spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းနိုင်ငွေသိမ်း၏ နှစ် ၉၀ ပြည့်မွေးနေ့အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း

    နိုင်ငွေသိမ်း၏ နှစ် ၉၀ ပြည့်မွေးနေ့အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း

    -

    အေမီ – မတ်လ ၁၉ ရက် အင်္ဂါနေ့တွင် မွန်ဒီမိုကရေစီပါတီ MDP ဥက္ကဌ နိုင်ငွေသိမ်း၏ နှစ် ၉၀ ပြည့်မွေး နေ့အထိမ်းအမှတ်ဖြစ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပခဲ့သည်ဟု သိရသည်။

    ချောင်းဆုံမြို့နယ်အဆင့် မွန်ဒီမိုကရေစီပါတီ ရုံးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငွေသိမ်းအား မြင်တွေ့ရပုံ
    ချောင်းဆုံမြို့နယ်အဆင့် မွန်ဒီမိုကရေစီပါတီ ရုံးဖွင့်ပွဲအခမ်းအနားတွင် နိုင်ငွေသိမ်းအား မြင်တွေ့ရပုံ
    ဥက္ကဌ နိုင်ငွေသိမ်း၏ မွေးနေ့ကို ရန်ကုန်တိုင်း၊ တပ်ကုန်းမြို့နယ် သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်း တွင် နံနက် ၉ နာရီမှစတင်၍ နေ့လည်ဆွမ်းဖြင့် သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့သည်။

    နိုင်ငွေသိမ်းက “မွေးနေ့အမှတ်တရတော့ သိပ်စီစီကားကားမဟုတ်ပါဘူး၊ အိမ်ကမိသား စုနဲ့လူငယ်အယောက် ၂၀ တွေနဲ့ အကျဉ်းချုပ်ပဲလုပ်လိုက်တယ်” ဟု ပြောသည်။

    ယမန်နှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငွေသိမ်း၏ အသက် ၉၀ ပြည့် မွေးနေ့အကြိုကို မွန်ပြည်နယ် မော်လမြိုင်မြို့ မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    အသက် ၈၉ နှစ်ပြည့် မွေးနေ့ပွဲတွင် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မဟာသန္တိသုခ ဗုဒ္ဓသာ သနာပြု ကျောင်းတော်ကြီးတွင် ကျင်းပခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ မွန်အဖွဲ့အစည်း အသီးသီးမှ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

    နိုင်ငွေသိမ်းသည် အဖ နိုင်သာဒွန်းနှင့် အမိ မိငွေသုန်တို့မှ မွေးဖွားခဲ့သည့် မောင်နှမ ၅ ဦးအနက် အကြီးဆုံးသားဖြစ်ပြီး၊ ၁၉၄၂ ခု အသက် ၁၉ နှစ်အရွယ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA မှ စပြီး နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။

    ထို့နောက် မွန်လူမျိုးရေးရာအဖွဲ့၌ အထွေထွေ အတွင်းရေးမှူး၊ အာရှ လူငယ်အစည်းအရုံးဝင်၊ ရာမညတိုင်း လုံးဆိုင်ရာ မွန်ရေးရာအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်၊ မွန်ရေးရာအဖွဲ့နှင့် မွန်တိုင်းရင်းသားအဖွဲ့ ပူးတွဲတပ်ဖွဲ့ စစ်ရေးတာဝန်ခံ၊ မွန်ပြည်သူ့တပ်ဦး နိုင်ငံခြား ရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၈ မွန်ပြည်သူ့တပ်ဦး ဥပဒေဘောင်အတွင်း ဝင်ရန် ဦးနု အစိုးရထံ လက်နက်အပ်စဉ်တွင် ပါဝင်ခဲ့သည်။

    နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆၃ မှ ၁၉၆၅ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၁ မှ ၁၉၉၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၈ မှ ၂ဝဝ၄ ခုနှစ်တွင် တစ်ကြိမ် ထောင်ဒဏ် လေးကြိမ် ကျခံခဲ့ရသည်။

    ၁၉၉၈ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF စတင် ဖွဲ့စည်းရာမှ ပါတီ ဒုဥက္ကဋ္ဌ၊ ၂ဝ၁၁ နိုဝင်ဘာလမှ စ၍ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ် (UNLD) တွင်လည်း အမြဲတမ်း သဘာပတိအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

    ၂၀ဝ၉ ခုနှစ်တွင် နော်ဝေနိုင်ငံရောက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တိုင်းရင်းသားအဖွဲ့အချို့မှ ပူးပေါင်း ချီးမြှင့်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို တိုင်းရင်းသား ခေါင်း ဆောင် ၄ ဦးနှင့်အတူ ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks