spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဓါတ်ဆီတင် ထော်လာဂျီကား ဝါယာရှော့ဖြစ်၍ အိမ် ၃ လုံးမီးလောင်ပြာကျ

    ဓါတ်ဆီတင် ထော်လာဂျီကား ဝါယာရှော့ဖြစ်၍ အိမ် ၃ လုံးမီးလောင်ပြာကျ

    -

    ခတ္တာနန်း – မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်၊ တရနာကျေးရွာ အရှေ့ပိုင်း ရပ်ကွက်ရှိ နိုင်ထွန်းစိန်၊ မိညွန့်ကြည် လောင်စာဆီ အရောင်းဆိုင်ရှေ့ ထော်လာဂျီကားပေါ် ဓါတ်ဆီ ပီပါအတင်အချ ပြုလုပ်နေစဉ် ဝါယာရှော့ ဖြစ်ရာမှ မီးလောင်ကျွမ်းမှု တစ်ရပ် ယမန်နေ့ညတွင် ဖြစ်ခဲ့ကြောင်း ဒေသခံများနှင့် ဆက်သွယ် မေးမြန်းချက် အရ သိရသည်။

    ထိုသို့ ထော်လာဂျီ မီးလောင်ကျွမ်း ခဲ့ပြီးနောက် နေအိမ်များသို့ ဆက်လက် ကူးစက်သွားရာ လူနေအိမ် ၃ အိမ် မီးလောင် ပြာကျခဲ့ကြောင်း ရွာခံဖြစ်သူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဒု-ဥက္ကဌ နိုင်လှအောင်က ပြောသည်။

    နိုင်လှအောင်က “တကယ်လို့ တခြားရွာက မီးသတ်ကားတွေ ရောက်မလာဘူးဆိုရင် ဂျိုင်းမြစ် နံဘေးမှာ ရှိတဲ့ ကျနော်တို့ တရာနာ တစ်ရွာလုံး ကုန်သွားနိုင်တယ်၊ ရွာမီးသတ်ကား ပျက်နေတာသုံးလို့မရဘူး”ဟု ပြောသည်။

    မီးလောင်မှုနှင့် ပတ်သက်ပြီး ဆုံးရှုံးမှု ပမာဏာမှာ ကာလတန်ဖိုးအားဖြင့် သိန်း ၆၀ဝ ကျော်ခန့် ရှိကြောင်း သူက ခန့်မှန်း ပြောဆိုသည်။

    “ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီးတော့ အုပ်ချုပ်ရေးမှုးနဲ့ ရဲတွေက အမှု ဖွင့်ထားပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒု ဥက္ကဌ နိုင်လှအောင်က ဆက်ပြောသည်။

    အနီးကျေးရွာရှိ ကော့မိတ်ရွာ၊ ဓမ္မသတ်ရွာ၊ ကော့ဘိန်းရွာအပြင် မော်လမြိုင်မှ မီးသတ်ကားများ ၂၀ စီးခန့်ရှောက်ရှိလာသဖြင့် မီးစတင်လောင်ကျွမ်းပြီး တစ်နာရီခန့်အကြာတွင် ငြိမ်းသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ယခုနှစ် မွန်ပြည်နယ်အတွင်း မီးလောင်မှုများ အနက် ဇန်နဝါရီလ၌ ဖြစ်ပွားခဲ့သော သံဖြူဇရပ် မြို့မဈေးကြီး မီးလောင်မှုသည် တစ်နာရီခန့်ကြာမီးလောင်ကျွမ်း၍ ဈေးတစ်ခုလုံး ပြာကြခဲ့သဖြင့် ဆုံးရှုံး နစ်နာမှု အများဆုံး ဖြစ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks