spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းအကျင့်ပျက်ချစားမှုများနှင့် ပတ်သက်၍ ပေါင်မြို့တွင် ဆန္ဒပြ

    အကျင့်ပျက်ချစားမှုများနှင့် ပတ်သက်၍ ပေါင်မြို့တွင် ဆန္ဒပြ

    -

    ခတ္တာနန်း – ယနေ့ မနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်း အကျင့်ပျက် ချစားမှုများနှင့် ပတ်သက်၍ ကျေးရွာပေါင်း ၁၄ ရွာမှ ပြည်သူများ စုပေါင်းဆန္ဒပြခဲ့ကြောင်းဆန္ဒပြသူ ကိုပြည်အေး က ပြောသည်။

    “ကျနော်တို့ အဓိက ရည်ရွယ်တာက မီးကော်မတီတွေ အလွဲသုံးစားမှုကိစ္စ၊ အုပ်ချုပ်ရေးမှုတွေရဲ့ အလွဲသုံးစားမှုကိစ္စ၊ ကရင်လူမျိုးတွေရဲ့မြေကို မွန်ပြည်သစ်ပါတီက သိမ်းထားတဲ့ကိစ္စ ဒီ ၃ မျိုးကို အဓိက ထားပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်ပါဝင်သူ ကိုပြည်အေးက ဆက်ပြောသည်။

    အဆိုပါဆန္ဒပြသူများသည် ပေါင်မြို့ပေါ်တွင် အချိန်တစ်နာရီ ဝန်းကျင်ခန့် ဆန္ဒပြကြွေးကျော်သံများဖြင့် လှည့်ပတ်ခဲ့ကြောင်း သိရသည်။

    အနိုင်ကျင့်မှု ပပျောက်ရေး တို့အရေး၊ ဆရာတပြည့်မွေးထုတ်စားမှ ပပျောက်ရေး တို့အရေး၊ အကျင့်ပျက် ဝန်ထမ်းများ ပပျောက်ရေး တို့အရေး ဟူသော ကြွေးကျော် သံများဖြင့် ကြွေးကျော်ခဲ့ကြသည်။

    “ကျနော်တို့က သက်ဆိုင်ရာ ရုံးတွေရှေ့မှာ ဆန္ဒပြချင်ပါတယ် ဒါပေမဲ့ သက်ဆိုင်ရာက ဒေသန္တရ ဥပဒေ စည်းကမ်းချက်အရ ကျနော်တို့ကို ရုံးရှေ့မှာ ပြခွင့်မပြုပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

    ဆန္ဒပြသည့် ပြည်သူများသည် ပေါင်မြို့နယ် ပေါင်းရပ်ကွက် မှစ၍ ပေါင်၊ ကဒါ၊ ကဒုံစိရပ်ကွက် ၃ ရက်ကွက်အားလှည့်လည် ဆန္ဒပြကြကြောင်း၊ စုစုပေါင်း လူအင်းအား (၁၅၀) ကျော်ခန့် ရောက်ရှိ လာသော်လည်း ခွင့်ပြုချက် အမိန့် ရထားသည်မှာ လူပေါင်း ၁၀ဝ ခန့်သား ဆန္ဒပြခွင့် ရှိကြောင်း သိရသည်။

    “ရဲတွေကတော့ လုံးခြုံရေးကို တာဝန်ယူပေးထားပါတယ်၊ သူတို့ ဆန္ဒပြဖို့အတွက်ကို မြို့နယ်ရေးမှုးကို အရင်တင်ပါတယ် ပြီးတော့ ပြည်နယ်ရေးမှူးကို အယူခံဝင်တယ် အဲဒီက ကျလာမှ သူတို့ ဆန္ဒပြတာပါ” ဟု ပေါင်မြို့ခံ ကိုမင်းဌေးအောင်က ပြောသည်။

    ဆန္ဒပြသူများမှာ အဓိအာဖြင့် ထန်းပင်ချောင်းရွာ၊ သဲကုန်းရွာ၊ ကျားဖိုရွာ၊ ကျုံကရွာ၊ တင်ရွာ၊ ညောင်ကုန်ကြီးရွာ၊ မုတ္တမ၊ သဲအိမ်ရွာ နှင့် အခြားရွာများမှ ထိုကဲ့သို့ လွဲသုံးစား ခံစားနေရသည့် ကျေးရွာများမှ ပြည်သူများလည်း လာရောက်ကြကြောင်း သိရသည်။

    တင်ရွာရှိ ကရင်လူမျိုးများ၏ ရောဘာခြံများကို မွန်ပြည်သစ်ပါတီမှ သိမ်းယူပြီး ပြန်လည်ရောင်းချကြခံရသည့် ပြည်သူများ၊ ကျားဖိုးကျေးရွာ အုပ်ချုပ်ရေးမှုမှ စာသင်ကျောင်းမြေအား ရောင်ချထားသည့် ကိစ္စရပ်နှင့် ကျေးရွာရှိ မြေလွတ်မြေရိုင်းများကို ကျေးရွာနေ ပြည်သူများအား ရောင်ချမှု မရှိသည့်အပြင် အခြားရွာများသို့ ရောင်ချသည့်ကိစ္စရပ်များ၊ သဲကုန်းကျေးရွာ မီးကော်မတီမှလည်း မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်ဟု သတ်မှတ် ထားသော်လည်း တစ်ယူနစ်ကို ၁၀ဝ ကျပ် ကောက်ခံသည့် ကိစ္စရပ်များ၊ ကျုံက ကျေးရွာတွင်လည်း မီးကော်မတီမှ မီးတာခအဖြစ် တစ်လကို ၃ ထောင်ကျပ် ကောက်ခံနေမှုများ၊ ထန်ပင်ချောင်းကျေးရွာမှ မီးလင်းရေး ကော်မတီမှလည်း မီတာတစ်လုံးကို ယခင် ၅ သိန်းဈေးမှ ယခု ၁၀ သိန်းအထိ တိုးမြှင့် ကောက်ခံနေမှု ကိစ္စရပ်များအား ရှင်လင်းမြင်သာရန်နှင့် သမ္မတ ဦးသိန်းစိန် သိရှိရန်အတွက် ဆန္ဒပြခဲ့ကြကြောင်း ကိုပြည်အေးက ယခုလို ရှင်းပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts