spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်း မကြာမီဖွင့်လှစ်မည်ဟုဝန်ကြီးချုပ်ဦးဇော်မင်းပြော

    ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်း မကြာမီဖွင့်လှစ်မည်ဟုဝန်ကြီးချုပ်ဦးဇော်မင်းပြော

    -

    မင်းသုတ – ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းအား မကြာမီဖွင့်လှစ်နိုင်ရန်စီစဉ်နေသည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက ပြောသည်။

    ကရင်ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားနေစဉ်(IMNA)
    ကရင်ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားနေစဉ်(IMNA)
    ဦးဇော်မင်းက “ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို အဖက်ဖက်ကမပြည့်စုံသေးသော်လည်း စွန့်စားပြီးတော့ မကြာခင် ကျနော်တို့ဖွင့်ပါမယ်၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ဒေသတွင်းတိုးတက်လာဖို့ပါ” ဟု ပြောသည်။

    IMG_7815ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသော ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများ ယမန်နေ့ညနေ ၃ နာခွဲအချိန် ပြည်ထောင်စုခန်းမ၌ တွေ့ဆုံပွဲတရပ်ကျင်းပခဲ့စဉ် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖွင့်မိန့်ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့သော်လည်း နယ်စပ်ဂိတ်ဖွင့်လှစ်မည့်ရက်အတိအကျကို ထည့်သွင်းပြောကြားခြင်း မရှိပေ။

    ဦးဇော်မင်းက“ လာမယ့်မိုးအကုန်မှာ ဘုရားသုံးဆူ-သံဖြူဇရပ်၊ ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး မော်တော်ကားလမ်းကို အရှိန်အဟုန်မြှင့်ဆက်လက်ပြုလုပ်သွားမှာ ဖြစ်တယ်” ဟု ဆက်ပြောသည်။

    ယခုအခါ သံဖြူဇရပ်-ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ မော်တော်ကားလမ်းအူကြောင်းများ သတ်မှတ်တိုင်းထွာခဲ့ပြီး အချို့နေရာများတွင် စက်ယန္တရားကြီးများဖြင့် လမ်းပြုပြင်ရေးလုပ်ငန်းများ အကောင်အထည်ဖေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ထို့အပြင် လက်ရှိဘုရားသုံးဆူမြို့ကို မြို့နယ်ခွဲအဆင့်မှ မြို့နယ်အဆင့်တိုးမြှင့်သွားရန် စီစဉ်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိဘုရားသုံးဆူမြို့အား မြို့နယ်အဆင့်သတ်မှတ်ပြီး ဘဏ်နှင့် တရားရုံးများ ထားရှိနိုင်မှသာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေနိုင်မည်ဟု မြို့ခံဝန်ထမ်းတစ်ဦးက ပြောသည်။

    တဖက်ထိုင်းနိုင်ငံနှင့်ထိတွေ့ဆက်ဆံရာတွင် နယ်နိမိတ်ချင်းထိစပ်နေသော တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့သည် ခရိုင်အဆင့်မြို့များဖြစ်နေပြီး ဘုရားသုံးဆူမှာ မြို့နယ်ခွဲအဆင့်သာဖြစ်နေသောကြောင့် ဘဏ်နှင့် တရားရုံးများ ထားရှိခွင့်မရှိသေးပေ။

    ဝန်ထမ်းတစ်ဦးက “နယ်ခြားဂိတ်ကို အခုလိုအတိုင်းဖွင့်ပေးလိုက်ရင် လက်ရှိထိုင်းတွေ ကျူးကျော်ထားတဲ့ နယ်မြေတွေကို တရားဝင်အသိအမှတ်ပြုပေးသလိုဖြစ်သွားလိမ့်မယ်၊ အဲဒါကြောင့် နှစ်နိုင်ငံနယ်နိမိတ်တိတိကျကျ သတ်မှတ်ပြီးတော့မှပဲ နယ်စပ်ဂိတ်ကို ဖွင့်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

    နယ်ခြားဂိတ်ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၁၁ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင် အုပ်ချုပ်ရေးမှူး နိုင်ချိုင်ဝပ် လီဝမ်နထ ဦးဆောင်သော အရာရှိ ၁၂ ဦးနှင့် မြန်မာဖက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဘုရားသုံးဆူမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် နာရီဝက်ကြာ တံခါးပိတ်အစည်းအဝေးကျင်းပခဲ့သည်ဟု သိရသည်။

    ယင်းတံခါးပိတ်အစည်းအဝေး၌ ကရင်ပြည်နယ်ဝန်ချုပ်ဦးဆောင်သော အစိုးရဝန်ကြီးများတွင် နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်မြင့်၊ သစ်တောနှင့်သတ္ထုတွင်းဝန်ကြီး ဦးဆာလောလ၊ ဘဏ္ဍာနှင့်အခွန်ဝန်ကြီး ဦးဝင်းထိန်၊ စီမံကိန်းနှင့် စီးပွားရေးရာဝန်ကြီး မင်းစိုးသိန်းနှင့် လျှပ်စစ်ဝန်ကြီး ဦးကြည်လင်း၊ ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီးရုံးနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဒု-ညွှန်ချုပ်နှစ်ဦးလည်း ပါဝင်တက်ရောက်ကြသည်ဟု သိရသည်။

    ထိုင်းအရာရှိတစ်ဦး၏ အဆိုအရ အဆိုပါတံခါးပိတ်အစည်းအဝေး၌ နှစ်နိုင်ငံနယ်နိမိတ် သတ်မှတ်ရေးကိစ္စဆွေးနွေးခဲ့ကြရာတွင် ပြေလည်မှုမရသေးဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks