spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်းပိုမိုတိုးတက်လာစေရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

    မွန်ပြည်နယ်အတွင်း နိုင်ငံခြားခရီးသွားလုပ်ငန်းပိုမိုတိုးတက်လာစေရန် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်

    -

    ခတ္တာနန်း – ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်နယ်တွင်းခရီးသွားဇုံ ပေါ်ပေါက်လာစေရန် လာမည့် ၂၀၁၅ ခုနှစ်မတိုင်မီ မွန်ပြည်နယ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ပြည်နယ်စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက အလုပ်ရုံဆွေးနွေးပွဲတရပ်တွင် မိန့်ခွန်းပြောကြားခဲ့သည်။

    အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည့် ရွှေမြင့်မိုထွန်းဟိုတယ်(shwemyintmotun)
    အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည့် ရွှေမြင့်မိုထွန်းဟိုတယ်(shwemyintmotun)
    နိုင်ငံခြားခရီးသည်များကို ဆွဲဆောင်နိုင်မည့် ဝန်ဆောင်မှုများဖြစ်သည့် အခွန်အခများလျှော့ချခြင်း၊ ဟိုတယ်များ၊ ရှေ့ဟောင်းအမွေးအနှစ်နေရာများ၊ အပန်းဖြေနေရာများနှင့် အခြားစိတ်ဝင်စားစရာ ကောင်းမည့် အခြေအနေများဖန်တီးသွားရန် ပြုပြင်သွားမည်ဟုလည်း ဆိုသည်။

    ဒေါက်တာ မင်းနွယ်စိုးက “ အလုပ်ရုံဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလာဒ်တွေကို အခြေခံပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

    ထိုအလုပ်ရုံဆွေးနွေးပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဒေါက်တာတင်ရွှေ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်မျာလည်း တက်ရောက်ကြောင်းသိရသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲကို မေလ ၂၅ ရက်နေ့တွင် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပခဲ့ရာ စိတ်ပါဝင်စားသူ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်နယ်အတွင်း ယခုနှစ် လာရောက်လည်ပတ်ခဲ့သည့် နိုင်ငံခြားခရီးသည်ဦးရေ ယခင်နှစ်များထက် ပိုမိုလာသည်ဟု ဆွေးနွေးပြောဆိုကြသော်လည်း ကိန်းဂဏန်းအတိအကျမဖော်ပြခဲ့ကြောင်း ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ကိုမင်းမင်းနွယ်က ပြောသည်။

    “ လက်ရှိအခြေအနေမှာ ရန်ကုန်ကနေဝင်လာတာများပါတယ်၊ သူတို့ခန့်မှန်းတာကတော့ နောက်ဆိုရင် ဘုရားသုံးဆူနဲ့ မြဝတီဘက်ကနေလည်း ဝင်ရောက်လာနိုင်တယ်၊ ဘာလို့လည်း ဆိုတော့ နယ်စပ်ဂိတ်တွေ ဖွင့်ဖို့လည်း အစီအစဉ်ရှိနေတယ်” ဟု ကိုမင်းမင်းနွယ်က ဆက်ပြောသည်။

    အကယ်၍ ဘုရားသုံးဆူနယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ခဲ့လျှင် ထိုလမ်းကြောင်းမှ နိုင်ငံခြားခရီးသွားအများစု ဝင်ရောက်လာနိုင်ကြောင်း အလုပ်ရုံဆွေးနွေးပွဲတွင် ခန့်မှန်းထားကြသည်။

    ထို့အတူ မော်လမြိုင်မြို့ရှိ ဧက(၇၀)ကျော်ကျယ်ဝန်းသော သံလွင်ဥယျာဉ် တွင် အဆင်မြင့်ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် ကလေးကစားကွင်း များဆောက် လုပ်ရန်အတွက် ထိုင်းနိုင်ငံရှိ IMAC Company မှ မွန်ပြည်နယ်အစိုးရထံသို့ ယခုလတွင် လာရောက်တင်ပြတောင်းဆိုခဲ့သည်ဟု သိရသည်။

    အဆိုပါထိုင်းနိုင်ငံမှ IMAC Company သည် သံလွင်ဥယျာဉ်တွင် သာမက မော်လမြိုင်လေယာဉ်ကွင်းအဆင်မြှင့်တင်ခြင်းနှင့် မော်လမြိုင်ဂေါက်ကွင်းများတွင် အဆင်မြင့်ဟိုတယ်များဆောက်လုပ်ခွင့်ကိုပါ တင်ပြခဲ့သည်။

    ဒေသခံဧည့်လမ်းညွှန်များ ပေါ်ပေါက်လာရန်အတွက် မွန်ပြည်နယ်၊ မုတ္တမမြို့တွင် Community Based Tourism-CBT လူထုအခြေပြုခရီးသွားလုပ်ငန်းသင်တန်းကိုလည်း ဒေသခံ ၁၀ဝ ကျော်နှင့် မေလ ဒုတိယအပတ်က ကျင်းပခဲ့ပြီး ဖြစ်သည်။

    အလားတူ လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင်လည် မွန်ပြည်နယ်၊ ဖွံ့ဖြိုးရေးအတွက် ခရီသွားလုပ်ငန်း မြှင့်တင်ရန် ရန်ကုန်မှ လုပ်ငန်းရှင်ကြီးများနှင့် မွန်ပြည်နယ် လုပ်ငန်းရှင်များ တွေ့ဆုံကြ၍ ပြည်နယ်အတွင်း ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီ-ဖားအံလမ်းနှင့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီလမ်းဟောင်းများကို ပြုပြင်မွမ်းမံခြင်းအားဖြင့် ခရီးသွားများပိုမိုလာရောက်နိုင်သည်ဟုလည်း ဆွေးနွေးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks