spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်ဈေးကြီးမီးလောင်းမှုတွင် ဈေးခေါင်းဖြစ်သူကို ဖမ်းဆီး

    သံဖြူဇရပ်ဈေးကြီးမီးလောင်းမှုတွင် ဈေးခေါင်းဖြစ်သူကို ဖမ်းဆီး

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မဈေးကြီး မီလောင်မှုတွင် လုံခြုံရေးတာဝန်ရှိသူဈေးခေါင်း ဦးစိုးသိန်းအား လွန်ခဲ့သောစနေနေ့တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သံဖြူဇရပ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    သံဖြူဇရပ်ရဲစခန်း အရာရှိတစ်ဦးက “အဲဒီဈေးလုံခြုံရေးတွေကို စစ်ဆေးမေးမြန်းချက်အရ ဈေးကြီးရဲ့လုံခြုံရေးမီးက စဖြစ်တယ်လို့ပြောကြတယ်၊ ဒါကြောင့် ဒီဈေးလုံခြုံရေးမှာ တာဝန်အရှိဆုံးဖြစ်တဲ့ ဈေးခေါင်းကို ဖမ်းဆီးရတာဖြစ်တယ်” ဟု ပြောသည်။

    သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးနောက် မြင်ကွင်း(IMNA)
    သံဖြူဇရပ်မြို့မဈေး မီးလောင်ပြီးနောက် မြင်ကွင်း(IMNA)
    သံဖြူဇရပ်မြို့၊တရားသူကြီးထံမှ ရဲစခန်းကရမန်နှစ်ပတ်ယူ၍ ဈေးခေါင်းဦးစိုးသိန်းအား ဖမ်းဆီးထိန်းသိမ်းထားပြီး အချို့ညစောင့်များမှာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု မြို့ခံများက ပြောကြသည်။

    သံဖြူဇရပ်မြို့မဈေးကြီးသည် ဇန်နဝါရီလ ၁၈ ရက်နေ့ညသန်းခေါင်ယံမှ ၁၉ ရက်နေ့နံနက်ကူးချိန်တွင် မီးလောင်မှုဖြစ်ပေါ်ခဲ့ရာ ပြာပုံအတိသာကျန်ရှိခဲ့ပြီး ဒေသခံ မွန်တိုင်းရင်းသားတို့၏ ရင်းနှီးငွေကျပ်သိန်းပေါင်း သန်းနှင့်ချီ၍ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။

    ယင်းမီးလောင်ခဲ့သော မိမိဆိုင်ခန်းများနေရာတွင် ကျန်ရှိသောအကြွင်းအကျန် ပစ္စည်းများရှာဖွေနိုင်ရေးအတွက် သက်ဆိုင်ရာက ယနေ့တွင်ဈေးဝင်းထဲသို့ ဝင်ရောက်ရှာဖွေခွင့်ပြုခဲ့သည်။

    ဆိုင်ခန်းပိုင်ရှင်တစ်ဦးက “ကျနော်ဆိုင်ခန်းမြေသားကို ရောင်းလိုက်တာ ငွေကျပ် ၃ သောင်းရတယ်၊ ဂျပန်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကတော့ မြေသားတွေရောင်းလိုက်တာ ၁၅ သိန်းရတယ်လို့ ပြောတယ်၊ သူတို့မှာ သံထည်ကြေးထည်ပစ္စည်းများတယ်” ဟု ပြောသည်။

    ယင်းသို့ ပစ္စည်းအကျွင်းအကျန်များကို ကောက်ယူခွင့်ပြုခဲ့ရာ ဈေးဝင်းအတွင်းတွင် ကာဗိုက်တုံးများ ဈေးတစ်ဝင်းလုုံး စီတန်းချထားခဲ့သည့်အထောက်အထားများနှင့် မသင်္ကာဖွယ်ရာမီးလောင်စေနိုင်သည့် ပစ္စည်းများတွေ့ရှိခဲ့ရသည်ဟု ဆိုင်ခန်းရှင်များပြောကြားချက်အရ သိရသည်။

    ပြီးခဲ့သည့်စနေနေ့လည်ပိုင်းတွင် မြို့မဈေးကြီးမီးလောင်ပြင်သို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် လာရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ယာယီဈေးသစ်တစ်ခုအမြန်တည်ဆောက်နိုင်ရန် ဈေးကော်မတီတစ်ရပ်ဖွဲ့စည်းပေခဲ့သည်။

    ၁၉၈၄ ဝန်းကျင်ကတည်ဆောက်ခဲ့သည့် သံဖြူဇရပ်မြို့မဈေးကြီးသည် လျှပ်စစ်ပစ္စည်း ၂၇ ဆိုင်၊ ရွှေဆိုင် ၉၅ ဆိုင်၊ ကုန်စုံဆိုင် ၄၁ ဆိုင်၊ အထည်လိပ် ၂၁၅ ဆိုင်နှင့် အခြားပစ္စည်းအမျိုးစုံရောင်းချသော ဆိုင်ခန်းပေါင်း ၆၀ဝ နီးပါခန့် ဆုံးရှုံးသွားခဲ့ည်။

    ယင်းမီးလောင်မှုကို ဝါယာရှော့ကြောင့်ဟု အာဏာပိုင်များ ယူဆပြောဆိုနေကြသော်လည်း သံဖြူဇရပ်မြို့နယ်လျှပ်စစ်ရုံးက လက်မခံငြင်းပယ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks