spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မှာ ရောဘာပျိုးပင်များ ဝယ်လက်နည်းနေ၍ ပျိုးပင်လက်ကျန်များနေ

    မွန်ပြည်နယ်မှာ ရောဘာပျိုးပင်များ ဝယ်လက်နည်းနေ၍ ပျိုးပင်လက်ကျန်များနေ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်ရှိမြို့နယ်များတွင် ရာဘာပျိုးပင်များကို ပျိုးထောင်ပြီး ရာဘာစိုက်သူများကို ဖြန့်ဖြူးရောင်းချနိုင်ရန် မျှော်မှန်းချက်ဖြင့်ပျိုးထောင်ထားရှိသော်လည်း လောလောဆယ်မှာ ရာဘာပျိုးပင်လာရောက်ဝယ်ယူသူနည်း နေ၍ ရာဘာပျိုးပင်များ လက်ကျန်များနေသည် ဟု ရာဘာပျိုးပင်ရောင်းချသူများထံမှ သိရသည်။

    မွန်ပြည်နယ် မုဒုံမှ ရာဘာ ပျိုးပင် စိုက်ခင်း တစ်နေရာ။ (Photo: Wikipedia)
    မွန်ပြည်နယ် မုဒုံမှ ရာဘာ ပျိုးပင် စိုက်ခင်း တစ်နေရာ။ (Photo: Wikipedia)
    ရာဘာပင်ပျိုးထောင်သည့် ပုဂ္ဂလိကခြံများနှင့် အစိုးရခြံအပါအဝင် ရာဘာစိုက်ပျိုးချိန် လွန်မြောက်တော့မည်ဖြစ် သော်လည်း ပျိုးပင်များလာရောက်ဝယ်ယူသူ နည်းနေသည်ဟု မွန်ပြည်နယ်မုဒုံမြို့နယ်ကျုံဖိုက်ရွာမှ ရာဘာပျိုး ပင်ရောင်းချနေသူ နိုင်ထွန်းလှ ကပြောသည်။

    ပျိုးပင် နှစ်သောင်းကျော် ကိုင်းဆက်ပျိုးထောင်ထားတယ်၊အခုအချိန်ရာဘာစိုက်ရာသီကုန်တော့မယ် ဝယ်လက် နည်းနေတယ်၊အပင်ရှစ်ထောင်လေက်ပဲရောင်းရ သေးတယ်၊လက်ကျန် ဖြစ်ဖို့များနေမယ်

    ဟုနိုင်ထွန်းလှ က ပြောသည်။

    မုဒုံမြို့နယ်ရှိရာဘာခြံရှင်များမှပျိုးထောင်ပြီးရောင်းချမည့်သူကဒီနှစ်မှာပိုများသည့်အပြင် ရာဘာပျိုးပင်ဈေးနှုန်း ပါကျနေပြီ ရာဘာစိုက်ပျိုးသူတွေက မိမိအစီအစဉ်နှင့် ပျိုးထောင်စိုက်သူများနေသလို အခြားဒေသမှ လည်းလာ ဝယ်သူမရှိ ဖြစ် နေသည်ဟု ပြောသည်။

    ရာဘာပျိုးပင်ကိုင်ဆက်မျိုး ၂၄ မျိုးကိုင်း၅၅၁ မျိုးအစရှိသည့်မျိုးများမှာ ပျိုးပင်တစ်ပင်ကို ၂၅၀ မှ ၃၀ဝ ကျပ် လောက် သာရောင်းချရသည့်အပြင်ဝယ်ယူသည့်အခါလည်းပျိုးပင်အရွယ်အစားတူညီများကိုသာ ရွေးဝယ်ယူ တတ်ကြသည် ဟုပြောသည်။

    ယခင်နှစ်များက ရာဘာပျိုးပင်များကို မွန်ပြည်နယ်သို့ လာရောက်ဝယ်ယူသည့် အခြားတိုင်းနှင့်ပြည်နယ်ဒေသ များမှ ရာဘာစိုက်ပျိုးသူတို့က ဈေးကောင်းပေး၍ဝယ်သူများပြားခဲ့၍ ရာဘာမျိုးကိုင်း ၂၄ ပျိုးပင်တစ်ပင်ကို ၅၀ဝ ကျပ်ဈေး ရောင်းချခဲ့ရသည်ဟု မုဒုံမြို့ နယ် နှစ်ရှည်ပင်ဦးစီးဌာနရုံးမှ ဝန်ထမ်းတဦးကပြောသည်။

    အစိုးရ ခြံများမှာလည်း ပျိုးထောင်ထားတာ ရှိတယ်၊မွန်ပြည်နယ်အတွင်းကမြို့နယ်တိုင်းလိုလို ကိုယ့်ဘာသာ ကိုယ်ပျိုးကြ တာများနေပြီ မျိုးသစ်မျိုးဆန်းတွေ၊ကိုယ့်မှာလိုအပ်ချက်ရှိမှသာ အခြားပျိုးထောင်ထားသူများဆီမှာ ဝယ်ကြတယ်

    ဟု၄င်းဝန်ထမ်းကပြောသည်။

    အပင်အို အပင်ဟောင်းများကို ခုတ်ပြီး အပင်သစ်စိုက်ရန်နှင့်မြေနေရာသစ်မှာ တိုးချဲ့စိုက်ရန်ပျိုးပင်များ ကို အဆင်သင့်ပျိုးထောင်ပြီး ပိုလျှံပျိုးပင်များကိုရောင်းစားလိုသူလည်းများနေသဖြင့်မွန်ပြည်နယ်တခုလုံးတွင် ပျိုးပင် လက်ကျန်များနေရသည်ဟု၄င်းဝန်ထမ်းကပြောသည်။

    မုဒုံမြို့နယ်ကပုဂ္ဂလိကပျိုးပင်ထုတ်လုတ်ရာတွင်လူသိများပြီး နာမည်ရခြံတစ်ခြံဖြစ်သည့်ရွှေရာဘာပျိုးဥယျဉ်သည် ရာဘာပျိုးပင်စီဒီအေ၂၀ဝ၀မျိုး၊၂၀ဝ၁မျိုးနှင့်၉၃၇အမျိုးအစားမျိုးသန့်ရာဘာပျိုးပင်များကိုကြိုတင်မှာ ယူစနစ်ဖြင့် တပင်ကို ၈၀ဝ ကျပ်ဖြင့် ရောင်းချရသည်ဟု မော်လမြိုင်မြို့နယ် ဖါအောက်ရွာမှ ရာဘာခြံရှင် တဦးက ပြောသည်။

    ရာဘာပျိုးပင်များလက်ကျန်များဖြစ်နေသော်လည်း၄င်းရာဘာအပင်များကို နောင်နှစ်စိုက်ရန်အတွက် ပြုစုထိန်း သိမ်းကုန်ကျစရိတ်မျှသာ ကုန်ကျရပြီး ဆက်လက်ရောင်းချနိုင်သေးသည်ဟုပြောသည်။

    မြန်မာနိုင်ငံတွင် မိုးရာသီမေ၊ဇွန်လများတွင် ရာဘာနှင့် အခြားနှစ်ရှည်ပင်များ စိုက်ပျိုးမှု အများဆုံးလဖြစ်ပြီး ရာ ဘာပျိုးပင်များအရောင်းရဆုံးလများလည်းဖြစ်သည်။ အထူးသဖြင့်မျိုးကောင်းမျိုးသန့် ရာဘာပျိုးပင် အမယ် သစ် များကို အစိုးရနှစ်ရှည်ပင်သုတေသနဌာနနှင့် နာမည်ရပျိုးပင်ထုတ်လုပ်ရေးဥယျာဉ်များမှ ဝယ်ယူရရှိ ကြ သည်။

    မွန်ပြည်နယ်တွင်းရှိမြေနေရာသစ်များတွင်ရာဘာတိုးချဲ့စိုက်ပျိုးနိုင်မည့် မြေအကျယ်အဝန်းနည်းလာသော်လည်း ခြံဟောင်းများမှအပင်အိုများကိုခုတ်လှဲပြီးအပင်သစ်များကိုပြန်လည်စိုက်ပျိုးနေသလို အပင်သစ်များကိုလည်းတိုး ချဲ့ စိုက်ပျိုးနေသည်မှာနှစ်စဉ်ရှိနေသည်။ လယ်လယ်ဆယ်မှာအပင်ဟောင်းနှင့်အပင်သစ်များအပါအဝင် မွန်ပြည် နယ်အတွင်းရာဘာစိုက်ပျိုးပြီးစုစုပေါင်းဧက ၅ သိန်းကျော်ရှိသည် ဟု မြန်မာ့နှစ်ရှည်ပင် ဦးစီးဌာန၏ စာ ရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks