spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသုဝဏ္ဏဘူမိ သုတေသနစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    သုဝဏ္ဏဘူမိ သုတေသနစာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    -

    စနောင်းတိုင်း – ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ကြီးမှူးသော ‘သုဝဏ္ဏဘူမိ သုတေတန’ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ စတင်ကျင်းပပြီး စိတ်ပါဝင်စားသူ(၁၀ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။

    စာတမ်းဖတ်ပွဲကို နံနက် (၈:၃၀) အချိန်တွင် စတင်ကျင်းပရာ ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် အရာရှိများ၊ မွန်ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ၊ ရှေးဟောင်းသမိုင်းစိတ်ဝင်စားသူများနှင့် သတင်းမီဒီယာဌာနများ တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

    နံနက် (၈:၃၀) အချိန်တွင် ယင်းစာတမ်းဖတ်ပွဲ အခမ်းအနားစတင်ဖွင့်လှစ်ပြီး ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန်းဆွေနှင့် မွန်ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဒေါက်တာမင်းနွယ်စိုးတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြသည်။

    အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က စစ်မှန်သောမွန်တို့၏ သုဝဏ္ဏဘူမိမြို့ဟောင်းသမိုင်း သက်သေသာဓက ခိုင်လုံမှုရှိစေရန် ရည်ရွယ်ပြီး သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြစ်သည်ဟုလည်း သူ၏အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    သုဝဏ္ဏဘူမိ သုတေသနစာတမ်းဖတ်ပွဲကို အစိုးရကဦးစီးကျင်းပတယ်ဆိုတော့ အရင် ၂၀၁၂ နှစ်ကုန်ပိုင်းက ပျူစာတမ်းဖတ်ပွဲရဲ့ ပြဿနာကြောင့် ကျွန်တော်တို့ မွန်အမျိုးသားအတွက် စိတ်ဖြေစရာတစ်ခုလား၊ ဒါမှမဟုတ် စေတနာအပြည့်နဲ့ သမိုင်းကိုဖော်ထုတ်ပေးတာလား၊ အမြင်နှစ်ခုတော့ရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်လေ ကျနော်တို့ကတော့ မွန်သမိုင်းကို ပေါ်ပေါ်လွင်လွင် အများပြည်သူသိလာစေဖို့ ဖော်ထုတ်သွားမှာပဲ

    ဟု မွန်ရာဇဝင်သမိုင်းပြုစုသူ နိုင်မောင်တိုးက ပြောသည်။

    ရန်ကုန်မြို့၌ ၂၀၁၂ ခု၊ နှစ်ကုန်ပိုင်းတွင် ဆရာချစ်စံဝင်း ဦးစီးသော “ပျူလူမျိုးနှင့် ပျူနိုင်ငံတော်” စာတမ်းဖတ်ပွဲကျင်းပခဲ့ရာ ရှေးဟောင်းမွန်တို့နေထိုင်ရာဒေသများအား ပျူဒေသအဖြစ်သမိုင်းအမှားများ လုပ်ကြံဖော်ထုတ်လုပ်ခဲ့ကြပြီး မုတ္တမပျူ၊ မော်လမြိုင်ပျူ၊ လမိုင်းပျူ စသည့်အခေါ်အဝေါ်သစ်များကြောင့် မွန်တို့၏သုဝဏ္ဏဘူမိ အစစ်အမှန် ဖော်ထုတ်ရန် ဆန္ဒရှိလာခြင်းဖြစ်သည်ဟုလည်း သူကဆက်ပြောသည်။

    အခန်းအနားတက်ရောက်သူ နိုင်ပန်းအောင်က

    ကျွန်တော်ကတော့ သမိုင်းဆရာ မဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းကို စိတ်ဝင်စားတယ်၊ ဒီကနေ့ သုဝဏ္ဏဘူမိ မြို့ဟောင်းနေရာ တိတိကျကျ တွေ့ထားပြီလို့ ပြောတယ်။ ကျနော်သိထားသလောက် ဆွေးနွေးတင်ပြဖို့လည်း ရည်ရွယ်ထားပါတယ်

    လို့ ပြောကြားခဲ့သည်။

    သုဝဏ္ဏဘူမိ သုတေသနစာတမ်းဖတ်ပွဲတွင် စစ်မှန်သောသုဝဏ္ဏဘူမိ မည်သည့်နေရာ၌ ရှိနေသည်ကို သမိုင်းသက်သေသာဓက ခိုင်ခိုင်လုံလုံဖေါ်ထုတ်ပြီး မြို့ဟောင်းတူးဖော်ရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

    မော်လမြိုင် တက္ကသိုလ်၏ သုတေသန လုပ်ငန်းတရပ် ဖြစ်သည့် “ရွှေအဆင်းဝင်းသော သုဝဏ္ဏဘူမိ” စာတမ်းဖတ်ပွဲကိုလည်း မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလတွင် နှစ်ရက်တာကျင်းပခဲ့ရာ သုဝဏ္ဏဘူမိသည် မြန်မာနိုင်ငံအောက်ပိုင်း မွန်ပြည်နယ် သထုံခရိုင်အတွင်း၌ ရှိသည့် မွန်မြို့ပြနိုင်ငံဖြစ်ကြောင်း သမိုင်း၊ သုတေသန၊ ဘာသာဗေဒ၊ ဥပဒေ ရှုထောင့်များမှ အသီးသီး တင်ပြခဲ့ကြသည်။

    (မှတ်ချက်- စနောင်းတိုင်းသင်တန်းသားများ စုပေါင်းရေးသားကြသည်- အယ်ဒီတာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks