spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်း၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA အဖွဲ့ခေါင်းဆောင်များတွေ့ဆုံ

    ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် UNA အဖွဲ့ခေါင်းဆောင်များတွေ့ဆုံ

    -

    ခတ္တာနန်း – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီခေါင်းဆောင်များ ဇွန်လ ၁၈ ရက်နေ့တွင် ၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ အလွတ်သဘော တွေ့ဆုံခဲ့ကြောင်း သိရသည်။

    UNA အဖွဲ့ဝင်များနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အလွတ်သဘောဆွေးနွေးနေစဉ်(internet)
    UNA အဖွဲ့ဝင်များနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ အလွတ်သဘောဆွေးနွေးနေစဉ်(internet)
    မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်းက “ အလွတ်သဘော တွေ့ကြတာပါ၊ အဓိက ဆွေးနွေးဖြစ်တာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ပါ” ဟု ပြောသည်။

    ထိုတွေ့ဆုံမှုတွင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး၊ ပင်လုံကဲ့သို ညီလာခံခေါ်ယူနိုင်ရေး ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။

    နိုင်ငွေသိမ်းက “၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်မချင်း ဘာမှဖြစ်လာမှာမဟုတ်ဘူး အစိုးရကလည်း ဒါကိုလက်ခံရမယ်၊ ဒါပေမဲ့ ပြင်ဆင်ဖို့အတွက် အချိန်တော့ ယူရလိမ့်မယ်” ဟု ဆက်ပြောသည်။

    ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရေးအဖွဲ့ကို လွှတ်တော်တွင် ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ၎င်းအဖွဲ့မှ တစ်ဆင့်ချင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ အခြေခံဥပဒေကို အပြီးသတ် ပြင်ဆင်နိုင်ရန် ခက်ခဲနေကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။

    ဆက်လက်၍ ဒေါ်အောင်ဆန်းဆုကြည်က ပင်လုံကဲ့သို့ ညီလာခံတစ်ရပ် ဖြစ်လာရန်အတွက် UNA အဖွဲ့ အနေဖြင့်လည်း ဝိုင်းဝန်း လုပ်ဆောင်ပေးရန် တောင်ဆိုခဲ့ပြီး ထိုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ဆက်လက်လေ့လာနေကြောင်း နိုင်ငွေသိမ်းက ဆက်ပြောသည်။

    UNA အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တို့သည် ယခုတွေ့ဆုံမှုသည် နေအိမ်အကျယ်ချူပ် လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း သိရသည်။

    တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိန့်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီများဖြစ်သည့် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီပါတီ၊ ဇိုမီးနေရှင်နယ်ကွန်ကရက်နှင့် ကရင်အမျိုးသားဒီမိုကရေစီကွန်ယက်တို့ ပါဝင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks