spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကချင်စစ်ပွဲနှင့်ပတ်သက်ပြီး အစိုးရဘက်ကပို၍တာဝန်ရှိဟု ဒေါက်တာမင်းစိုးလင်းပြော

    ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး အစိုးရဘက်ကပို၍တာဝန်ရှိဟု ဒေါက်တာမင်းစိုးလင်းပြော

    -

    မင်းလုံး၊ အေမီ – ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မြန်မာအစိုးရနှင့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO နှစ်ဘက်လုံးတွင် တာဝန်ရှိသော်လည်း နိုင်ငံတော်အစိုးရဘက်က ပို၍ တာဝန်ရှိသည်ဟု မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း
    မွန်ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း
    ၎င်းက “ကချင်စစ်ပွဲပြဿနာဟာ နေချင်းညချင်းနာရီပိုင်းတွေမှာ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတယ်၊ ဒီလ ၁၈ ရက်နေ့ကနေစပြီး နိုင်ငံတော်သမ္မတရုံးက တစ်ဖက်သက်အပစ်အခတ်ရပ်စဲတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ ဖြစ်မလာဘူး၊ တိုက်ပဲဆက်တိုက်နေတယ် ပိုတောင်ဆိုးလာသေးတယ်၊ တောင်ကုန်းတွေကိုတစ်ခုပြီးတစ်ခု သိမ်းယူနေတယ်၊ နိုင်ငံကိုအုပ်ချူပ်တဲ့ အစိုးရဟာ အင်အားကြီးမား သကဲ့သို့ သဘောထားလည်းကြီးရမယ်” ဟု ပြောသည်။

    ထို့အပြင် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်ကျင်းပခဲ့သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဂန့်ဂေါမြို့နယ်ကိုယ်စားလှယ် ဦးလှဆွေက ရွှေလက်နှင့်ခေါ်လို့မလာလျှင် ကျည်ဆံပဲပေးရန်ရှိသည် ဆိုသော အသုံးအနှုန်းသည် တိုင်းရင်းသားအချင်းချင်း ယုံကြည်မူတည်ဆောက်နေသောကာလ၌ ထိရှလွယ်သောအပြောအဆိုများ ဆင်ခြင်သင့်သည်ဟုလည်း သူကပြောသည်။

    ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရန် နှစ်ဦးနှစ်ဘက် ယုံကြည်မှု ၊ခိုင်မာသောအခြေခံမူများ ချမှတ်ပေးရေးအဆိုအား ကိုယ်စားလှယ် ၁၆ ဦးတို့ ဆွေးနွေးတင်ပြခဲ့စဉ် ဦးလှဆွေက ယင်းကဲ့သို့ဆွေးနွေးတင်ပြခဲ့ခြင်း ဖြစ်သည်။

    ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA)အား ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်ရေးအရဖိအားပေးမှု အခြေအနေအောက်တွင် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) အနေနှင့်သာ အစိုးရနှင့် ငြိမ်းချမ်းရေးအတွက်ဆွေးနွေးလိုကြောင်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)က ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်အပြီး လွှတ်တော်တွင် ယင်းကဲ့သို့ဆွေးနွေးတင်ပြမှုများ ရှိလာခဲ့သည်။

    အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့မှ ဇန်နဝါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ရာတွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နံနက် ၆:ဝ၀ နာရီမှ စတင်ပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းမည်ဆိုသော်လည်း မြန်မာ့တပ်မတော်မှ ဆက်လက်ထိုးစစ်ဆင်၍ စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နေသည်ကို ကမ္ဘာ့သတင်းများတွင် ဖေါ်ပြနေဆဲဖြစ်သည်။

    အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏

    ယနေ့ သတင်းထုတ်ပြန်ချက်တွင် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း KIA တို့ ဘက်မှ တပ်မတော်စစ်ကြောင်း အခြေပြုရာနေရာများသို့ လာရောက်နှောင့်ယှက် ပစ်ခတ်မှုများ ရှိနေသည့်အတွက် လိုအပ်သလို ခုခံပစ်ခတ် ခဲ့ရခြင်းသာ ဖြစ်သည်ဟု ဖေါ်ပြပါရှိသည်။

    ထို့နောက် ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်း ပြည်ပမှ အဖွဲ့အစည်း အချို့ ၊ သံရုံး အချို့ နှင့် စာနယ်ဇင်း အချို့ တို့မှ မမှန်မကန် သတင်း များ နှင့် အစိုးရ နှင့် တပ်မတော် အပေါ် ပြည်သူ လူထု အထင် အမြင် လွှဲမှား စေမည့် သတင်းနှင့် ကြေညာ ချက် များ ထုတ်ပြန်ခဲ့သည်ဟုလည်း စွပ်စွဲရေးသားထားသည်။

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ၁၉၉၄ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရသစ်ဖွဲ့ပြီး ဇွန်လ (၉) ရက်နေ့တွင် အပစ်အခတ်ရပ်စဲမှုပျက်ပြားခဲ့ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks