spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ကွယ်လွန်ခြင်းဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

    မွန်ပြည်သစ်ပါတီဒုဥက္ကဌနိုင်ရော့စ ကွယ်လွန်ခြင်းဝမ်းနည်းကြောင်းသဝဏ်လွှာများပေးပို့

    -

    အေမီအောင် – မွန်ပြည်သစ်ပါတီ၏ ဒုတိယဥက္ကဌ နိုင်ရော့စကွယ်လွန်ခြင်းအတွက် နိုင်ငံရေးခေါင်းဆောင်များ၊ တော်လှန်ရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့များ၊ မွန်အဖွဲ့အစည်းတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြသည်ကို မွန်ပြည်သစ်ပါတီက လက်ခံရရှိကြောင်း သိရသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်လ ၁၇ ရက်နေ့စွဲပါပေးပို့သော သဝဏ်လွှာတွင် “မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း” ဖေါ်ပြပါရှိသည်။

    ထို့အတူ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ပေးပို့သောသဝဏ်လွှာတွင် “နိုင်ရော့စသည် ဥက္ကဌကြီးနိုင်ရွှေကျင် ရှိစဉ်ကပင် အတူတကွ မွန်တော်လှန်ရေးကို ဦးဆောင်သူတစ်ဦး ဖြစ်ပေသည်။ UNFC စတင်ဖွဲ့စည်းကတည်းကလည်း ကမကထပြု ဦးဆောင်သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည်” ဟု ဖေါ်ပြခဲ့သည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့သည်လည်း ဝန်ကြီးချုပ်တို့၏ကိုယ်စား ဝမ်းနည်းခြင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

    အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ါ်ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။

    မွန်ဒီမိုကရေစီပါတီ MDP ၊မွန်ညီညွှတ်ရေးအဖွဲ့ MUL, မွန်ပြည်နယ်၊Mon Youth Friendship Network တို့၏ သဝဏ်လွှာပေးပို့ချက်များကိုလည်း လက်ခံရရှိခဲ့သည်။

    အလားတူ ဘဝတူတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လူမှုအသင်းအဖွဲ့များ၊ ပုဂ္ဂိုလ်တစ်ဦးချင်းစီမှလည်း ဝမ်းနည်းကြောင်းသဝဏ် ပေးပို့ခဲ့ကြသည်။

    နိုင်ရော့စ အသက် ၆၇ နှစ်သည် ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံ၌ ဇွန် ၁၅ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

    သူ၏ကြွင်းကျန်သောရုပ်ကလာပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းရွာ၌ လာမည့်ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်အခမ်းအနားဖြင့် ဈာပနအခမ်းအနား ကျင်းပမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks