spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဝေါမြို့လယ်တံတား ယာဉ်ကြောပိတ်ဆို့မှု ယာဉ်များဖြတ်သန်းနိုင်ပြီ

    ဝေါမြို့လယ်တံတား ယာဉ်ကြောပိတ်ဆို့မှု ယာဉ်များဖြတ်သန်းနိုင်ပြီ

    -

    မင်းတော်လဝီ – ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့လယ်တံတားပေါ်တွင် ယန္တရားတင်ယာဉ်တစ်စီးကြောင့် ယာဉ်ကြောပိတ်ဆို့မှု နှစ်ရက်တိုင် ဖြစ်ပေါ်ခဲ့ပြီး ယနေ့နံနက်စော ၂ နာရီအချိန်ခန့်တွင် ယာဉ်များဖြတ် သန်းသွားလာနိုင်ပြီဟု ဒေသခံများက ပြောသည်။

    ယာဉ်ကြောပိတ်ဆို့ခဲ့စဉ် စောင့်ဆိုင်းနေသည့် ခရီးသည်များမြင်းကွင်း
    ယာဉ်ကြောပိတ်ဆို့ခဲ့စဉ် စောင့်ဆိုင်းနေသည့် ခရီးသည်များမြင်းကွင်း

    ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် နံနက် ၃ နာရီခန့်တွင် မြေတူးစက်ယန္တရားတင်ယာဉ်တစ်စီ်း တံတားပေါင်ကွန်ကရိတန်းအား ချိတ်မိသောကြောင့် သွားလာမရဖြစ်ကာ ၂ ရက်တိုင်တိုင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

    ဝေါမြို့ခံတဦး မျက်မြင်သက်သေတစ်ဦးက “ ယန္တရားတင်မော်တော်ကားတစ်စီးက မြေတူးစက်ကြီးကိုတင်လာတယ်၊ တံတားဘောင်အပေါ်ပိုင်းနဲ့ မလွတ်ဘဲတိုက်မိတော့ ကွန်ဂရစ်တုံးက ကားပေါ်ပိကျနေတယ်၊ ကားလည်းလှုပ်ရှားမရဘူး၊ အဲဒါတွေကြည့်ရှင်းနေတာနဲ့ ဒီမနက်စောစောကျမှ မော်တော်ယာဉ်ကြီးတွေဖြတ်သန်းလို့ရပြီ” ဟု ပြောသည်။

    အဆိုပါယာဉ်ကြောနှစ်ရက် ပိတ်ဆို့ခဲ့မှုကြောင့် တံတားထိပ်နှစ်ဘက်ရှိ အဝေးပြေးလမ်းမကြီး တလျှောက် ဖြတ်သန်းသွားလာရေးစောင့်ဆိုင်းနေရသည့် မော်တော်ကားများ အစီးရေ ထောင်ဂဏန်းကျော်၊ ၂ မိုင်အရှည်ခန့်ယာဉ်တန်းများ ဖြစ်ပေါ်ခဲ့သည်။

    အဆိုပါယာဉ်ကြောပိတ်ဆို့မှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ခရီးသည်များနှင့်အတူ ကုန်ပစ္စည်းတင်ပို့မှု အခက်အခဲ ဖြစ်ပေါ်ခဲ့သည်။

    ဝေါတံတားသည် ကွန်ဂရစ်ပေါင်အမျိုးအစား၊ ကတ္တရာခင်းလမ်းသွားအကျယ်၂၄ပေ၊ အမြင့် ၁၇ ပေရှိ တံတားဖြစ်ပြီး စစ်တောင်းပဲခူးတူးမြောင်းကို ဖြတ်သန်းဆောက်လုပ်ထားခြင်း ဖြစ်သည်။
    တံတားဘောင်များ ပျက်စီးမှုအား ပြင်ဆင်ရန် အင်္ဂါနေ့မှစ၍ ဝေါမြို့နယ် ဆောက်လုပ်ရေးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။
    မုတ္တမ-ရန်ကုန်လမ်းပိုင်းကို ရွှေသံလွင်ကုမ္ပဏီက ဘီအိုတီစနစ်ဖြင့် လမ်းပြုပြင်ထိန်းသိမ်းပြီး လမ်းအသုံးပြုခများ ကောက်ခံနေသည်။
    ၄င်းအပြင် တံတားကြီးများနှင့်မြစ်ဖြတ်တံတားကြီးများကို သက်ဆိုင်ရာ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ပြုပြင်ထိန်းသိမ်းမှုများကို တာဝန်ယူဆောင် ရွက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks