spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်အခြေစိုက် သံလွင်လှိုင်းမဂ္ဂဇင်းထုတ်ဝေရန်စီစဉ်နေ

    မော်လမြိုင်အခြေစိုက် သံလွင်လှိုင်းမဂ္ဂဇင်းထုတ်ဝေရန်စီစဉ်နေ

    -

    မင်းသုတ– မွန်ပြည်နယ်၊ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်းသတင်းဂျာနယ်ဝိုင်းတော်သားများအနေဖြင့် လစဉ်ထုတ် သံလွင်လှိုင်းမဂ္ဂဇင်း တစ်စောင်ကိုလည်းထုတ်ဝေရန် စီစဉ်နေကြောင်း အယ်ဒီတာအဖွဲ့ဝင် မင်းမင်းနွယ်က ပြောသည်။

    သံလွင်တိုင်းမ်ဂျာနယ်(TLT)
    သံလွင်တိုင်းမ်ဂျာနယ်(TLT)
    မင်းမင်းနွယ်က “ ကျနော်တို့ အဲမွန်မီဒီယာဂရုကနေ မဂ္ဂဇင်းထုတ်ဝေနိုင်ဖို့ လိုအပ်တဲ့အချက်အလက်တွေကို စာပေမှတ်ပုံတင်ရုံးကပုဂ္ဂိုလ်တွေနဲ့ လာရောက်တိုင်ပင်နေပါတယ်၊ တိုင်းရင်းသားဘာသာနဲ့လည်းမဂ္ဂဇင်း ထုတ်ဝေခွင့်ရတဲ့အတွက် မွန်မြန်မာနှစ်ဘာသာထုတ်ဝေသွားမှာဖြစ်တယ်” ဟု ပြောသည်။

    သံလွင်လှိုင်းမဂ္ဂဇင်းတိုက်သို့ မွန်(သို့) မြန်မာ မိမိနှစ်သက်ရာဘာသာဖြင့် ရေးသားထားသော ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ သုံးသပ်ချက်၊ မူဝါဒရေးရာ၊ နိုင်ငံတကာရေးရာ၊ ဘာသာပြန်၊ ဝတ္ထုတိုများကို ယခုလ(ဖေဖော်ဝါရီလ) ၁၅ နောက်ဆုံးထားပြီး သံလွင်တိုင်းမ်ဂျာနယ်တိုက် အမှတ်(၄)စိုက်ပျိုးရေးဆိုင်ခန်း၊ မုဒုံကားဂိတ်ရှေ့၊ ဈေးကြိုရပ်၊ မော်လမြိုင်မြို့ သို့လည်းကောင်း၊ အီးမေလ်လိပ်စာ – thanlwintime@gmail.com သို့လည်းကောင်း၊ ကြော်ငြာများထည့်သွင်းလိုပါက မင်းမင်းနွယ်၊ ဝ၉၄၉၂၂၆၀၅၀၊ ကိုဇော်၊ ဝ၉၇၃၇၉၀၄၁၇ သို့ ဆက်သွယ်နိုင်ပါကြောင်း သံလွင်တိုင်း Facebook စာမျက်နှာတွင် ရေးသားထားသည်။

    ထို့အတူ တစ်လနှစ်ကြိမ်ထုတ်ဝေလျှက်ရှိသော သံလွင်တိုင်းဂျာနယ်သည်လည်း မွန်ဘာသာ အချပ်ပို(၄) မျက်နှာတိုး၍ ထုတ်ဝေသွားမည်ဟုလည်း သိရသည်။

    မင်းမင်းနွယ်က “ကျနော်တို့စာဖတ်ပရိသတ်က မွန်၊ ကရင်၊ တနင်္သာရီကိုအဓိကထားတော့ သက်ဆိုင်တဲ့တိုင်းရင်းသားဘာသာတွေကိုလည်း အချပ်ပိုထည့်သွားဖို့ စဉ်းစားနေတယ်၊ ဥပမာကရင်စာပေ၊ ပအိုဝ်း စာပေတွေနဲ့ အချပ်ပိုထုတ်သွားဖို့ပေါ့” ဟု ပြောသည်။

    ပြန်ကြားရေးဝန်ကြီး၏ထုတ်ပြန်ချက်အရ လာမည့်ဧပြီလ(၁) ရက်နေ့မှစ၍ နေ့စဉ်သတင်းစာများကို ပုဂ္ဂလိကများအား ထုတ်ဝေခွင့်ပြုသွားမည်ဖြစ်ရာ တိုင်းရင်းသားစာပေများကိုလည်း ထုတ်ဝေခွင့်ပြုသွားမည်ဟု သိရသည်။

    မြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှစတင်ကျင့်သုံးလာသော စာပေစိစစ်ရေးစနစ်ကို ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၂ဝ ရက်နေ့တွင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

    သံလွင်တိုင်းမ်ဂျာနယ်ကို ၂၀၁၂ ခုနှစ်၊ မေလမှစတင်၍ တစ်လတစ်ကြိမ်ထုတ်ဝေခဲ့ပြီး နောက်ပိုင်းတွင် တစ်လနှစ်ကြိမ်ထုတ်ဝေလျှက်ရှိသည်။

    ထို့အပြင် သံလွင်တိုင်းမ်ဂျာနယ်ကိုတစ်ပတ်တစ်ကြိမ်ထုတ်ဝေရန် ကြိုးစားလျှက်ရှိပြီး ယခုအခါစောင်ရေ ၄၀ဝ၀ နီးပါးဖြန့်ဝေလျှက်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks