Monday, March 16, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံမဟာချိုင်မြို့ရှိ မွန်အလုပ်သမားများကို ပါဝါမြူဇစ် မွန်တေးဂီတအဖွဲ့ ဖြင့် ဖျော်ဖြေ

    ထိုင်းနိုင်ငံမဟာချိုင်မြို့ရှိ မွန်အလုပ်သမားများကို ပါဝါမြူဇစ် မွန်တေးဂီတအဖွဲ့ ဖြင့် ဖျော်ဖြေ

    -

    မင်းတော်လဝီ – မွန်ပြည်နယ်မှ ပါဝါမြူဇစ် မွန်တေးဂီတအဖွဲ့သည် ထိုင်းနိုင်ငံရောက် မွန်အလုပ်သမားများကို သင်င်္ကြန်အကြပ် နှင့်အတက်ရက်များဖြစ်သည့် ဧပြီလ၁၅နှင့်၁၆ရက်ညများ၌ မဟာချိုင်မြို့ရှိ ဝပ်ခွပ်မွန်ဘုန်း တော်ကြီးကျောင်းတွင် မွန်ဂီတဖျော်ဖြေမှုဖြင့် တင်ဆက်ရာ လာရောက်အား ပေးသည့်ပရိဿတ်များနှင့် စည်ကားကြောင်းသိရသည်။

    Power Music
    Power Music

      အဆိုပါဖျော်ဖြေမှုသည် သင်္ကြန်အခါတွင်းအလုပ်ပိတ်ရက်ဖြစ်သည်နှင့်အညီ မဟာချိုင်မြို့နှင့်အနီး ဝန်းကျင်မြို့များမှ မွန်အလုပ်သမား (၃၀ဝ၀)ကျော်လာရောက်နားဆင် အားပေးပြီး ကျောင်းဝင်း တခုလုံးပြည့်လျှံသွားသည်ဟု ပါဝါမြူဆစ် မွန်တေး ဂီတအဖွဲ့မှ တေးသံရှင် ကျမွီချန်း ကပြောသည်။

    ပါဝါမြူဇစ်မွန်တေးဂီတအဖွဲ့တွင်ပါဝင်သီဆိုတီးခတ်သူများမှာတေးသံရှင်ကျမွီချန်း၊အဂ္ဂ၊သူရိယမန်၊သုဝမ်၊ကဏ္ဍ၊ ရူပါ၊ အမ္မရာ၊ ပဉ္စဝီ နှင့်အဖွဲ့ဝင် ၁၅ ဦးက လာရောက်ဖျော်ဖြေတင်ဆက်ပေးသည်ဟု သိရသည်။

    “ကျောင်းဝင်းကမီးထိန်ထိန်နှင့်အေးချမ်းတဲ့ညချမ်းချိန်ခါအောက်မှာများပြားလှတဲ့မွန်ပရိဿတ်တွေကိုမွန်ဂီတေးဂီတနှင့်တင်ဆက်ပေးရလို့သိပ်ပျော်မိတယ်၊ပရိဿာတ်တွေလည်းသိပ်ပျော်ကြတယ်”ဟု ကျမွီချန်းကပြောသည်။

    မွန်အလုပ်သမားတွေ သင်္ကြန်အလုပ်ပိတ်ရက်မှာကိုယ့်မွန်ဒေသကို မပြန်နိုင်တဲ့ လူတွေအတွက် အလွမ်းပြေစရာ လို့ပြောနိုင်တယ်၊ဒါ့ပြင်ဖျော်ဖြေပွဲ ကနေရလာတဲ့ငွေကို လည်းဝပ်ခွပ်ဘုန်း တော် ကြီးကျောင်းဝင်းမှာ ဘုရားတည်ရာ မှာသုံးသည်၊အလှူငွေအဖြစ်ကုသႝုပါဝင်ရ၍ပီတိဖြစ်ရသည်ဟု မဟာချိုင်တွင်အလုပ်လုပ်နေသည့် နိုင်အောင်က ပြောသည်။

    “ပထမညထက်ဒုတိယညမှာပရိဿတ်ပိုများတယ်၊ရုံဝင်ကြေးအဖြစ် တစ်ဦးကိုထိုင်းဘတ် ၂၅၀ ယူပြီးတော့ ဘုရားအတွက်ငွေတော်တော်ရသွားတယ်၊ပါဝါမြူဆစ်အနေနဲ့လည်းငှါးခ လျော့ပေးပြီး အလှူပါဝင်သွားတယ်”ဟု နိုင်အောင်ကပြောသည်။

    ပါဝါမြူဇစ်မွန်တေးဂီတအဖွဲ့သည် မွန်ပြည်နယ်တကြောတွင် နာမည်ရမွန်တေးဂီ တအဖွဲ့တဖွဲ့ဖြစ်ပြီး ငှါးရမ်းခမှာ (၂)ညကိုသိန်း (၆၀)ဖြစ်သည်။ငှါးရမ်းသည့်မွန်ပရိဿတ်များမှယခင်နှစ်က ပွဲဆက် ပေါင်း၃၀ကျော် ရပြီး ယခုနှစ် မှာ ပွဲဆက်ပေါင်း ၃၀ ခန့်သာ ရသည် ဟုကျမွီချန်းကပြောသည်။

    ထို့အတူ မွန်ပြည်နယ်မှမွန်တေးဂီတအဖွဲ့တဖွဲ့ဖြစ်သည့် ဂီတမွန်အဖွဲ့လည်း ဧပြီလ ၁၂-၁၃ရက်နေ့၌ ထိုင်းနိုင်ငံ ဖန်ငမြို့တွင် ထိုင်းနိုင်ငံသင်္ကြန်အကြိုရက်များမှာ မွန်ဂီတဖျော်ဖြေတင်ဆက်ပွဲကိုလည်း တင်ဆက်သေးသည်။ ဖန်ငမြို့နှင့်ဖန်ငမြို့အနီးတွင်နေထိုင်အလုပ်လုပ်နေသည့်မွန် အလုပ်သ မားများ လာရောက်အားပေး၍ စည်ကား သည်ဟု မွန်ဂီတအဖွဲ့မှ တေးသံရှင် ပါမောက္ခချန်းက ပြောသည်။

    ဂီတမွန်တေးဂီတအဖွဲ့တွင် နိုင်ဇာတိကခေါင်းဆောင်၍၊ တေးသံရှင်များမှာ ပါမောက္ခချန်း၊ လယီ ခေတ်၊အောက် ဖွန်၊ဂမ္ဘီချန်း၊ ဂီတ၊နဒီ၊ တီးခတ်ပညာရှင်များမှာအတ်ချန်းနှင့်အဖွဲ့ ၄ဦးပါဝင် သီဆို တီးခတ်သည်ဟုသိရသည်။

    “ဒီဖန်ငဒေသမှာ မွန်ဂီတအဖွဲ့အနေနဲ့ ပထမအကြိမ် လာရောက်ဖျော်ဖြေတဲ့ ပွဲဖြစ်လို့ လာမယ်ဆိုတဲ့ သတင်း အတိအကျမရလို့ ပရိဿတ်အချို့မလာရောက်နိုင်တာရှိတယ်၊ ဒါတောင်ပရိဿတ် အ တော်များများလာတယ်၊ ရတဲ့ငွေကို မွန်အဖွဲ့ ရန်ပုံငွေအတွက်ပဲ”ဟု သူကပြောသည်။

    အလုပ်အားရက်မှာ ယခုကဲ့သို့ မွန်ဂီတအဖွဲ့ရဲ့ တင်ဆက်ဖျော်ဖြေမှုကို အပန်းဖြေနားဆင်ခွင့် ရ သည့်ပြင် မွန်အဖွဲ့ ရန်ပုံငွေလည်းရ၍စီစဉ်ပေးသူများကိုကျေးဇူတင်ပြီး နောင်အခွင့်အခါသင့်လျှင် မွန်တေးဂီတ၊တဖွဲ့ဖွဲ့လာရောက် ဖျော်ဖြေဖို့ မွန်အလုပ်သမား အများစုက လိုလားနေကြသည်။

    “ဒီအချိန်မှာမွန်အလုပ်သမားအများစုဟာ ပတ်စို့ကိုင်ထားသူများဖြစ်ကြလို့ ဟိုတုံးကလို ထိန့်လန့် ကြောက်ရွံ့စရာ မလိုပဲ အေးချမ်းလွတ်လပ်စွာ မွန်တေးသံကို နားဆင်ခွင့်ရလို့ မွန်ဒေသမှာနေနေ ရသလိုပဲ ခံစားရတယ်”ဟု ထိုင်းနိုင်ငံ ဖန်ငမှာအလုပ်လုပ်နေသည့် ကျိုက္မရောမြို့မှ မိမြဝင်း က ပြောသည်။

    ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှ တရားဝင်နှင့်တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားဦး ရေမှာလေးသန်းကျော်ရှိနိုင်သည်ဟုအလုပ်သမာအရေး အကျိုးဆောင်အဖွဲ့များမှ ခန့်မှန်းထားသည်။ ၄င်းထဲတွင် မွန်လူမျိုးဦးရေသည် ထိုင်းနိုင်ငံတွင်း၌ ၅ သိန်းခန့် ရှိပြီးမ ဟာချိုင် မြို့မှာပင် မွန်အလုပ်သမား တစ်သိန်း ခန့်အ လုပ်လုပ်နေ သည်ဟုရာမညမွန် အလုပ်သမားအဖွဲ့မှ ခန့်မှန်းထားကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks