spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့ လူမှုပရဟိတအသင်းအဖွဲ့မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    သံဖြူဇရပ်မြို့ လူမှုပရဟိတအသင်းအဖွဲ့မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

    -

    အေမီ – မွန်ပြည်နယ် သံဖြူဇရပ်မြို့ လူမှုပရဟိတအသင်းဖွဲ့၏ အလုပ်ရုံဆွေးနွေးပွဲကို ဇီဝိတဒါနဆေးရုံ၌ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

    ထိုအလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၆ ရက်မှ ၁၇ ရက်နေ့များတွင် နံနက် ၉ နာရီမှ ညနေ၄ နာရီ အထိ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    လူမှုပရဟိတအသင်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးခဲ့စဉ် (သံဖြူဇရပ်မြို့"ပုညသဟာယ လူငယ်အဖွဲ့") Facebook
    လူမှုပရဟိတအသင်းအဖွဲ့၏ အလုပ်ရုံဆွေးနွေးခဲ့စဉ် (သံဖြူဇရပ်မြို့”ပုညသဟာယ လူငယ်အဖွဲ့”) Facebook
    လူမှုပရဟိတအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေသူ ဗညာထောလေးက “ ဆွေးနွေးပွဲမှာ ကျနော်တို့ ဖိတ်ကြားထားတဲ့အဖွဲ့တွေအားလုံး တက်ရောက် ဆွေးနွေးခဲ့တယ်၊ အခု workshop ဆွေးနွေးပွဲကို ဦးငွေမိုး နဲ့ဒေါက်တာအောင်ဇော်မိုး (ကြံတိုင်းအောင်လူမှုရေးအဖွဲ့)က ဦးဆောင်ဆွေးနွေးခဲ့တယ်” ဟု ဟြေသည်။

    ဆွေးနွေးပွဲသို့ ဇီဝိတဒါနဆေးရုံဝန်ထမ်းများ World Vision၊ IOM ၊ Light House(IT group)၊ ဟိတကာရီကျန်းမာရေးဖောင်ဒေးရှင်း၊ ပုညသဟာယအဖွဲ့၊ ဟံသာဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ဥတ္တရအလင်းစာကြည့်တိုက်၊ ဂရုဏာရက္ခိတအဖွဲ့ (ဝဲကလိရွာ)၊ ဒါနပါရမီအဖွဲ့(နှစ်ကိုင်းရွာ)၊ မြတ်ပါရမီအဖွဲ့၊ လူငယ်တံခွန်(စက်စဲ) လူမှုပရဟိတအသင်းအဖွဲ့ ၁၂ ဖွဲ့မှကိုယ်စားလှယ်များအပါအဝင် စိတ်ပါဝင်စားသူ ၃၄ ဦးခန့် တက်ရောက်ခဲ့သည်ဟု သူကဟြေသည်။

    ဆွေးနွေးပွဲအတွက် နံနက်စာကို သံဖြူဇရပ်မြို့မှ အလှူရှင် ကိုရဲမာန်ငယ် (ကိုမစ်လဘက်ရည်ဆိုင်)မှ ဧည့်ခံကျွေမွေးခဲ့သည်။

    ထို့အပြင် နေ့လည်စာအတွက် (ငွေမိုးဆေးဆိုင် ၊ ပွင့်သစ်ထွန်း ပရိဘောဂဆိုင် ၊ ဦးအောင်ဝင်း (ပါရှုပ်) ၊ ဦးအောင်သူဟိန်း ၊ ဦးရဲမွန် ၊ ဗိုလ်ကြီး (ငြိမ်း) တစ်ဦးမှ စုပေါင်းကျွေးမွေးခဲ့ပြီး ဟိတကာရီဖောင်ဒေးရှင်း (ဇီဝိတဒါန) မှ ညနေပိုင်းတွင် အချိုရည်နှင့်မုန့်ဖြင့် သင်တန်းပြီးဆုံးချိန်အထိ ကျွေးမွေးခဲ့သည်ဟု မင်းဗညားထောလေးက ဟြေသည်။

    ဆွေးနွေးပွဲတက်ရောက်သူ လူငယ်များမှ လူမှုပရဟိတလုပ်ငန်းများကိုပူးပေါင်း လက်တွဲဆောင်ရွက်နိုင်ရန် သဘောတူဆန္ဒပြုခဲ့ကြပြီး ဆက်သွယ်ရန်လိပ်စာများကိုအပြန်အလှန်ဖလှယ်ခဲ့ကြပြီး နောက်ထပ် အလုပ်ရုံဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန်ရှိလာပါက ဖိတ်ခေါ်အကြောင်းကြားမည်ဟု ဟိတကာရီ ကျန်းမာရေးဖောင်ဒေးရှင်းအဖွဲ့မှ ကိုယ်စားပြုပြောကြားခဲ့သည်။

    ယခုလို ဆွေးနွေးပွဲပြုလုပ်ခြင်းသည် အသင်းအဖွဲ့တစ်ခုက ဦးဆောင်ပြုလုပ်ခြင်းမဟုတ်ဘဲ ပြင်ပ အလွတ်သဘောခင်မင်ရာကနေ network ချိတ်မိအောင် အသင်းဖွဲ့စည်းပုံ စီမံခန့်ခွဲမှုကို ဆွေးနွးပွဲပြုလုပ်ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks