Homeသတင်းကရင်တစ်မျိုးသားလုံးဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၀) ရပ်အားချက်မှတ်ခဲ့ကြ

ကရင်တစ်မျိုးသားလုံးဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၀) ရပ်အားချက်မှတ်ခဲ့ကြ

-

ခတ္တာနန်း – ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မီတီဝင်များ၏ ယမန်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ်စုံညီအစည်းအဝေး၌ ကရင်တမျိုးသားလုံး ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၀) ရပ်အား ချက်မှတ်ခဲ့ကြောင်း အစည်းအဝေး၏ သဘောထား ထုတ်ပြန်ကြေညာထားသည်။

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မီတီဝင်၏ ထုတ်ပြန်ချက်-(---)
ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မီတီဝင်၏ ထုတ်ပြန်ချက်-(—)
“ဒီလုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့အတွက် ကျနော်တို့အဖွဲ့အစည်း တစ်ခုအနေနဲ့ မဟုတ်ပဲနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့အတွက် ဒါတွေနဲ့ ဆက်စပ်ပြီး ဆောင်ရွက်ပေးမယ့် အားလုံးစုပေါင်းပါဝင် လုပ်ဆောင်နိုင်တဲ့ ကော်မတီအနေနဲ့ သွားမှာပါ” ဟု ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်ချမ်းရေးကော်မတီအဖွဲ့ဝင် ဗဒိုစောလှထွန်း ပြောသည်။

ယင်းစုံညီအစည်းအဝေးမှ ချမှတ်လိုက်သည့် လုပ်ငန်စဉ်း (၁၀) ချက်အနက် ကရင်လူထု ကိုယ်စားလှယ်များစုံညီစွာ တက်ရောက်ပါဝင်ခွင့်ရှိသော ကရင်အမျိုးသားညီလာခံတရပ် ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊ ကရင့်ငြိမ်းချမ်းရေးအတွက် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးမျက်နှာစုံညီ တွေ့ဆုံရန် စီစဉ်ပေးရန်စသော အချက်တို့ ပါဝင်ကြောင်း သိရသည်။

ဗဒိုစောလှထွန်းက “ မြန်မာပြည် ပြည်တွင်းစစ် ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်မဲ့ လုပ်ငန်းစဉ်တွေမှာ ကျနော်တို့ အနေနဲ့ ပံ့ပိုးပေးရမဲ့ အပိုင်းတွေ၊ တဖက်မှာလည်း ကရင် အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်ရေးမှာ လိုအပ်သလို ဆောင်ရွက်သွားမယ်၊ နောက်ပြီး KNU နဲ့ အစိုးရတို့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို ဘယ်လိုပံ့ပိုးရမလည်း ဆိုတာတွေကို အဓိကထား ဆွေးနွေခဲ့ပါတယ်” ဟု ဆက်ပြောသည်။

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မီတီကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်၊ ဧရာဝတီတိုင်၊ ရန်ကုန်တိုင်အတွင်းရှိ ကရင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ကရင့်ခေါင်ဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး( KNU)၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ အစိုးရ နယ်ခြားစောင့်တပ်ဖွဲ့ (BGF)၊ ကရင်အမျိုးသမီးအဖွဲ့နှင့် ကရင်လူငယ်အဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းထားကြောင်း သိရသည်။

“ ဒီကော်မတီကို ဥက္ကဌတို့ အတွင်းရေးမှူး စနစ်တို့နဲ့ မသွားပဲနဲ့ ရွေးချယ်ထားတဲ့ ကော်မတီဝင်တွေ ထဲကနေပဲ အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်သွားမှာပါ၊ ဒီအထဲမှာ အစိုးရအဖွဲ့ဖက်ကလည်း ပါဝင်ပါတယ် ”ဟု ဗဒိုစောလှထွန်းက ဆက်ပြောသည်။

ယင်းကော်မတီအနေဖြင့် ရှေဆက်လုပ်ငန်းများ ဖေါ်ဆောင်နိုင်ဖို့ရန်အတွက် ပထမအကြိမ် အစည်းအဝေးတရပ် လုပ်ဆောင်ခဲ့ပြီး ၎င်းအစည်းအဝေးမှ အလှည့်ကျသဘာပတိနှင့် လုပ်ငန်းဆက်စပ် ဆောင်ရွက်နိုင်မည့် Coordinating team ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီကို ကရင်ပြည်နယ် ဘားအံမြို့တွင် ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ် စုံညီအစည်းအဝေးကို မေလ ၁၈-၁၉ ရက်နေ့များတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts