spot_img
Monday, February 23, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့မှ မွန်လူငယ်များ မွန်ရိုးရာသက်ကြီးပူဇော်ပွဲကို စည်ကားစွာကျင်းပ

    ပဲခူးမြို့မှ မွန်လူငယ်များ မွန်ရိုးရာသက်ကြီးပူဇော်ပွဲကို စည်ကားစွာကျင်းပ

    -

    မင်းတော်လဝီ – ပဲခူးတိုင်း ပဲခူးမြို့မှမွန်လူငယ်များဦးဆောင်လုပ်သည့် (၁၄)ကြိမ်မြောက်မွန်ရိုးရာမွန်သက်ကြီးပူဇော်ပွဲကို ၁၃၇၅ ခုနှစ် တန်ခူးလ္ဆန်း၇၊ ဧပြီလ ၁၇ ရက်နှစ်ဆန်း၁ရက်နေ့တွင် ပဲခူးမြို့ ဟင်္သာကုန်း ၁၉ မွန်စံပြရပ် ကွက် ၏အခမ်းအနားမဏ္ဍပ်တွင် စည်ကားစွာကျင်းပသည်။

    အဆိုပါသက်ကြီးပူဇော်ပွဲသို့ ကန်တော့ခံ ဘိုးဘွားများအပါအဝင် မွန်စံပြရပ်နှင့် မွန်လူမျိုးအများစု နေထိုင်သည့် ဘုရားကြီးမြို့၊ ဥဿာမြို့၊မဟာစေတီ၊အင်းဝင်၊သနပ္ပင်မြို့၊ရွှေတန်၊ပြဟန်ရွာမှ မွန်လူလတ် လူငယ်များ အပါအဝင် ဦးရေ ၆၀ဝ ကျော်တက်ရောက် ကန်တော့ကြသည်ဟု ကျင်းပရေးကော်မတီမှ မင်းမင်းထော က ပြောသည်။

    “ဒီကနေ့ဒီပူဇော်ပွဲကို အဘိုးအဘွားရဲ့အသက်က (၇၇) နှစ်နဲ့အထက်သတ်မှတ်ထားတယ်၊ (၈၃) ဦး ကန်တော့ ခံနိုင်တယ်၊မွန်စံပြရပ်နဲ့ အခြားရပ်ကွက်ဘိုးဖွားတွေလည်းတက်ရောက်လာနိုင်တယ်၊ မနှစ် ကထက်ဘိုးဖွားဦးရေပို များလာတယ်” ဟုမင်းမင်းထောကပြောသည်။

    ဘိုးဘွားများကို စားဘွယ်ရာများကို ကျွေးမွေးလှူဒါန်ပြီးအမွှေးနံ့သာရေ ဖြင့်ပက်ဖြန်းသည်။ တက် ရောက်လာ သည့်ပရိဿာတ်များကရို သေလေးမြတ်စွာရှိခိုးကန် တော့ပြီးအဘိုးတဦးနှင့် အဘွား တဦးကဆုတောင်းပတ္ထနာ ပြု ပြီးဆုံးမ စကားပြောကြားသည်။

    အခမ်းအနားပြီးမှာဆက်လက်ပြီး ပဲခူးမြို့ ရွေမော်ဓေါအနောက်ဘက်မုခ်ရှိ မွန်ဓမ္မာရုံတွင် ရပ်ကွက် ပေါင်းစုံမှမွန်လူငယ်များရွှေမော်ဓေါစေတီတော်မြတ်ကိုိုသွား၍ရွှေမော်ဓေါဘုရားကိုအာရုံပြုဆုတောင်းမင်္ဂလာပွဲဆက်လက် ပြု လုပ်ကြကြောင်း ကို ပူဇော်ပွဲကျင်း ပရေးအဖွဲ့ဝင်တဦးကပြောသည်။

    ဘိုးဘွားများကို နှစ်စဉ်နှစ်ဦးမင်္ဂလာမှာမွန်ရိုးရာနှင့်ပူဇော်ပွဲကျင်းပလာနိုင်သည်မှာ မွန်လူငယ်များသည် မိဘဘိုး ဘွားများကို ရိုသေလေးစားသမှုပြုလိုခြင်း ၊ပြည်ပနိုင်ငံမှာမွန်လူငယ်များအလုပ်လုပ်ပြီးပြန် လည်ချိန်မှာ ရရှိလာ သည့်ငွေကိုအကျိုးရှိစွာလှူဒါန်းလိုကြလို့ ယခုလိုမွန်လူငယ် တွေစုပေါင်းပြီး သက် ကြီးပူဇော်ပွဲလုပ်လာ ကြသည်ဟု နိုင်သန်းရှင်၊ ပဲခူးမြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်က ပြောသည်။

    ပဲခူးမြို့ကိုယ်စားပြု မွန်ရိုးရာသက်ကြီးပူဇော်ပွဲကို မွန်စံပြမှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်ပြီးဤရပ်ကွက်မှာ မွန်လူမျိုး အများဆုံးနေ ထိုင်သည့်ရပ်ကွက်လည်းဖြစ်သည်။

    “ဒီနှစ်ဆန်းရဲ့၁၄ကြိမ်မြောက်မွန်ရိုးရာ သက်ကြီးပူဇော်ပွဲ ဖြစ်မြောက်ရေးအတွက် ငွေကြေးပါဝင်လှူ ဒါန်တဲ့ ပြည်ပ မလေးရှားရောက်မွန်လူငယ်တွေကကျပ်နှစ်သိန်း စင်္ကာပူကကျပ်နှစ်သိန်နဲ့မွန်စံပြရပ်က စေတနာ ရှင်တွေ ရဲ့လှူဒါန်းငွေကျပ်၄သိန်း ကျော်နှင့်စုစုပေါင်းငွေကျပ် ရှစ်သိန်းကျော် လက်ခံရရှိပြီး ယခုလိုစည်စည်ကားကားလုပ်နိုင်ခဲ့တာ”ဟုမင်းမင်းထောကပြော သည်။

    ဘိုးဘွားပေါင်း ၈၃ ဦးကို တစ်ဦးလျှင် ငွေသား (၈၀ဝ၀)ကျပ် လှူဒါန်းနိုင်ပြီး လှူဖွယ်ပစ္စည်းများ ကို လည်း လှူဒါန်းနိုင်ခဲ့သည်။တက်ရောက်လာသည့် ပရိဿာတ်များကိုလည်းမွန်ရိုးရာအစားစာများဖြင့် ကျွေးမွေးဧည့်ခံ ကြကြောင်းသိရသည်။

    နှစ်ဆန်း၁ရက်မှာပင် မွန်စံပြရပ်ကွက်မှကော့ပနောရပ်မှာလည်း သက်ကြီးပူဇော်ပွဲ ကျင်းပပြီး ဘိုး ဘွား အသက်၇၅နှစ်နှင့်အထက်ကိုပူဇော်သည်။ဒါ့အပြင် သင်္ကြန်အတက်နေ့ကလည်း မွန်စံပြရပ်ကွက်ခရာ ရပ်မှာ အသက် ၇၀ နှင့်အထက် ဘိုးဖွား ၈၀ ကျော် ကန်တော့ခံပြီး ငွေသားနှင်းပစ္စည်းများကို လှူဒါန်း သည်ဟု သိရသည်။

    ၄င်းပြင်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသက် ၉၈-၉၉နှင့်၁၀ဝ အထက်ဘိုးဘွားများကို အိမ်တိုင် ယာရောက် လာကန်တော့ရာမှာမွန်စံပြရပ်ကွက်မှ မွန်အဘိုးအဘွား၅ ဦးလည်းကန်တော့ ခံရာမှာပါဝင် သည်။ ဘိုးဘွား တစ်ဦးဦးကိုငွေသား ကျပ်တစ်သောင်း၊အဝတ်ထည်၊မုန့်များ ကိုလှူဒါန်းသွားသည်ဟု နိုင်သန်းရှင်က ပြောသည်။

    ထိုနည်းတူရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ မွန်ဓမ္မာရုံ တွင်နှစ်စဉ် ကျင်းပမြဲ မွန်သက်ကြီးရွယ်အိုများကိုမွန်ရိုးရာ ထုံးတမ်းစဉ်လာနှင့်အညီ ပူဇော်ပွဲကိုဧပြီလ ၁၇ ရက် နှစ်ဆန်း၁ ရက်နေ့မှာ ကျင်းပသည်။ ၄င်းအပြင်မွန်ရိုးရာသင်္ကြ ထ္မင်းနှင့်လည်း ကျွေးမွေးဧည့်ခံ ကြောင်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks