spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းNLD ပြည်နုယ်အဆင့်ခေါင်းဆောင်များ ဘုရားသုံးဆူမြို့တွင်ရှင်းလင်းပွဲကျင်းပ

    NLD ပြည်နုယ်အဆင့်ခေါင်းဆောင်များ ဘုရားသုံးဆူမြို့တွင်ရှင်းလင်းပွဲကျင်းပ

    -

    မင်းသုတ – မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် NLD ခေါင်းဆောင်များ ဘုရားသုံးဆူမြို့၊ NLD ရုံး၌ ယမန်နေ့တွင်ရှင်းလင်းပွဲတစ်ရပ်ကျင်းပခဲ့သည်။

    ယင်းရှင်းလင်းသို့ ဒေသခံ NLD အဖွဲ့ဝင်များ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ဒေသခံလူထုများအပါအဝင် အင်အား တစ်ရာကျော်တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ပုံ(၂) ရှင်းလင်းပွဲ အခမ်းအနားမြင်ကွင်း
    ပုံ(၂) ရှင်းလင်းပွဲ အခမ်းအနားမြင်ကွင်း

    ပုံ(၁) မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်
    ပုံ(၁) မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်
    ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် NLD ကရင်ပြည်နယ်ဥက္ကဌ ဒေါ်နန်းခင်ထွေးမြင့်က “ NLD ဗဟိုညီလာခံမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ခဲ့ပြီးနောက် ဗဟိုအလုပ်အမှုဆောင်တွေကိုတော့ သူနဲ့တွဲပြီးအလုပ်လုပ်ရမယ့်သူ ဖြစ်တဲ့အတွက် သူကိုယ်တိုင်ပဲရွေးခွင့်ပြုပါလို့ သဘာပတိကိုတောင်းခံခဲ့တယ်၊” ဟု ပြောသည်။

    ပြည်နယ်တိုင်း ၁၄ ခုအတွက် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များကို ဒေါ်ဆောင်ဆန်းစုကြည်က တိုက်ရိုက်ရွေးချယ်ခန့်အပ်ခဲ့ရာတွင် ဒေါ်နန်းခင်ထွေးမြင့် ပါဝင်ခွင့်ရရှိခဲ့ပြီး ကရင်ပြည်နယ် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။

    ဒေါ်နန်းခင်ထွေးမြင့်က “ဒီဗဟိုအလုပ်အမှုဆောင်တွေကို အချက် ၃ ချက်ထားပြီး ရွေးချယ်ခဲ့ပါတယ်၊ နံပါတ်တစ်အချက်က သစ္စာတရား၊ နံပါတ်နှစ်အချက်က ကျွမ်းကျင်မှု၊ နံပါတ်သုံးအချက်က တိုင်းရင်းသားဖြစ်ရမယ်ဆိုတဲ့နေရာမှာ မိန်းခလေးတွေကို ဦးစားပေးရွေးချယ်တယ်” မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားသည်။

    ထို့အတူ မွန်ပြည်နယ် NLD ဥက္ကဌအဖြစ်ရွေးချယ်ခံရသူ မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်က “ဘုရားသုံးဆူမြို့ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက်အထိုက်အလျှောက်စည်ကားပေမယ့် ကြာအင်းဆိပ်ကြီးမြို့က မော်တော်ကားနဲ့ ၇ နာရီကြာလာခဲ့ရပါတယ်၊ ခရီးမိုင်က ၅၈ မိုင်ပဲရှိတယ်၊ တကယ်လို့လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်ရင် တစ်နာရီလောက်ပဲကြာပါတယ်၊ ဒီလမ်းကိုကြည့်ခြင်းအားဖြင့် နယ်စပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အများကြီးလုပ်ရဦးမယ်လို့ ကျမတို့ရင်ဝယ်ပိုက်သွားပါတယ်” ဟု မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ထို့အပြင် နယ်စပ်မြို့များအား ဖြစ်ဖြစ်မြောက်မြောက်နှင့် အောင်အောင်မြင်မြင်လုပ်နိုင်မှသာလျှင် နိုင်ငံ၏တိုးတက်ရေးဖြစ်လာလိမ့်မည်ဟု သူမယုံကြသည်ဟု ပြောသည်။

    ၄င်းတွေ့ဆုံရှင်းလင်းပွဲအခမ်းအနားသည် နံနက် ၈ နာရီမှ တစ်နာရီလေးဆယ့်ငါးမိနစ်ကြာမြင့်ခဲ့ပြီး နောက် နှုတ်ဆက်စကားပြောဆိုကြစဉ် ဒေသခံအချို့က လွှတ်တော်သို့တင်ပြစေလိုသည့်အကြောင်းအရာများအား တင်ပြခဲ့ကြသည်။

    ဘုရားသုံးဆူမြို့နယ်ခွဲ NLD တာဝန်ခံကလည်း ဒေါ်အောင်ဆန်းဆုကြည်အား ဘုရားသုံးဆူမြို့သို့လာရောက်ရန် အခမ်းအနားတွင် ပြောကြားခဲ့သည်။

    ယခု NLD ဗဟိုအလုပ်အမှုဆောင်တို့၏ ဘုရားသုံးဆူမြို့ခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks