spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းသဘာဝပတ်ဝန်းကျင်မပျက်စီးရန် ရွှေကျင်လုပ်ငန်းခေတ္တရပ်ဆိုင်းထား

    သဘာဝပတ်ဝန်းကျင်မပျက်စီးရန် ရွှေကျင်လုပ်ငန်းခေတ္တရပ်ဆိုင်းထား

    -

    မင်းတော်လဝီ – သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ မြေဆီလွှာဆုံးရှုံးမှုနှင့် မြေမျက်နှာပြင်ပျက်စီးမှုရှိခြင်းတို့ကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ပတ်ဝန်းကျင်နေရာအချို့တွင် ရွှေကျင်လုပ်ငန်းမလုပ်ကိုင်ကြတော့ပဲ ခေတ္တရပ်ဆိုင်းထားရကြောင်း ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

    “ရွှေကျင်တဲ့အလုပ်က အလုပ်ရှားတဲ့အချိန်တုန်းက ဝမ်းရေးအတွက်လုပ်ခဲ့တယ်၊ အခုတော့လုပ်ကွက် လည်းရှားလာတယ်၊ ဒေသအာဏာပိုင်တွေလည်းလိုက်ဖမ်းတယ်၊ ဒီအလုပ်ကိုရပ်လိုက်ပါပြီ” ဟု ယင်း လုပ်ငန်းမှရပ်နားသူ နိုင်ဝင်းထိန်က ပြောသည်။

    ရွှေကျင်လုပ်ငန်းဟာ မြေကြီးလုံးဝပျက်ပြီး အပေါ်မြေကအောက်ရောက် အောက်မြေကအပေါ်ရောက်၍ ၄င်းမြေပေါ်မှာ မည်သည့်အပင်မှ စိုက်ရန်မကောင်းတော့သဖြင့် သဘာဝပတ်ဝန်းကျင်လည်းပျက်စီး သည်ဟု သိရသည်။

    ရွှေကျင်လုပ်ငန်းလုပ်ကိုင်သူများ ယခင်က အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးခဲ့၍ ဝမ်းရေးအ တွက် တဖက်တလမ်းမှဝင်ငွေရအောင် ဆေးလိပ်လိပ်ကြသည်ဟု သူက ပြောသည်။

    “ရွှေကျင်အလုပ်က ဖိဖိစီးစီးလုပ်လျှင် မိသားစုစားဖို့အတွက် ပြေလည်ပါတယ်၊ ဒါပေမယ့် ဒေသအာ ဏာပိုင်တွေရဲ့ခွင့်ပြုချက် မရှိရင်ဖမ်းတယ်၊ သဘာဝပတ်ဝန်းကျင်ပျက်ကုန်မှာစိုး လို့” ဟု ပဲခူးမြို့ ရွှေ ကျင်လုပ်နေသူတဦးက ပြောသည်။

    ပဲခူးမြို့သည် သမိုင်းဝင်ရှေးမြို့ဟောင်းဖြစ်၍ သမိုင်းဝင်မြေဧရိယာအတွင်းမှာ ရွှေကျင်အလုပ်ကို ပိုလုပ် လိုကြသည်။ ရွှေကျင်သည့်အလုပ်ကိုအကြောင်းပြု၍ ဘုရားပုထိုးစေတီအဟောင်းအတွင်းက ဌာပနာ ပစ္စည်းများပါလည်း ဆုံးရှုံးခဲ့ဘူးသည်ဟု ပဲခူးမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောသည်။

    ဘုရားကုန်းတော်မြေ၊ စေတီပျက်မြေများပေါ်မှာ ရွှေကျင်ခဲ့တာကြောင့် မြေကြီးပုံ၊ မြေကြီးတွင်းချိုင့် နေရာများ ပဲခူးမြို့နေရာအနှံ့မှာတွေ့နေရသည်။

    “ရှစ်လေးလုံးအရေးအခင်းတုန်းက မင်းမဲ့ဖြစ်ပြီးပဲခူးသနပ္ပင်ကားလမ်းမြေ သမိုင်းဝင်ပဲခူးနန်းတော်မြို့ ရိုးဟောင်းမြေတွေ၊ သော်ကမြိုင်ဥယျာဉ်မြေနေရာ၊ ရွှေအောင်ရိုး၊ ကျိုက်ကလွန်ဗွန်းဘုရားအနီးအနား ကမြေတွေမှာရွှေကြောမိလို့ဆိုပြီ လူထောင်ချီအဓမ္မဝင်ပြီးရွှေတူးထားတာပျက်စီးကုန်တာ ယခုမျက်မြင် ပဲ” ဟု ၎င်းအဖွဲ့ဝင်က ဆက်ပြော သည်။

    ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းမှာ ပဲခူးမြို့ပေါ်တွင် ရွှေကျင်အလုပ်ကို ထင်ထင်ပေါ်ပေါ် မလုပ်ရဲ ကြတော့ကာ အချို့ကိုယ်ပိုင်ခြံမြေချောင်ကျသည့်နေရာများ၊ ရွှေကြောမိသည့်နေရာမှာသာ ဆက်လက် လုပ်ကိုင်နေကြသည် လည်းရှိသည်။

    ယခုအချိန်တွင်လူငယ်အများစုမှာ အလုပ်အကိုင်အခွင်းအလမ်းနှင့် ဝင်ငွေကောင်းသည့် တခြား အလုပ်တွေရ၍ အိမ်နီးနားချင်းနှင့် ပြည်ပနိုင်ငံများသို့ တရားဝင်အလုပ်သွားလုပ်ကြပြီး ရွှေကျင်အလုပ် ရပ်ဆိုင်းသွားရသည့်အကြောင်းရင်းတရပ်ဖြစ်သည်ဟု ပဲခူးမြို့ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် နိုင်သန်း ရှင်က ပြောသည်။

    နိုင်သန်းရှင်းက “တကယ်တော့ သမိုင်ဝင်နေရာ ပဲခူးမြို့နဲ့ မြို့နဲ့အနီးတဝိုက်မှာ ရွှေကျင်တာရော စက်ရုံကြီးတွေ ဆောက် တာရောမလုပ်သင့်ဘူး၊ ရှားပါးတဲ့သမိုင်းတန်ဖိုးပျက်တယ်”ဟု ပြောသည်။

    ပဲခူးမြို့သည် ရှေးကမွန်မြို့တော်ဖြစ်ပြီး ဆန်ရေစပါး၊ သစ်တောသစ်ပင်ပေါများသည့်အပြင် ရှေးဟောင်း သာသနိက အဆောက်အဦးများ၊ ရှေးဟောင်းအမွေအနှစ်များ၊ မြေပေါ်မြေအောက်သယံဇာတများ လည်းပေါမြားလှသည်။ အထူးသဖြင့်ရွှေမောဓေါဘုရား၊ စေတီပုထိုးများတည်ရှိရာအရပ်မြေများနှင့်မြို့ ပေါ်ရပ်ကွက်မြေများတွင် ရွှေထွက်သည့်မြေအဖြစ်ထင်ရှားသည်ဟု သမိုင်းသုတေသီများ မှတ်ချက်ပြု သည့်မြို့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks