spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရာဘာပင်စိုက်ခွင့်ရ တောသစ်ပင်များကို ထင်းအတွက် ရွာသားများ ဝယ်သုံးနေရ

    ရာဘာပင်စိုက်ခွင့်ရ တောသစ်ပင်များကို ထင်းအတွက် ရွာသားများ ဝယ်သုံးနေရ

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့နယ် အတ္ထရန်မြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများနှင့် ဆက်စပ်သည့် တောမြေမှသဘာဝ ပေါက်သစ်ပင်များကို အစဉ်အဆက်က ထင်းအဖြစ် ခုတ်ယူသုံးစွဲခွင့်ရလာခဲ့သော်လည်း ယခုအခါတွင် ၄င်းတောမှ သစ်ပင်များကို ရွာသားများက ထင်းအတွက်ဝယ်သုံးနေကြရသည်ဟု ရွာသားများထံမှသိရသည်။

    ထင်းလောင်စာ(internet)
    ထင်းလောင်စာ(internet)
    ယင်းတောမြေကိုအစိုးရမှနှစ်ရှည်ပင်စိုက်ပျိုးမြေအဖြစ်ကုမ္ပဏီများနှင့်ပုဂ္ဂလိများအားလုပ်ပိုင်ခွင့်ချမှတ်ပေးထားသ ဖြင့်တောနှင့်ဆက်စပ်ကျေးရွာများမှာထင်းအတွက်ခုတ်ခွင့်မရကြတော့ပဲမြေလုပ်ပိုင်ခွင့်ရထားသူထံမှသစ်ပင်များကိုထင်းအတွက် ဝယ်ယူသုံး စွဲနေရသည်။

    ဒီတောကသစ်ပင်တွေရှေးကတည်းက ရွာသားတွေထင်းအတွက် ခုတ်ခွင့်ရလာတော့ထင်းအတွက် အခက်အခဲ မရှိခဲ့ဘူး၊ အခုတော့ မြေရောမြေပေါ်ရှိအပင်တွေပါ ပုဂ္ဂလိကပိုင် ပေးလိုက်တော့ ရွာကလူတွေ ထင်းခုတ်ခွင့်မရှိ တော့ဘူး၊သူတို့ဆီက ထင်းဝယ်သုံးနေရတယ်

    ဟုကျိုက္မရောမြို့နယ် ကဒုံစစ်ရွာသားတဦးကပြောသည်။

    နှစ်ရှည်ပင်စိုက်ပျိုးမြေအဖြစ်ပိုင်ဆိုင်ခွင့်ပေးလိုက်သည့်တောမြေနှင့်ဆက်စပ်ရွာများမှာမယ်ဂရိုရွာ၊ကော့ဒွန်းရွာ၊ ကော့ပနောရွာ၊ကဒုံစစ်ရွာ၊ကွမ်းငန်းရွာများ နှင့်အနီးဝန်ကျင်ရွာများအပါအဝင် ရွာပေါင်း (၁၅)ရွာခန့်ရှိ၍၄င်းတော ကို အမှီပြုပြီး ထင်းအတွက်သုံးစွဲခွင့်ရလာသည့်တောဟု ကဒုံစစ်ရွာသား ကပြောသည်။

    ယင်းတောသည် အထူးသဖြင့် အင်ပင်အများဆုံးသဘာဝအလျှောက်ပေါက်ရောက်နေပြီ တောနှင့်ဆက်စပ်ရွာ များမှာ မီသွေးဖုတ်လုပ်ငန်း၊သစ်ရေး၊ထင်းရေးအတွက် မပူပင်ရသည့်အပြင် အမိုးအကာအတွက် အင်ဖက်လည်း ထွက်သည့်တောဖြစ်၍ သုံးရန်နှင့် အရောင်းဝယ်အလုပ်လည်းဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

    ယခုအခါ၄င်းတောမြေကိုရာဘာပင်စိုက်ရန်ရွာခံအချို့နှင့် မုဒုံမြို့နယ်၊သံဖြူဇရပ်မြို့နယ်ကရာဘာစိုက်သမားအများ စုကလုပ်ကိုင်ခွင့် ရရှိကြသည်ဟု သိရသည်။

    သူတို့ပိုင်ထားတဲ့ မြေပေါ်က အပင်ကြီးအပင်ငယ်အားလုံးကိုထင်းအတွက်ဝယ်သူကိုယ်တိုင်ကခုတ်ရင်နွားလှည်း တစီးတိုက်အတွက် ကျပ် တစ်သောင်းနဲ့ဝယ်ယူနိုင်တယ်၊ ခုတ်လှဲပြီးအပင်များကိုဝယ်ရင်နွားလှည်းတစီးတိုက်ကို ကျပ်တစ်သောင်းသုံးထောင်ပေးဝယ်ယူရတယ်

    ဟုထင်းဝယ်သူ မယ်ဂရိုရွာသား တဦးက ပြော သည်။

    အပင်ကြီးများအထူးသဖြင့်အင်ပင်ကို မြေပိုင်သူက ခုတ်ယူထားပြီး ကိုင်းဖျားကိုင်းနားနှင့် အပင်ငယ်များကိုသာ ထင်းအ ဖြစ်ရောင်းချကြသည်ဟုထင်းဝယ်သူတွေကပြောသည်။

    သစ်တောမြေအတွင်းမှာရာဘာစိုက်ရန်လုပ်ခွင့်ရရှိထားသူများမှာသစ်ပင်များကိုထင်းအဖြစ်ခုတ်ရောင်းထားပြီး ဖြစ်၍မြေကွက်ဖေါ်ရန်အတွက်တောခုတ်တောရှင်းရန်မလိုပဲ ယင်းအလုပ်တွက်စရိတ်သက်သာသည့်အပြင် ထင်း အတွက်လည်းရောင်းရ၍ အပိုဝင်ငွေပါထပ်ရသည်ဟု သိရသည်။

    ရာဘာပင်စိုက်ရန်မြေကွက်ဖေါ်အပင်များကိုရှင်းလင်းနေသည့်အချိန်ဖြစ်၍လည်း လောလောဆယ်မှာထင်း အ တွက်ပြေလည်နေသေးသော်လည်း အပင်စိုက်ပြီးသည့်အခါ ထင်းအတွက် အခက်ခဲနှင့်ကြုံတွေ့ရမည့် အရေးကို စိုးရိမ်ရသည်ဟု ကျိုက္မရောမြို့နယ်ကော့ပနောရွာမှအငြိမ်းစားကျောင်း ဆရာ တဦးက ပြောသည်။

    နွားလှည်းမရှိသူများအနေဖြင့်ထင်းတိုက်သမားထံမှ နွားလှည်း တစီးတိုက်ကို ကျပ်ငွေတစ်သောင်းခွဲနှင့် လော လောဆယ်တွင်ဝယ်သုံးနေရသလိုမရှိဆင်းရဲသားများအနေဖြင့် ရွာအနားကတောစပ်၊ချောင်းစပ်ရှိ အပင်ငယ်၊ ခြုံပုတ် ငယ်များကို လိုက်ခုက်ပြီး ထင်းအတွက်သုံးနေရသည်ဟု ဆက်ပြောသည်။

    မြန်မာနိုင်ငံတောရပ်နေ ပြည်သူများသည် ချက်ပြုတ်ရာမှာလိုအပ်သည့်စွမ်းအင်ကို ထင်းနှင့်မီးသွေးကို အဓိက လောင်စာ အဖြစ်သုံးနေရဆဲဖြစ်သည်။ ထင်းနှင့်မီးသွေးသည် သစ်တောထွက်သစ် သယံဇာတပစ္စည်းဖြစ်သည်။ထင်းအ စား ထိုးလောင်စာအတွက်လျှပ်စစ်နှင့် ဓါတ်ငွေ့ကိုလုံလောက်စွာမသုံးနိုင်သေးသ၍ သစ်တောထွက် ပစ္စည်းများကို စွမ်းအင်လောင်စာအဖြစ်ဆက်သုံးနေရဦးမည်သာဖြစ်သည်။မြန်မာနိုင်ငံတွင်သစ်တောထွက်အပင်များကိုထင်း အဖြစ်အသုံးပြုနေရ၍သစ်တောပြုန်းတီးမှု၏၄၅ရာခိုင်နှုန်းခန့်ရှိနေသည်ဟုမြန်မာ့သဘာဝပတ်ဝန်းကျင်လေ့လာသူများက ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks