spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘဒ္ဒန္တသ႘လဝန္တ ဆရာတော်၏ မွေးနေ့တွင် နွေရာသီ မွန်စာပေသင်တန်းအတွက် ပညာရေးရံပုံငွေပွဲ ပြုလုပ်

    ဘဒ္ဒန္တသ႘လဝန္တ ဆရာတော်၏ မွေးနေ့တွင် နွေရာသီ မွန်စာပေသင်တန်းအတွက် ပညာရေးရံပုံငွေပွဲ ပြုလုပ်

    -

    ခတ္တာနန်း – ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) နှင့် မွန်စာပေနှင့် ယဉ်ကျေးမှူ ကော်မတီတို့မှ ဦးစီပြီး လာမည့် ဧပြီလ ၂ ရက်နေ့တွင် ကျရောက်သည့် ဟံသာထော ကျောင်းတိုက်ဆရာတော်၏ ၅၇ နှစ်မြောက် မွေးနေ့မင်္ဂလာတွင် နွေရာသီ မွန်စာပေသင်တန်းအတွက် ပညာရေးထောက်ပံ့မှု ရံပုံငွေပွဲ တစ်ရပ်ကို ထည့်သွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆရာတော်ဘုရာ ဘဒ္ဒန္တသ႘လဝန္တ က ပြောသည်။

    ဆရာတော် ဘဒ္ဒန္တသီလဝန္တ၏ မွေးနေ့ဖိတ်စာ
    ဆရာတော် ဘဒ္ဒန္တသီလဝန္တ၏ မွေးနေ့ဖိတ်စာ
    မွေးနေ့မင်္ဂလာအခန်းအနားနှင့် ပိဋကတ်ကျောင်းတော် “ဇြပ်လွ႘မာန်” ရေစက်ချပွဲကို ပူတွဲပြုလုပ်ကျင်းပ သွားမည်ဟု ဖြစ်သည်။

    ဆရာတော်ဘုရာ ဘဒ္ဒန္တသ႘လဝန္တက “ သူတို့က ပရဟိတ လုပ်ငန်းအတွက် ရန်ပုံငွေရအောင် လုပ်မယ်ဆိုတော့ ဆရာတော်က ခွင့်ပြုပေးပါတယ်၊ ဒီရံပုံငွေပွဲကနေ ရလာတဲ့ ငွေတွေကို သူတို့က ပညာရေးအတွက် တစ်ဝက်ပေးမယ် တစ်ဝက်က သူတို့ ကော်မတီရဲ့ ထာဝရ ရံပုံငွေမှာ ထည့်သွားမယ်” ဟု မိန့်သည်။

    ဆရာတော်ဘုရား၏ မွေးနေ့မင်္ဂလာပွဲကို ၅ ရက် ပြုလုပ်ကျင်းပ သွားမည်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့တွင် ပညာရေးရံပုံငွေ ရရှိရေးအတွက် မေတ္တာရွှေစင်အငြိမ့်၊ ဂီဂပဒေသာကပွဲနှင့် “အာဲကဿာယေန်သှာင်မွန်” တို့နှင့် ဖျော်ဖြေသွားမည် ဖြစ်ပြီး ၃ ရက်နေ့တွင် မွန်ဂီတပညာရှင်များအား ဖိတ်ကြားထားပြီး “ဂီတပံင်ကောံ” အဖြစ် နှစ်ရက် ပြုလုပ်သွားရန် ခွင့်ပြုပေးခဲ့ကြောင်း ဆရာတော်ဘုရာက မိန့်သည်။

    “ကျမတို့ ဒီရံပုံငွေပွဲကနေ ရတဲ့ငွေတွေကိုတော့ ပညာရေးထောက်ပံ့မှုအစီအစဉ်မှာ ထည့်သွားမှာဖြစ်ပါတယ်” ဟု ရှင်စောပု အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး မမိုးမိုးက ပြောသည်။

    မေတ္တာရွှေစင်အငြိမ့်တွင် နာမည်ကြီး လူရွှင်တော်များအဖြစ် (မေတ္တာ၊ ချစ်စရာ၊ ငွေမိုး၊ လူမော်၊ ချစ်ချော၊ ပွမ်းပွမ်း) တို့အပြင် အငြိမ့်မင်းသမီးအဖြစ် မေပန်းချီ၊ ကျားလေးစိန်တို့ ပါဝင်ဖြစ်ကြောင်း အဆိုတော်များမှာ DJ – သော်သော်၊ ညိုမင်းခန့်၊ မင်းသိုက်၊ ဇုံဂျက်စီ၊ မိစန္ဒီ၊ မမိုးမိုးဦး တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

    ၂ ရက်နေ့ မေတ္တာရွှေစင်အငြိမ့်နှင့် ဂီတပဒေသသာကပွဲအတွက် လက်မှတ်များကို တစ်ဆောင်လျှင် ၅ ထောင်ကျပ်နှင့် ၃ ထောင်ကျပ်တို့ဖြစ် ရောင်ချပေးနေပြီးဖြစ်ကြောင်း ၃ ရက်နေ့ “ ဂီတပံင်ကောံ” ဖျော်ဖြေပွဲအတွက် လက်မှတ်တစ်ဆောင်လျှင် ၃ ထောင်ကျပ်နှင့် ၂၅၀ဝ ကျပ်တို့ဖြစ် ရောင်ချပေးလျှက်ရှိကြောင်း သိရသည်။

    “ ဂီတပဒေသာကပွဲအပြင် မွန်ရိုရာ ဝတ်စုံပြပွဲလည်း ထည့်သွားမယ်ဟု” မမိုးမိုးက ဆက်ပြောသည်။

    ဆရာတော်ဘုရား ဘဒ္ဒန္တသ႘လဝန္တက “ မွန်ပြည်သစ်ပါတီရော၊ တစ်ခြား မွန်ဒီမိုကရေစီပါတီရော၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရော၊ တစ်ခြားအဖွဲ့အစည်းတွေရော၊ ခေါင်ဆောင်တွေ အတော်များများကို ဖိတ်ထါးပါတယ်” ဟု ဆရာတော်က မိန့်သည်။

    ဆရာတော် ဘဒ္ဒန္တသ႘လဝန္တ သည် ဝါတော် ၃၆ ဝါရှိပြီး မွန်စာပေး၊ ယဉ်ကျေးမှု၊ သာသနာရေးတွင် ဦးဆောင်မှု ပြုလျှက်ရှိကြောင်း၊ ဆရာတော်ဘုရားသည် သံဖြူဇရပ်မြို့နယ် အံင်ခဲရွာ ဇာတိ ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks