spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေစက်ရုံကုမ္ပဏီက လယ်သ္မားများပိုင် လယ်မြေများကို ဆက်လက်ဝယ်ယူရန် ကြိုးပမ်းနေ

    ဘိလပ်မြေစက်ရုံကုမ္ပဏီက လယ်သ္မားများပိုင် လယ်မြေများကို ဆက်လက်ဝယ်ယူရန် ကြိုးပမ်းနေ

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့ နယ် ကွမ်ငန်းကျေးရွာရှိ ကွမ်ငန်းတောင်နှင့် အနီးအနားရှိတောင်များကို အဓိကပြု၍ ထိုင်းနိုင်ငံမှ PACIFIC LINK CEMENT INDUSTRIES LIMITED ဘိလပ်မြေကုမ္ပဏီအဖွဲ့မှ ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် လယ်သမားများထံမှလယ်မြေဧက(၁၀ဝ၀)ခန့်ကိုဝယ်ယူပြီးသော်လည်းကျန်ရှိမြေများကို ဆက်လက်ဝယ်ယူရန်ကြိုးပမ်းနေ သည် ဟုဒေသံခံလယ်သမားများထံသိရသည်။

    ဘိလပ်မြေစက်ရုံဆောက်လုပ်မည့်ဒေသတစ်ခု(ဧရာဝတီ)
    ဘိလပ်မြေစက်ရုံဆောက်လုပ်မည့်ဒေသတစ်ခု(ဧရာဝတီ)
    ကျိုက္မရောမြို့နယ် ကွမ်းငန်းရွာ၊ကတုံစစ်ရွာနှင့်ငပြေမရွာမှလယ်မြေ၊ရာဘာခြံမြေများကို ၂၀၁၃ ခုနှစ်မတ်လ က ဝယ်ယူ ရေးအစီအမံများကိုချမှတ်ပြီး၄င်းရွာများမှလယ်သ္မား များပိုင်မြေများကိုကုမ္ပဏီအဖွဲ့မှ ကိုယ်စာလှယ်တို့ ကလယ်သမားများ နှင့် အကြေအလည် ညှိနှိုင်ပြီးမှ ဝယ်ယူရရှိသည်ဟုသိရသည်။

    ညှိနှိုင်မှုအပေါ် လယ်သမားအနည်းစုကရောင်းလိုပြီး လယ်သမား အများစုက ငြင်းပယ်ပြီး လယ်မြေနှင့် အခြားမြေများ အပါ အဝင်ဆက်၍မရောင်းလိုကြောင်းကိုကွမ်းငန်းကျေးရွာမှလယ်ပိုင်ရှင်လည်းဖြစ်မွန်ကျောင်းဆရာလည်းဖြစ်သည့်နိုင်အောင်သိုက် ကပြောသည်။

    “ဘိလပ်မြေစက်ရုံအတွက် မြေများကို ၂၀၁၃ခုနှစ် မတ်လမတိုင် ကတည်းက ဝယ်ယူထားတာရှိတယ်၊ မြေလွတ်၊မြေရိုင်း၊ လယ်မလုပ်ပဲ ပြစ်ထားတဲ့ လယ်တွေ အများဆုံးဖြစ်တယ်၊ အဲဒီမြေတွေက ဦးပိုင်ပေါက်ပြီး ပြေစာရှိတယ်” ဟုပြောသည်။

    မတ်လနောက်ပိုင်းမှာ ညှိနှိုင်းမှုဖြင့်သဘောတူညီမှုရရှိပြီး ကွမ်းငန်းတရွာတည်းမှာ လယ်မြေအနည်းငယ် ၊မြေလွတ်မြေလပ် ၊မြေရိုင်းနှင့် ရာဘာခြံများ အပါအဝင်ကုမ္ပဏီကိုရောင်းချထားပြီး ခန့်မှန်းခြေဧက ၃၀ဝ ခန့်ရှိနိုင်သည်ဟုပြောသည်။

    သို့သော် ကျိုက္မရောမြို့နယ် မြေစာရင်းဦးစီးဌာန ကွမ်းငန်းရွာတာဝန်ခံမြေတိုင်းစာရေးကို ဆက်သွယ်မေးမြန်ရာ ကွမ်ငန်းရွာ၊ တတုံစစ်ရွာနှင့်ငပြေမရွာ များမှ လယ်မြေများ၊မြေလွတ်မြေလပ်များနှင့် ရာဘာခြံများအပါအဝင် ဧကပေါင်းတစ်ထောင်နီးပါး ကို ကုမ္ပဏီက ဝယ်ယူရရှိပြီ ဟုပြောသည်။

    ဘိလပ်မြေစီမံကိန်းအတွက် မြေနေရာဝယ်ယူ ရရှိနိုင်ရန်ကျိုက္မရောမြို့နယ် မြေယာစီစစ်ရေးအဖွဲ့ကို ဖွဲ့စီးပြီး ဦးပိုင်လယ်ဧက များမှန်ကန်ရေးကိုကွင်းဆင်းစစ်ဆေး စာရင်းပြုစုရသည်။ လယ်သမားများ မစိုက်ဖြစ်သည့် လယ်နှင့် ဦးပိုင်ပေါက်ထားသည့် မြေလွတ်မြေလပ်၊မြေရိုင်းတွေ ကို တောင်သူများကျေနပ်သည့်ဈေးဖြင့် ဝယ်ယူခဲ့သည်ဟု မြေတိုင်းစာရေးက ပြောသည်။

    မြေအမျိုးအစားအလိုက်သတ်မှတ်ဈေးနှုန်းများကို ချမှတ်ရာတွင်ဈေးတည့်သည့်သည့် မြေကို ဝယ်ယူပြီးအချို့အနိမ့်ဈေးဖြစ် နေ၍ မရောင်းနိုင်၊တချို့ လုံးဝမရောင်းလိုသည့် လယ်သမားများ ခြံသမားများလည်းရှိသည်ဟု ပြောသည်။

    “မြေအမျိုးအစားသုံးမျိုးလို့အကြမ်းသတ်မှတ်လိုက်တယ်၊နံပါတ်(၁)လယ်နဲ့(၂) အမျိုးအစားတွေက လယ်သမားမရောင်းတာ များတယ်၊နံပါ(၃)ဖြစ်တဲ့ရေနစ်လယ်၊မြေလွတ်မြေရိုင်းကိုရောင်းကြတယ်၊ တစ်ဧကကို ၅သိန်းနဲ့ရောင်းကြတယ်”ဟု ဆရာ နိုင်အောင်သိုက် က ပြောသည်။

    ကွမ်းငန်ရွာအနီးဝန်ကျင်ရှိလယ်မြေများသည်ရေတော်မိုးတော်လယ်နံပါတ်(၁)နှင့်(၂)မြေများဖြစ်နေ၍ စပါးစိုက်ပျိုးခြင်းဖြင့် ဝမ်းစာဖူလုံနေသည့်အပြင် လယ်ပိုင်အမည်ဖြင့်ဆက်လက်နေလို၍ကုမ္ပဏ႘ကို မရောင်းချနိုင်ဟု ကွမ်းငန်းရွာက လယ်သမား တဦးက ပြောသည်။

    လယ်သမားများ၊ခြံသမားများ၏ လက်ဝယ်တွင်ရှိမြေများကို ကုမ္ပဏ႘ကဝယ်ထားပြီးသောမြေနှင့် တဆက်တစပ်ဖြစ်သွားရန် ကုမ္ပဏီမှကိုယ်စားလှယ်များစေလွှတ်ပြီးရောင်းချပေးရန်နည်းမျိုးစုံဖြင့်စည်းရုံးသိမ်းသွင်းနေသည်ဟုဆရာနိုင်အောင်သိုက်က ပြောသည်။

    “ ကုမ္ပဏ႘ကိုယ်စားလှယ်တွေက ရွာမှကျောင်းသားများကိုဗလာစာအုပ်၊စာရေးကရိယာတွေကိုပေးတယ်၊ အိမ်တွေမှာ ခြင်ထောင်လိုက်ပေးတယ် ၊ချို့တဲ့ လူတွေကို စရိတ်ထောက်ပံ့ပေးတာမျိုး ကို လိုက်လုပ်နေတယ် ၊နောက်ပြီးဘိလပ် မြေ စက်ရုံကြီး ပေါ်ပေါက်လာရင် လယ်မလုပ်ရပဲနှင့် လူနေမှုဘဝမြင့် မားလာမယ် လို့ပြောနေတယ်၊ တကယ်တော့ လက်ကျန် လယ်မြေကို ဝယ်ယူလိုလို့” ဟုနိုင်သိုက်ကပြောသည်။

    လောလောဆယ်မှာမြေဝယ်ယူရေးကိစ္စများကို ယာယီ ရပ်ဆိုင်းထားပြီ အောက်တိုဘာလနောက်ပိုင်းမှ ကုမ္ပဏီမှ ပြန်ဝယ် ရန်ရှိသည်။လောလောဆယ်မှာ ကွမ်းငန်းရွာမှ ကျန်ရှိသည့်လက်ငုတ်လယ်မြေများကို ကုမ္ပဏီ၏ကြိုးပမ်းချက် လက်ထဲ ကိုမရောက်ရှိသွားရန် ဆန့်ကျင်သွားမည့်လယ်သမားအစုအဖွဲ့ တဖွဲ့ ကွမ်းငန်းရွာမှာရှိနေပြီဟု ပြောသည်။

    ဒါ့ပြင်ကွမ်းငန်းတေင်နှင့်အတူအတ္ထရန်မြစ်၏ကမ်းတဘက်တည်းတွင်ရှိနေသော ပျားတောင် ကိုလည်း ထိုင်းနိုင် ငံမှ PACIFIC LINK CEMENT INDUSTRIES LIMITED ဘိလပ်မြေကုမ္ပဏီမှအဖွဲ့ဝင်များသည် မေလ ၃၁ ရက်နေ့က မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့်မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခမ်းမတွင် လာရောက်တွေ့ဆုံပြီး ပျားတောင် တောင် ပိုင်း ကွမ်းငန်းရွာနှင့်ကတုံစစ်ရွာဘက် တွင်တည်ဆောက်မည့် ဘိလပ်မြေစက်ရုံနှင့် ပတ်သက်သည့် လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေး ကြသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks