spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမြန်မာနှင့်ထိုင်းဒေသန္တရအာဏာပိုင်များ ဘုရားသုံးဆူမြို့တွင်အလွတ်သဘောတွေ့ဆုံကြ

    မြန်မာနှင့်ထိုင်းဒေသန္တရအာဏာပိုင်များ ဘုရားသုံးဆူမြို့တွင်အလွတ်သဘောတွေ့ဆုံကြ

    -

    မင်းသုတ – မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့၏ အစိုးရအဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်မှူး ဦးဆောင်သော ဌာနဆိုင်ရာအကြီးအကဲတို့၏ ဒေသန္တရအဆင့် အလွတ်သဘောဆွေးနွေးပွဲတရပ်အား ယမန်နေ့တွင် ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

    ကရင်ပြည်နယ်ဝန်ကြီးချုပ် GSM ဆက်သွယ်ရေးဖွင့်လှစ်ခြင်းအခမ်းအနားတက်ရောက်လာစဉ်(IMNA)
    ကရင်ပြည်နယ်ဝန်ကြီးချုပ် GSM ဆက်သွယ်ရေးဖွင့်လှစ်ခြင်းအခမ်းအနားတက်ရောက်လာစဉ်(IMNA)
    ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော မီးရထားဝန်ကြီး ဦးဇေယျာအောင်၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ မွန်၊ ကရင် ပြည်နယ်အဆင့်ဝန်ကြီးအချို့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    ကန်ချနပူရီခရိုင်မှူး နိုင်ချိုင်ဝပ် ဦးဆောင်သောအဖွဲ့တွင် လက်ထောက်ခရိုင်မှူး၊ စံခလပူရီမြို့ပိုင်၊ ခရိုင်အဆင့် ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ခရီးသွားလာရေး၊ လမ်းတံတား၊ မီးရထားဌာနများမှ အင်အား ၂၀ ဦးခန့်တက်ရောက်ခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။

    “ မြန်မာအာဏာပိုင်တွေဖက်က နယ်စပ်ဖွင့်လှစ်ရေးနဲ့ မော်တော်ကား၊ ရထားလမ်းဖောက်လုပ်ရေးဆွေးနွေးခဲ့ကြတယ်၊ ထိုင်းဖက်က ဘုရားသုံးဆူချက်ပွိုင့်ကို ဖွင့်ပေးဖို့တောင်းဆိုပြီး လမ်းဖေါက်တဲ့ကိစ္စ ထိုင်းကုမ္ပဏီတွေကို ဖိတ်ခေါ်ပေးမယ်လို့ ဆိုပါတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

    ယခုကျင်းပပြုလုပ်ခဲ့သော အလွတ်သဘောဆွေးနွေးမှုသည် ယမန်နေ့၊ ညနေ ၄ နာခွဲမှစတင်ခဲ့ပြီး တစ်နာရီခန့် အချိန်ကြာမြင့်ခဲ့သည်ဟု သိရသည်။

    ယင်းဆွေးနွေးပွဲမစတင်မီ ညနေ ၄ နာရီခန့်တွင် ဘုရားသုံးဆူမြို့၊ GSM မိုလ်ဘိုင်းဆက်သွယ်ရေးစခန်းဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပရာ၌ ကရင်ဝန်ကြီးချုပ် ဦးဇော်မင်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပြီး ဒေသခံများဖြစ်ကြသည့် ဌာနဆိုင်ရာဝန်ထမ်း၊ နိုင်ငံရေးပါတီ၊ ငြိမ်းချမ်းရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ အင်အား ၂၅၀ ခန့်တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    “ကျနော်တို့ ဘုရားသုံးဆူမြို့မှာ မြန်မာမိုလ်ဘိုင်းဖုန်းတွေ ဆက်သွယ်လို့ရနေပါပြီ၊ လောလောဆယ်အဆင်ပြေပါတယ်၊ ဒါပေမယ့် နောက်လဖုန်းတွေများလာရင် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်” ဟု အမည်မဖေါ်လိုသူ မြို့ခံတစ်ဦးက ပြောသည်။

    အမည်ဖေါ်ပြခွင့်မရှိသော ဘုရားသုံးဆူမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ထိုင်းတွေက ထားဝယ်ဒေသကိုပဲ အာရုံစိုက်နေကြတယ်၊ ကျနော်တို့ ဘုရားသုံးဆူလမ်းကိစ္စကို သိပ်အာရုံစိုက်ကြပုံ မပေါ်ဘူး” ဟု သုံးသပ်သည်။

    မွန်၊ ကရင် ဝန်ကြီးချုပ်နှစ်ဦးနှင့်အတူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့၏ ခရီးစဉ်သည် ဒေသဖွံ့ဖြိုးရေးအတွက် ကနဦးခရီးစဉ်ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks