spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမိုးသက်လေပြင်းကျပြီး လူနေအိမ်၊စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

    မိုးသက်လေပြင်းကျပြီး လူနေအိမ်၊စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီး

    -

    မင်းတော်လဝီ – ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စုအတွင်းရှိ လူနေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းအပါအဝင် ဇန်နဝါရီ၃၁ ရက်နေ့က မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

    မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သော်လည်း ကျေးရွာရှိလူများတစုံတရာထိခိုက်မှုမရှိဟု ဒေသခံများထံမှ သိရသည်။

    “လေပြင်းဒဏ်ခံရတဲ့ နောင်ကျန်ရွာ၊ ဂူဝရွာနဲ့ကော့မုသီရွာမှာ အိမ်ခြေ ၄၀ပျက်စီးပြီးတော့ လူကြီး ၁၂၄ ဦး၊ ကလေး ၈၉ ယောက် အိုးအိမ်မဲ့ဖြစ်သွားရတယ်”ဟု ဘားအံမြို့လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေးဌာန၏ စာရင်းအရသိရသည်။

    “မိုးသက်လေပြင်းတိုက်တာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ပိုင်း ၈ နာရီလောက်က ပထမလေပြင်းတိုက်ပြီး မိုးဆက်ရွာတာနာရီဝက်လောက်ကြာတယ်၊ နောင်ကျန်ကျေးရွာ၊ ဂူဝကျေးရွာနဲ့ ကော့မုလေးရွာမှာ အိမ်အလုံးလေးဆယ် လောက်ပြိုကျပျက်စီးသွားတယ်” ဟု မြိုင်ကလေးဘိလပ်မြေ စက်ရုံတွင်အလုပ်လုပ်နေသူ နောင်ကျန် ကျေးရွာသားတဦးကပြောသည်။

    ထို့အပြင်နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မုသီးကျေးရွာအစိုးရမူလတန်းကျောင်းနှင့် အနောက် ဘုန်းတော်ကြီးကျောင်းအမိုးများပျက်စီးခဲ့သည်။

    ယင်းထိခိုက်ပျက်စီးမှုများအား ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဦးစီးဌာနနှင့် သမဝါယမအသင်းမှ ကူညီထောက်ပံ့ပေး ခဲ့သည်ဟု ဘာအံမြို့ နယ်၊ သမဝါယမဌာန ဝန်ထမ်းတဦးက ပြောသည်။

    “တစ်အိမ်ထောင်စုကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ အိမ်ထောင်စု ၂၄အိမ်ထောင်ထုတ်ချေးပေးပြီးပြီ၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထာရေးဌာနကလည်း ဆန်၊အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးတယ်”ဟု ၄င်းဝန်ထမ်းက ပြောသည်။

    မိုးသက်လေပြင်းတိုက်ခိုက်မှုဒဏ်ခံရသည့် နောင်ကျန်ကျေးရွာအုပ်စုတွင် ဂူဝကျေးရွာနှင့် ကော့မိုးသီးကျေးရွာများသည် သံလွင်မြစ်၏အနောက်ဘက်ကမ်း မြိုင်ကလေးဘိလပ်မြေစက်ရုံ အနီးဝန်ကျင်တွင်ရှိသည်။

    ဖေဖေါ်ဝရီလ(၃)ရက်နေ့တွင်လည်း ရှမ်းပြည်နယ်အရှေ့၊ ကျိုင်းတုံမြို့နှင့်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီးမိုးသီးများကြွေကျခဲ့ကြောင်း ပြည်တွင်းထုတ်သတင်းဂျာနယ်များတွင် ရေးသား ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks