spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဘိန်းစာပင်များကို ကိုင်းဆက်မျိုးပွားနည်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချနေ

    ဘိန်းစာပင်များကို ကိုင်းဆက်မျိုးပွားနည်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချနေ

    -

    မင်းလုံး – ထိုင်းဘာသာအားဖြင့် “ကရထောင်” ခေါ် ဘိန်းစာပင်များကို ယခုအခါ မွန်ပြည်နယ်တောင် ပိုင်းဒေသများတွင် ကိုင်းဆက်ပွားနည်းဖြင့် စိုက်ပျိုးနေကြပြီး စီးပွားဖြစ်လုပ်ကိုင်နေကြသည်။

    ကိုင်းဆက်မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသော ဘိန်းစာပင်(NMSP)
    ကိုင်းဆက်မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသော ဘိန်းစာပင်(NMSP)
    မွန်ပြည်သစ်ပါတီမူးယစ်ဆေးဝါးတာဆီးနှိမ်နှင်းရေးအဖွဲ့က ဘိန်းစာပင်များကိုစိုက်ပျိုးပြီး အရွက်များ ရောင်းချနေသူ(၂)ဦးကို လက်ရဖမ်းဆီးထားကြောင်း မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဗိန်ခိုင် ကပြောသည်။

    သူက “အခုတလောမှာ ပြီးခဲ့တဲ့အပတ်က ကျနော်တို့မွန်ပြည်နယ်တောင်ပိုင်းက အဲဒီကိုင်းဆက်နည်းနဲ့ စိုက်ပျိုးရောင်းချနေသူ နှစ်ယောက်ကို ဖမ်းဆီးမိထားတယ်၊ အပင်တွေကို ဖျက်ဆီးပစ်လိုက် တာပေါ့” ဟု ပြောသည်။

    လွန်ခဲ့သည့် ဇန်နဝါရီလ (၃၁)နေ့တွင် သံဖြူဇရပ်မြို့နယ်၊ ထင်ရူးရွာသား နိုင်ချမ်းဆိုသူကို ဘိန်းစာ (၁၁) ပင်နှင့်အတူဖမ်းဆီးရမိထားပြီး ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ရေးမြို့နယ်တောင်ပိုင်း ကလော့ကျေးရွာတွင်လည်း နိုင်ဟောင်းမွန်ခြံမြေ၌ ကိုင်းဆက်မျိုးပွားနည်းဖြင့် စိုက်ပျိုးထားသောဘိန်းစာပင်များကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ကိုင်းဆက်မျိုးပွားထားသောအပင်တစ်ပင်ကို ငွေကျပ်တစ်သောင်နှုန်းဖြင့် ဒေသတွင်းအရောင်းအဝယ်ပြုလုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။

    ဘိန်းစာရွက်တစ်ရွက်လျှင် ငွေကျပ်တစ်ရာမှ နှစ်ရာကျပ်အထိ ဝယ်ယူနေရကြောင်း သုံးစွဲသူလူငယ်များထံမှ သိရသည်။

    ကိုင်းဆက်မျိုးပွားနည်းသည် အပင်မြန်မြန်ဖြစ်ထွန်းအောင်မြင်၍ အရွက်မြန်မြန်ခူးဆွတ်နိုင်သည်ဟု သံဖြူဇ ရပ်မြို့နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မန်နေဂျာဟောင်း တစ်ဉီ်းက ပြောသည်။

    သူက “ကိုင်းပွားနည်းနဲ့ ပြန့်ပွားတာဟာ အပင်ရဲ့အရည်းအသွေး အစစ်အမှန်ကိုရတယ်၊ အပင်ကိုပြုစုရ တာလဲ လွယ်တယ်၊ အပင်မြန်မြန်ကြီးထွားတဲ့အတွက် အရွက်ကိုမြန်မြန်ခူးနိုင်တယ်” ဟု ပြောသည်။

    ယခုအခါ မွန်ပြည်နယ်တောင်ပိုင်းဒေသတစ်ဝှမ်းလုံးတွင် ဘိန်းစာပင်များကို ယင်းကိုင်းဆက်ပွားနည်း ဖြင့် စိုက်ပျိုးရောင်းချသူ များပြားလာပြီး ဘိန်းစာရွက်များကို သုံးစွဲနေသူများသူလူငယ်များအနက် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများ တွင်ကျယ်စွာ အသုံးပြုလာကြသည်ကို တွေ့ရသည်။

    မူးယစ်ဆေးဝါးသည် လူမျိုးဂုဏ်ကျက်သရေကိုလည်းကောင်း၊ အမျိုးသားတိုးတက်ကြီးပွားရေးကိုလည်းကောင်း ညှိးနွမ်းပျက်စီးစေယုံမျှမက လူမျိုးပြုန်းတီးမှုနှင့် ဆင်းရဲမွဲတေမူသို့ အရောက်တွန်းပို့နေသောကြောင့် မွန်ပြည်သစ်ပါတီဗဟိုအုပ်ချူပ်ရေးဌာနမှဦးစီး၍ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး ပညာပေးခြင်းနှင့် ပြစ်ဒဏ်ပေးအရေးယူဆောင်ရွက်မည့် ကိစ္စရပ်များအား ၂၀၁၂ခု စက်တင်ဘာလ တတိယပတ်တွင် စတင်အကောင်ထည်ဖေါ်နေသည်ကို တွေ့ရှိခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks