spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းပဲခူးမြို့နယ်၏ နွေရာသီမွန်စာပေနှင့် ယဉ်ကျေးမှုသင်ကြားရေးကို မွန်လူငယ်များပိုစိတ်ဝင်စားလာ

    ပဲခူးမြို့နယ်၏ နွေရာသီမွန်စာပေနှင့် ယဉ်ကျေးမှုသင်ကြားရေးကို မွန်လူငယ်များပိုစိတ်ဝင်စားလာ

    -

    မင်းတော်လဝီ – ပဲခူးမြို့မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားနေသောနွေရာသီ မွန်စာ ပေ နှင့်ယဉ်ကျေးမှုသင်တန်းကို ပဲခူးမြို့ပေါ်နှင့် ပဲခူးမြို့နယ်အတွင်းရှိ မွန်လူမျိုးများနေ ထိုင်သော ရွာများ မှ မွန်လူငယ်များသည် ယခုနှစ်မှာပိုမိုတက်ရောက်သင်ကြားနေကြကြောင်းသိရသည်။

    “ပဲခူးမှာနွေရာသီမွန်စာပေကိုယခင်နှစ်က မွန်ဘုန်းတော်ကြီးကျောင်းတွေမှာပဲ သိုသိုသိပ်သိပ်နဲ့ မဝံ့ မရဲ သင်ကြား လာရလို့ခါတိုင်းနှစ်တွေ ဆိုကလေးတွေတစ်ရာ လောက်တောင်မရှိခဲ့ဘူး”ဟု ပဲခူးမြို့ နယ်မွန် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဝင် တဦးဖြစ်သူ နိုင်သန်းရှင်ကပြောသည်။

    ယခင်နှစ်များတွင်ကျင်းပခဲ့သော မွန်ပရိယတ္တိစာဖြေပွဲ( Photo- imna)
    ယခင်နှစ်များတွင်ကျင်းပခဲ့သော မွန်ပရိယတ္တိစာဖြေပွဲ( Photo- imna)
    မွန်စာပေနှင့် ယဉ်ကျေးမှုသင်တန်းကို ယခင်များက ဘုန်းတော်ကြီးများကဦးဆောင်၍ စာသင်တိုက် စာမေးပွဲဖြေဆိုပြီး၍ မိမိရပ်ရွာဆီလာရောက် အနားယူသည့် စာသင်သားသံဃာတော်များက ကလေး များကိုလိုက်လံစုဆောင်းပြီး မွန်စာကိုသင်ကြားပေးခဲ့ရသည်။“အခုနှစ်မှာဘုန်းတော်ကြီးကျောင်းမှာတောင်မကတော့ပဲ အစိုးရစာသင်ကျောင်းမှာ တက်ပြီး နွေရာ သီမွန်စာပေ ကို ဖွင့်လှစ်သင်ကြားနိုင်ပြီ”ဟု နိုင်သန်းရှင်ကပြောသည်။

    နွေရာသီမွန်စာပေသင်တန်းမှာတက်ရောက်သင်ကြားနေသည့် ကျောင်းသားမိခင်တဦးက“ဒီနှစ် ပဲခူးမြို့ မွန်စံပြ ရပ်ကကလေးတွေ ဘုန်းကြီးကျောင်းနဲ့နီးတဲ့ကလေးတွေ ဘုန်းကြီးကျောင်းမှာတက်သင်ကြ တယ်၊ ဒီနှစ်ကျ တော့မွန်စံပြရပ်မူလတန်းလွန်ကျောင်းမှာတင် ကလေး ပေါင်း၂၀ဝကျော် နွေရာသီ မွန်စာသင်နေကြတယ်”ဟုပြောသည်။

    ကလေးများနွေရာသီမွန်စာပေသင်ချိန်မှာ မွန်ဝတ်စုံတွေဝတ်ပြီးမွန်စာလာသင်ကြတာကို မွန်စာကို တတ်လိုတဲ့ဗမာကလေးတွေပါ မွန်စာလိုက်သင်နေတာလည်းရှိသည်ဟု ကျောင်းသားမိဘ ကပြော သည်။“ဒီနှစ်မူလတန်းအရွယ်ကလေးငယ်တွေတောင်မကဘူး အလယ်တန်း အဆင့်ကလေးတွေ သုံးပုံမှာ တစ်ပုံလောက် ရှိနေတယ်၊မွန်စာတတ်လာရင် ဖတ်စရာမွန်စာပေတွေလည်းအသင့်အတင့်ရှိလာသလို မွန်အခွေသီချင်းရော ဗီဒီယိုကမွန်စာတန်းထိုးတွေကိုရောကလေးတွေ တော်တော် ဖတ်တတ် နေပြီ” ဟုမွန်စာပေကိုပို့ချသင်ကြားပေးနေ သည့် သာသနာဒိပ္ပမွန်ကျောင်းက ဦးပဉ္ဇင်းတပါး ကမိန့် သည်။

    ပဲခူးမြို့ပေါ်တွင် နွေရာသီမွန်စာပေနှင့်ယဉ်ကျေးမှု သင်တန်းကို ရပ်ကွက်(၁၉) ဟင်္သာကုန်းမွန်စံပြ ရပ်မှ မူလ တန်းလွန်ကျောင်း တွင်ကျောင်းသား(၂၀ဝကျော်)သသနာဒိပ္ပမွန် ကျောင်းတွင်(၁၅၀) ကျော် တက်ရောက်သင်ကြားနေသည်။၄င်းပြင်ကျိုက်ပေါ၊ ဘုရင်းနောင်၊ကြေးနီကန်နှင့် မဟာစေတီရပ်ကွက်(၄)ရပ်ကွက်ပေါင်းပြီးမဟာစေတီ အစိုးရမူလတန်း ကျောင်းမှာကျောင်းသား(၁၀ဝ) ခန့် တက်ရောက်သင်ကြားနေသည်ဟု နိုင်သန်း ရှင် ကပြောသည်။

    “ဒါ့ပြင်ပဲခုးမြိုနယ် ဘုရားကြီးရွာ၊ဖောင်ကြီးရွာကလည်းမွန်စာပေသင်ကြားနေကြပြီး ကျောင်းဆင်းပွဲနဲ့ ဆုပေးပွဲကျ ချိန်မှာ ပဲခူးမြို့ သာသနာ့ဒိပ္ပမွန်ကျောင်းမှာ မေလကုန်ရက်ပိုင်းတွင် မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ မှကျောင်းဆင်းပွဲနှင့်ဆုပေးပွဲကိုအခမ်းအနားကိုကျင်းပပေးမည်ဟုမွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် တဦး ကပြော သည်။

    ပဲခူးမြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ယာယီ)အဖွဲ့ကို မွန်စံပြရပ်မှနှစ်ပေါင်းများစွာကတည် ထောင်ခဲ့သည့်မွန်ဘာသာရေးအသင်း၊ မွန်ဆွမ်းလောင်းအသင်းမှအကျိုးဆောင်လူများကိုစုစည်းပြီး ၂၀၁၂ခုနှစ်မှာ မွန်စာ ပေနှင့်ယဉ်ကျေးမှုကော် မတီအဖြစ်ဖွဲ့စည်းနိုင်ခဲ့သည်။ အဖွဲ့၏နာယကများအဖြစ် နိုင်စိုးသိန်း(တိုင်းတရားသူကြီးအ ငြိမ်းစာ)နိုင်ငြိမ်းအောင်နှင့် အဖွဲ့ဝင်များအဖြစ်နိုင်စိန် သောင်း၊နိုင်သန်း ရှင်၊နိုင်ချစ်ခိုင်တို့မှနွေရာသီမွန်စာပေသင် ကြားရေးကို ဦးစီးဆေင်ရွက်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks