spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်း၃၉ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားစွာ ကျင်းပ

    ၃၉ နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို စည်ကားစွာ ကျင်းပ

    -

    ခတ္တာနန်း – မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် (၃၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို မွန်ပြည်နယ်အစိုးရမှ ဦးဆောင်၍ မွန်ပြည်နယ်ခန်းမတွင် စည်ကားစွာ ကျင်းပခဲ့ကြောင်း သံင်လွင်တိုင်းမ် အယ်ဒီတာ ကိုမင်းမင်းက ပြောသည်။

    အခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်အမတ်များ၊ မွန်ပြည်နယ်ဥက္ကဌ၊ ဝန်ကြီး နိုင်လွ႘အောင်၊ လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဌာနဆိုင်ရာများ၊ လူမှူအဖွဲ့အစည်းများတက်ရောက်ကြကြောင်းနှင့် တက်ရောက်သူ လူဦးရေပေါင်း ၅၀ဝ ဝန်ကျင်ခန့်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

    ကိုမင်းမင်းက “ ပြခန်းတွေလည်း အတော်များပါတယ်၊ ပြခန်းတွေနဲ့ကို ပြည့်နှက်နေတာပဲ၊ ပြခန်းပေါင်း ၅၀ ဝန်ကျင်လောက်ကိုရှိတယ်၊ ဟိုတုန်ကလို အရမ်းစည်စည်ကားကား မဟုတ်ပေးမဲ့ အခုပြည်နယ်ခမ်းမမှာ လုပ်တာလည်း သိပ်မနည်းပါဘူး ” ၎င်းက ဆက်ပြောသည်။

    အခမ်းအနား အစီအစဉ်တွင် မွန်ပြည်နယ်ဝန်ကြီး ဦးအုန်မြင့်မှ အမှာစကာ ပြောကြားခြင်း၊ လင်းမောင်မောင် (ရုပဗေဒ ဌန) မှ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို ဖတ်ကြားခြင်း၊ မင်းအောင်မွန်မှ မွန်ပြည်နယ်အလှအပအကြောင်းကို တင်ပြခြင်း၊ ပြည်နယ်စွမ်းဆောင်ရှင်ဆု ပြည်နယ်ဂုဏ်ဆောင်ဆု တွေကိုပေးအပ်ခြင်း အစီအစဉ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များပါဝင်ကြောင်း သိရသည်။

    “ဆုပေးပွဲမှာတော့ ပြည်နယ်တွင်းမှာ ပြည်နယ်ရဲ့ဂုဏ်ရောင် ထွန်းပြောင်ဖို့အတွက် စွမ်းဆောင်ခဲ့တဲ့ ပုဂိုလ်တွေရော အဖွဲ့အစည်းတွေကိုရော ဆုပေးပါတယ်၊ ဆုပေါင်းမြောက်များစွားပေးတယ်၊ အဲဒီအထဲမှာမှ သံလွင်တိုင်းမ် ဂျာနယ်က ပညာရပ်ဆိုင်ရာ မွန်ပြည်နယ်ရဲ့ စွမ်းဆောင်ရှင်ဆုကို ရရှိခဲ့ သံလွင်တိုင်းမ်ဂျာနယ်က အကောင်းဆုံး စာနယ်ဇင်ဆုကို ရခဲ့ပါတယ်” ဟု ကိုမင်းမင်းက ဆက်ပြောသည်။

    မွန်ပြည်နယ်နေ့အခမ်းအနားကို ယခင်အပစ်ရပ်သဘောတူညီမှု ရရှိပြီး ၁၉၉၆ ခုတွင် စက်စဲကမ်းခြေတွင် ကျင်ပခဲ့ပြီးနောက် ယခု ၂၀၁၃ ခုနှစ်တွင် စည်ကားစွာပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်နယ်သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအရ ပေါ်ပေါ်က်လာခဲ့ပြီး မဆလခေတ်တွင် မတ်လ (၁၉) ရက်နေ့ရောက်တိုင်း မွန်ပြည်နယ်နေ့ အခမ်းအနားများကို စည်ကားစွာကျင်းပခဲ့သည်။

    ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံတွင် လက်ရှိမွန်ပြည်နယ်ကို တနင်္သာရီတိုင်း (၁) ဟု သတ်မှတ်ခေါ်တွင်ခဲ့ပြီး လက်ရှိ တနင်္သာရီတိုင်ဒေသကြီးကို တနင်္သာရီတိုင်း (၂) ဟု သတ်မှတ်ခေါ်တွင်ခဲ့ကြသည်။

    လက်ရှိမွန်ပြည်နယ်တွင် မော်လမြိုင်ခရိုင် (၆) မြို့နယ်၊ သထုံခရိုင် (၄) မြို့နယ် စုစုပေါင်းမြို့နယ် (၁၀) နယ်ပါဝင်လျှက်ရှိရာ မြို့တော်မှာ မော်လမြိုင်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks