Monday, March 16, 2026
More
    spot_img
    Homeသတင်းပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ မော်လမြိုင်တွင်ကျင်းပမည်

    ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ မော်လမြိုင်တွင်ကျင်းပမည်

    -

    အေမီ – ပထမအကြိမ် တိုင်ရင်းမီဒီယာညီလာခံကို နိုင်ငံတကာ မြန်မာ့သတင်း Burma News International မှ ဦးဆောင်ပြီး ဧပြီလ ၂၅ ရက် မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဟု သိရသည်။

    BNI အင်တာနက်သတင်းစာမျက်နှာ(IMNA)
    BNI အင်တာနက်သတင်းစာမျက်နှာ(IMNA)

    အဆိုပါ တိုင်းရင်းမီဒီယာညီလာခံကို မွန်ပြည်နယ် မော်လမြိုင်မြို့၊ Strand Hotel တွင် ကျင်းပမည်ဟု သတင်းမှတ်တမ်းတာဝန်ခံ နိုင်ဗညားအောင်က ပြောသည်။

    “တိုင်းရင်းမီဒီယာကိုနိုင်ငံတကာစံချိန်စံညွန်းနှင့်ပြည့်စုံပြီး ဒီမိုကရေစီနည်းကျသည့် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ တိုင်ရင်းဒေသများတွင် ဘက်စုံမာလ်တီမီဒီယာပေါ်ထွန်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းမီဒီယာများ၏ အခန်းကဏ္ဍမြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်” ဟု သူကပြောသည်။

    ယင်းညီလာခံသို့ နေပြည်တော်ပြန်ကြားဝန်ကြီးနှင့်ဌာနအကြီးအကဲများ၊ မွန်ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိနိုင်ငံရေးပါတီများနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ မြန်မာ့မီဒီယာအဖွဲ့အစည်းများ၊ နိုင်ငံတကာကျွမ်းကျင်သူများလည်း ပါဝင်တက်ရောက်မည်ဟု သိရသည်။

    ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီမှ တိုင်းရင်းသား မီဒီယာကိုယ်စားလှယ် ၂ ဦးနှင့် စုစုပေါင်းကိုယ်စားလှယ် ၉၀ ဦးခန့် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ကြောင်း နိုင်ဗညားအောင်က ပြောသည်။

    ထိ်ုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် နိုင်ငံတကာ မြန်မာ့သတင်း BNI ကို ၂၀ဝ၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား သတင်းဌာန ၁၁ ခု ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks