spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းတရုတ်ပြည်ကွန်မြူနစ်ပါတီက UNA အဖွဲ့ဝင်များကို ဖိတ်ကြား

    တရုတ်ပြည်ကွန်မြူနစ်ပါတီက UNA အဖွဲ့ဝင်များကို ဖိတ်ကြား

    -

    ခတ္တာနန်း၊ နိုင်မာန် – တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သည် လာမည့် ဇွန်လဆန်းပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားကြောင်း မွန်ဒီမိုကရေစီပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

    တရုပ်ပြည်ကွန်မြူနစ်ပါတီဗဟိုညီလာခံကျင်းပခဲ့စဉ်(Internet)
    တရုပ်ပြည်ကွန်မြူနစ်ပါတီဗဟိုညီလာခံကျင်းပခဲ့စဉ်(Internet)
    “တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပြဿနာတွေကို ဆွေးနွေးတင်ပြပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း တရုတ်နိုင်ငံအနေနဲ့ ပိုမိုပါဝင်ပေးဖို့အတွက်ကို တိုက်တွန်းသွားမှာပါ”ဟု သူက ဆက်ပြောသည်။

    တရုတ်နိုင်ငံသို့ သွားရောက်မည့် (UNA) အဖွဲ့ဝင် ကိုယ်စားလှယ်များတွင် မွန်ဒီမိုကရေစီပါတီဝင်တစ်ဦး၊ ဇိုမီးအမျိုးသားကွန်ဂရက်အဖွဲ့ဝင်တစ်ဦး၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးနှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

    ဒေါက်တာမင်းကြည်ဝင်းက “ ကျနော်တို့ သိထားတာတော့ တရုတ်ပြည်က မြန်မာနိုင်ငံမှာ စီးပွားရေး ရင်နှီးမြှပ်နှံဖို့ အတွက်နဲ့ မြစ်ဆုံကိစ္စကို ပြန်လည် အကောင်အထည်ဖို့ ရှိနေသေးတယ်” ဟု ဆက်ပြောသည်။

    အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်ပြည်တွင် အာဏာရပါတီသည် ကွန်မြူနစ်ပါတီ ဖြစ်ကြောင်း၊ ဒီမိုကရေစီအင်အားစုများဖြစ်ကြသည့် တိုင်းရင်းသားပါတီများအား ယခုကဲ့သို့ဖိတ်ကြားခြင်းသည် ၎င်းတို့၏မဟာဗျူဟာ ပြောင်းလဲလာခြင်းလည်းဖြစ်နိုင်ကြောင်း မွန်ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ(၂) နိုင်တင်အောင်က ပြောသည်။

    “ဒီခရီးစဉ်မှာ တရုတ်တို့အနေနဲ့ အဓိက ဘာအကြောင်းအရာကို ဆွေးနွေးမှာလည်း ဆိုတာကို မသိရပေးမယ့် ကျနော်တို့ကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေအကြောင်း အဓိကထားပြီး ဆွေးနွေးသွားမယ်၊ ဒုတိယ အချက်ကတော့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ရှိတယ်” ဟု သူကဆက်ပြောသည်။

    တရုတ်နိုင်ငံ၏ ယခုဖိတ်ကြားချက်တွင် မွန်ဒီမိုကရေစီပါတီကိုယ်စားလှယ်အဖြစ် သွားရောက်နိုင်ရန် ဒေါက်တာမင်းကြည်ဝင်းအား ရွေးချယ်ထားပြီဟု သိရသည်။

    ယခုလ ပထမပတ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ကိုယ်စားလှယ် ၁၂ ဦး တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ကြသည်။

    အလားတူ လွန်ခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီတို့၏ ဖိတ်ကြားချက်ဖြင့် ၂၀၁၀ ရွေးကောက်ပွဲဝင်ပါတီများဖြစ်ကြသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP)၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ (SNDP)၊ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ (RNDP)၊ အမျိုးသားဒီမိုကရေစီ အင်အားစုအဖွဲ့ (NDF)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည- NUP) တို့ တရုပ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ကြပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks