့်ရိုက်နှက်သောကြောင့် ရန်ကုန်ဦးနှောက်နှင့်အာရုံကြောဆေးရုံ၌ အရေးပေါ်ဆေးကုသခံခဲ့ရသည့် ဖြစ်ရပ်ဖြစ်ပေါ်ခဲ့သည်။

    သို့ရာတဝင် ယင်းကျေးရွာအကြီးအကဲနှစ်ဦး သေလုမြောပါး ဦးခေါင်းဒဏ်ရာရရှိခဲ့သည့်ကိစ္စအား မွန်ပြည်နယ်အစိုးရနှင့် ဒေသခံလွှတ်တော်အမတ်များ အရေးယူပေးရန်စာရေးသားတင်ပြခဲ့သော်လည်း ယနေ့အထိ အကြောင်းမထူးခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks