spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်းသို့ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဆက်လက်များနေဆဲ

    ထိုင်းသို့ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဆက်လက်များနေဆဲ

    -

    မင်းတော်လဝီ – မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်ကိုဆင်နွှဲပြီး ထိုင်းနိုင်ငံသို့ ပြန်လည်အလုပ်လုပ်သည့် အလုပ်သမား များသည် သင်္ကြန်နောက်ပိုင်း ဘုရားသုံးဆူလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ဝင်သည့် မြန်မာ အလုပ် သမားများ ဘုရားသုံးဆူမြို့နှင့် နယ်စပ်ဂိတ်များတွင် များပြားနေသည်ဟု ဘုရားသုံးဆူမြို့မှ သိရ သည်။

    သုံးဆူ-သံဖြူဇရပ်လမ်း၏ ပြေးဆွဲနေသည့် မော်တော်ကားများ(ဓါတ်ပုံ-အဇံ)
    သုံးဆူ-သံဖြူဇရပ်လမ်း၏ ပြေးဆွဲနေသည့် မော်တော်ကားများ(ဓါတ်ပုံ-အဇံ)
    သင်င်္ကြန်လွန်ချိန် ကားလမ်းမပျက်ခင် လမ်းကြောင်းသုံးကြောင်းမှ ဘုရားသုံးဆူမြို့သို့ နေ့စဉ်မော် တော်ယာဉ်ကားကြီးကားငယ်အစီးရေ ၅၀ ကျော် နေ့စဉ်ရောက်ရှိနေပြီး လူဦးရေ ၈၀ဝ မှ ၁၀ဝ၀ ဝန်းကျင် ယခုရက်ပိုင်းမှာရှိနိုင်သည်ဟု မော်တော်ဆိုင်ကယ် အငှားလိုက်နေသူ တဦးက ခန့်မှန်း ပြောသည်။

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်မှာ နပ်စပ်ဖြတ်ကျော်ခွင့်ကို ယခုနှစ်တွင်ဖွင့်ထား၍ ယခုလို မြန်မာနိုင်ငံမှ အလုပ်သမားများယာယီပတ်စပို့ဖြင့် လွတ်လပ်စွာဝင်ရောက်နိုင်သည်ဟု နယ်စပ်လူ ဝင်မှုစီစစ်ရေးဌာနနှင့် နီးစပ်သူ ဘုရားသုံးဆူ မြို့ခံတဦးက ပြောသည်။

    “ယာယီပတ်စပို့ ကိုင်ထားသူတွေဟာ လွန်ခဲ့တဲ့နှစ်တွေမှာ မြဝတီ၊ ကော့သောင်တို့လို နယ်စပ် ဂိတ် တွေကို သွားပြီးဝင်ထွက်လုပ်နေရတယ်၊ အခုတော့ ဘုရားသုံးဆူဂိတ်မှာလည်းဝင်လို့ရနေတော့ အဆင်ပြေနေကြတယ်”ဟု သူကပြောသည်။

    ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီးထိုင်းသို့ဝင်ရောက်ရန် ပြည်နယ်ပြည်မလာသူများ သည် သံဖြူဇရပ်မြို့၊ ရေးမြို့နှင့်ကြာအင်းဆိပ်ကြီးမြို့မှ မော်တော်ယာဉ်လမ်းကြောင်းမှ ရောက်လာသူများ ဖြစ်သည်။

    ယခင်ကထိုင်းဘက်ကို ဝင်ရန်တရားဝင်မရသေး၍ မြန်မာအလုပ်သမားများ ဘုရားသုံးဆူမြို့ကို ရောက်လာသည့်တိုင်အောင် ယခုလို ထင်ထင်ပေါ်ပေါ်မနေရဲပဲဖြစ်နေသည်။ တရားမဝင် အောက် လမ်းမှ ပွဲစားအကူအညီဖြင့်သာ သွားနေရ၍ယခင်နှစ်များမှာ လူအလာနည်းနေရသည်ဟု ပွဲစားတဦးကပြောသည်။

    “ထိုင်းဘက်ကိုချက်ချင်းမဝင်ရသေးရင် ဂျပန်ရေတွင်း၊ ကြံတောနဲ့ဘုရားသုံးဆူ ရပ်ကွက်တွေမှာ စေင့်ဆိုင်းနေတာလည်းရှိတယ်၊ တချို့ကချက်ချင်းဝင်ခွင့်ရဖို့ ဂိတ်တွေမှာတန်းစီပြီး အစစ်ဆေးခံ နေတာ လူပေါင်းအတော်များများတန်းစီ နေတယ်” ဟု အငှားလိုက်ဆိုင်ကယ်သမားက ပြောသည်။

    ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား တဦးက စစ်ဆေးရေး ဂိတ်များ တွင် ထိုင်းဘတ် ၂၀ဝ ပေးဆောင်ပြီး စာရွက်စာတမ်းများကိုစစ်ဆေးပြီး ထိုင်းနိုင်ငံတွင်းသို့ တရား ဝင်ဝင်ခွင့်ပြုသည်။

    “တချို့အလုပ်ရှင်တွေကျတော့ကိုယ့်အလုပ်သမားတွေနဲ့ အချိတ်အဆက်လုပ်ပြီး နယ်စပ်ဘုရားသုံး ဆူအထိ မော်တော်ယာဉ်နဲးလာကြိုလို့ ငွေမကုန်ဘူး၊ သွားလာရေး အဆင်ပြေကြတယ်၊ အလုပ်ရှင် လာမကြိုတဲ့သူကြတော့ ဘတ်ငွေ ၂၀ဝ အပြင် လမ်းစရိတ်ပါထပ်ကုန်တယ်”ဟု ဘုရားသုံးဆူမြို့က အလုပ်သမားအရေးကူညီပေးနေသည့် အဖွဲဝင်တဦးကပြောသည်။

    ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်အလုပ်လုပ်သူများသည် ယာယီနိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များကိုင်ထားသူက ဦးရေများပြားပြီး အောက်လမ်းမှ ဝင်သူရောက်သူများအနေနှင့် ဦးရေ နည်းသည်။

    သို့သော် အောက်လမ်းမှပွဲစားအကူအညီဖြင့် ဝင်ရောက်ရသည့်လူများမှာ သွားရောက်သည့် မြို့ အနီးအဝေးအလိုက် လူတဦးကို ဘတ် ၈၀ဝဝ မှ ၁၀ဝဝဝ အထိပွဲစားကို ပေးနေရသည်ဟု သိရ သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks